ကမ္ဘာကျော်ဘီယာအမှတ်တံဆိပ်ဖြစ်သည့် “TUBORG” နှင့် မြန်မာနိုင်ငံ၏ထိပ်တန်းဂီတကြယ်ပွင့်တစ်ဦးဖြစ်သော “ရဲရင့်အောင်” တို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေ ဖြင့် တက်သစ်စအနုပညာရှင်နှစ်ဦးကို ဂီတအတွေ့အကြုံလမ်းညွှန်ပြသလက်တွဲခေါ်ယူခြင်းအစီအစဥ်ကို မကြာ သေးမီက ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဥ်အရ “ချေ” နှင့် “ရပါတယ်။ ထွက်သွားပါ” သီချင်းများဖြင့် ပရိသတ်တခဲနက်အားပေးသည့် အဆိုတော် “ရဲရင့်အောင်” သည် တက်သစ်စအနုပညာရှင်များဖြစ်ကြသည့် ပေါ့ပ်တေးသံရှင် “ဆုလှိုင်” နှင့် ဂစ်တာပညာရှင် “Ziee” တို့နှင့်အတူပူးပေါင်းကာ “New New” အမည်ရှိ သီချင်းသစ်ကို ဖန်တီးခဲ့ကာ အဆိုပါ သီချင်းသစ်ကို သြဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်တွင် Tuborg ၏ Facebook နှင့် YouTube page များ ၊ ပါဝင်သော အနုပညာရှင်များ၏ Facebook page များ ၊ Spotify နှင့် Apple Music တို့မှတစ်ဆင့် ပရိသတ်များစတင်နားဆင်ခံစားနိုင်မည်ဖြစ်ပါသည်။ အနုပညာရှင်သုံးဦး၏ အတူပူးပေါင်းဆောင်ရွက်မှုအရ ပရိသတ်များအနေဖြင့် မျှော်လင့်စောင့်စားနေရသည့် “ရဲရင့်အောင်” ၏ သီချင်းသစ်ကို ဆုလှိုင်၏ ချိုသာနူးညံ့သည့်အသံ၊ Ziee ၏ ညက်ညောသည့် Acoustic ဂစ်တာသံစဥ်တို့ဖြင့် ပေါင်းစပ်ကာ တမူထူးခြား စွာနားဆင်ရမည် ဖြစ်ပါသည်။

အဆိုပါအစီအစဥ်သည် ကမ္ဘာတဝှန်းရှိ အနုပညာရှင်များနှင့် ပရိသတ်များအတွက် တမူထူးခြားသည့်အတွေ့အ ကြုံများကို ဂီတစွမ်းအားကို အသုံးပြုဖန်တီးပေးသည့် “TUBORG OPEN” ၏ ခုနစ်နှစ်မြောက်အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့်အစီအစဥ်တွင် နိုင်ငံတကာဂီတပညာရှင် နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအစား မြန်မာနိုင်ငံတွင် တက်သစ်စအနုပညာရှင်တစ်ဦးအနေဖြင့် အောင်မြင်မှု လှေကားထစ်ကို လှမ်းတက်နိုင်ရန်အတွက် လိုအပ်သည့်ကိုယ်တွေ့အတွေ့အကြုံများကို ဝေမျှပေးနိုင်မည့် ပြည်တွင်းထိပ်တန်းအနုပညာရှင်တစ်ယောက်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ယခုအစီအစဥ်တွင် သူ၏ပါဝင်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နိုင်ငံကျော်အဆိုတော် ရဲရင့်အောင်က “ကျွန်တော့် ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ တခြားအနုပညာရှင်တွေဆီကနေ လေ့လာသင်ယူဖို့အမြဲကြိုးစားခဲ့ပါ တယ်။ ဒါကြောင့် အခု ဆုနှင့် Ziee ကို ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံတွေ ပြန်လည်ဝေမျှပေးနိုင်လို့ စိတ်လှုပ်ရှားမိပါတယ်။ ပံ့ပိုးမှုနဲ့အသိအမှတ်ပြုမှုနှစ်ခုလုံးက ဂီတနယ်ပယ်မှာလျှောက်လှမ်းကြသူတွေအတွက် အမှန်တကယ်အရေးကြီးတဲ့အရာတွေဖြစ်ပြီး ဒီလိုအစီအစဥ်က လူငယ်အနုပညာရှင်တွေအတွက် တကယ်ခြား နားတဲ့အတွေ့အကြုံဖြစ်ပါတယ်။” ဟု ပြောကြားသည်။

အဆိုပါသီချင်းသစ်ကို အတူတကွပူးပေါင်းဖန်တီးရန် အနုပညာရှင်သုံးဦးသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့ရှိ စတူဒီယိုသို့ သွားရောက်အသံသွင်းခဲ့ကြပြီး ဂီတလောကတွင်အောင်မြင်မှုပိုင်ဆိုင်နိုင်ရေးအတွက် လိုအပ်သည့် အချက်များကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

“New New” အမည်ရှိ သီချင်းသစ်ထွက်ရှိလာသည့်အချိန်တွင် တူရကီနိုင်ငံတွင် သီချင်းဖန်တီးခဲ့သည့်အတွေ့ အကြုံများကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်တိုကိုလည်း တင်ဆက်မည်ဖြစ်ပြီး အဆိုပါ မှတ်တမ်းရုပ်ရှင် တိုမှတစ်ဆင့် ဂီတအတွေ့အကြုံလမ်းညွှန်ပြသလက်တွဲခေါ်ယူခြင်းအစီအစဥ်နှင့် သီချင်းနောက်ကွယ်မှ ဖန်တီး မှုလုပ်ငန်းစဥ်များကိုလည်း ပရိသတ်များကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။

ယခုအစီအစဥ်နှင့်စပ်လျဥ်းပြီး ဆုလှိုင်ကလည်း တက်သစ်စအနုပညာရှင်အဖြစ် TUBORG ၏အသိအမှတ်ပြုမှု ကိုခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားပါသည်။ “ယခုအစီအစဥ်ကို ကျွန်မရဲ့ ဂီတ လမ်းကြောင်းမှာ မှတ်တိုင်တစ်ခုအဖြစ် အမြဲအမှတ်တရရှိနေမှာပါ” ဟု ၎င်းက ပြောပါသည်။

Ziee ကလည်း “ကျွန်တော်တို့အနေနဲ့ဘဝမှာ တခြားလူတွေရဲ့အတွေ့အကြုံကနေ သင်ယူရလေ့ရှိပါတယ်။ ဒီအစီအစဥ်ဟာလည်း ဒီလိုသဘောမျိုးဆိုတာကို ကျွန်တော်နားလည်ပါတယ်။ အောင်မြင်မှုတွေအများကြီးပိုင် ဆိုင်ထားသူတစ်ယောက်ထံကနေ လေ့လာသင်ယူခွင့်ရရှိတာ ကျွန်တော်တို့အတွက် တကယ့်စိတ်လှုပ်ရှားစရာ အခွင့်အရေးတစ်ခုပါ” ဟု ဖြည့်စွက်ပြောကြားပါသည်။

ယခုနှစ်၏ TUBORG OPEN အစီအစဥ်အကြောင်းပိုမိုသိရှိလိုပါက https://www.tuborg.com/en/tuborg-open/ တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။

၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ချိန်မှစတင်ပြီး TUBORG OPEN အနေဖြင့် Jason Derulo၊ David Guetta၊ The Chainsmokers၊ Major Lazer၊ Clean Bandit၊ Diplo နှင့် MØ အပါအဝင် နာမည်ကျော်ဂီတပညာရှင်များ နှင့်အတူလက်တွဲပြီး ကမ္ဘာတစ်ဝှန်းရှိ အနုပညာရှင်များနှင့် ပရိသတ်များကို ချိတ်ဆက်ပေးသည့် ဂီတသံစဥ် သစ်များကိုဖန်တီးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကာလများတွင် အာရှနှင့် အရှေ့ဥရောပတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၅) နိုင်ငံကျော်တွင် ပရိသတ်အားပေးမှု အများဆုံးသီချင်းကောင်းများကိုဖန်တီးနိုင်ခဲ့ပြီး ထိုသီချင်းများထဲတွင် Toc Tien (ဗီယက်နမ်)၊ Z.Tao (China)၊ Fedez & J-AX (အီတလီ) နှင့် Vishal Dadlani (အိန္ဒိယ) တို့လည်းပါဝင်ခဲ့သည်။

TUBORG အကြောင်း

TUBORG သည် လူသိများထင်ရှားသည့်ဥရောပအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ဒိန်းမတ်နိုင်ငံတွင် ၁၈၇၃ ခုနှစ်၌ တည်ထောင်ခဲ့ကာ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစတင်ပြီး မိတ်ဆက်ခဲ့ပါသည်။ TUBORG ၏ ရည်မှန်းချက်မှာ လူတိုင်း၏ဘဝအတွက် ပျော်ရွှင်မှုများကို ဆောင်ကျဥ်းပေးလာရန်ဖြစ်ပြီး လူအများကို အတွေ့အကြုံသစ် များကို ရှာဖွေရန်နှင့် ပိုမိုပျော်ရွှင်မှုရရှိနိုင်ရေးအတွက် တိုက်တွန်းနိုင်ရန် ဂီတကို ပလက်ဖောင်းတစ်ခုအနေဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

Tuborg ၏ Facebook စာမျက်နှာ https://www.facebook.com/TuborgMyanmar?mibextid=LQQJ4d တွင်အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

TUBORG OPEN အကြောင်း

TUBORG OPEN အနေဖြင့် လူအများကို “ပိုမိုသောအခွင့်အလမ်းများကို ရှာဖွေရန်” နှင့် သူတို့၏ သက်တောင့် သက်သာဖြစ်သော ဇုန်ပြင်ပသို့ထွက်ပြီး စူးစမ်းရှာဖွေရန် တိုက်တွန်းရာတွင် ဂီတကို ပလက်ဖောင်းတစ်ခု အနေဖြင့်အသုံးပြုဖော်ဆောင်နေပါသည်။ ဂီတနယ်ပယ်တွင်လည်း မတူကွဲပြားသောယဉ်ကျေးမှုနှင့် နောက်ခံ နယ်ပယ်မှ လူအများကိုအတူပူးပေါင်းဆောင်ရွက်စေခြင်းအားဖြင့် ဂီတပရိသတ်များနှင့် ဂီတပညာရှင်များ အတွက် အတွေ့အကြုံသစ်များကို ဖန်တီးပေးလျက်ရှိပါသည်။ ဂီတအသစ်၊ မိတ်ဆွေအသစ်၊ နေရာအသစ်၊ အတွေ့အကြုံအသစ် အစရှိသည့် အသစ်များကို ရှာဖွေဖော်ထုတ်ရန်ဆိုသည့် စိတ်ကူးစိတ်သန်းဖြင့် ဖြစ်ပါသည်။ နှစ်စဥ်တွင် နိုင်ငံတကာမှဂီတပညာရှင်များဖြင့် အတူတကွပူးပေါင်းဖန်တီးလေ့ရှိပြီး အဆိုပါဖန်တီးထားသည့် ဂီတကို ကမ္ဘာတစ်ဝှန်းရှိ အနုပညာရှင်များက ထပ်မံဖန်တီးနိုင်ရန်အတွက် အခြေခံအဖြစ်အသုံးပြုလေ့ရှိပါ သည်။