Performance Auto International Co., Ltd သည် ၂၀၁၇ ခုနှစ်မှစတင်ကာ ဆွီဒင်နိုင်ငံထုတ်ဇိမ်ခံကား အမှတ်တံဆိတ် Volvo ကားများကို မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်း ချခဲ့သည့်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ထိတ်တန်းကားထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Chery Automobile ၏ မြန်မာနိုင်ငံတစ်ဦးတည်း ကားတင်သွင်းရောင်းချခွင့်ကို ရရှိ ထားသည်။ မတ်လ (၈) ရက်နေ့ Chery Myanmar Showroom Grand Opening ကို အမှတ် (၂) ပြည်လမ်း နှင့် ခပေါင်းလမ်းထောင့်၊ လှိုင်မြို့နယ်၊ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့သည့်။ အဆိုပါ 4S Showroom တွင် Chery မှတ်ထုတ်လုပ်ပြီး တင်သွင်းရောင်းချထားသော EV မော်ဒယ်အသစ် (၂) မျိုးဖြစ်သည့် EQ1 နှင့် FX တို့ကို ရောင်းချပေးသွားမည်ဖြစ်ပြီး After-sale services များကို ဝန်ဆောင် မှုရရှိနိုင်ကြောင်းလည်းသိရသည်။

Performance Auto International Co., Ltd ၏ Branch Manager ကိုဇော်မျိူးထက်မှ “ဒီနေ့ပြုလုပ် တဲ့ Chery Myanmar Grand Opening က တရုတ်နိုင်ငံရဲ့ ထိတ်တန်းကားထုတ်လုပ်ရေး Company များထဲမှာ Top 5 စာရင်းဝင်တဲ့ Chery ကားတွေကို မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် တင်သွင်းရောင်းချခွင့်ရလို့ အထူးပဲ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ Chery Myanmar 4S Showroom ကြီးမှာ Sale, Service, spare parts တွေကို တစ်နေရာတည်းမှာ One stop service ပေးနိုင်ဖို့ပြင်ဆင်ထားပါတယ်” ဟုပြောကြားသည်။

Chery EQ1

Chery Myanmar မှ တင်သွင်းရောင်းချနေသည့် တံခါး ၃ ပေါက် ၄ ယောက်စီး Chery EQ1 မှာ Traffic များပြားလွန်းသည့် မြို့ပြများအတွင်း သွားလာရ လွယ်ကူစေပြီး ကားပါကင်ထိုးရာတွင် အခက်အခဲမရှိ အဆင်ပြေသာကားတစ်စီးဖြစ်ပါသည်။

Battery နှင့် Performance

Chery EQ1 မှာ 31 Kwh Lithium iron phosphate ဘက်ထရီကို အသုံးပြုထားပြီး အများဆုံး Range က 219 km အထိသွားလာနိုင်ပါသည်။ Maximum speed က120(km/h) ရှိပြီး (0-50km/h) ကို 5.2second ဖြင့်ရောက်ရှိနိုင်သည်။ AC/DC နှစ်မျိုးနှင့် အားသွင်းနိုင်ပြီး Fast charging time က 30% ကနေ 80% ကို မိနစ် ၄၀ ပဲကြာပါမည်။

Chery EQ1 Safety

EQ1 သည် ကြံ့ခိုင်သည် aluminum frame များဖြင့်တည်ဆောက်ပေးထားပြီး မြင့်မာသည့် လုံခြုံမှု ပေါ့ ပါးသည့် ကိုယ်ထည်၊ သံချေးတက်ခြင်းကို ကာကွယ်နိုင်ကာ Safety ဖြစ်စေပါသည်။

Chery FX

၅ ယောက်စီး SUV Chery FX ကို ခေတ်ရေစီးကြောင်းနှင့် လျော်ညီသည့် ပုံစံ၊ ဆွဲဆောင်မှုရှိသော ကားတစ်စီး အဖြစ်ထုတ်လုပ်ထားပါသည်။ မြို့တွင်းမြို့ပြင် သွားလာရ အဆင်ပြေစေရန် ရည်ရွယ်ထုတ် လုပ်ထားခြင်းဖြစ်ပြီး နည်ပညာကောင်းများကို အသုံးပြုထားခြင်းကြောင့် မိသားစု အဆင်ပြေစေမည့် ကားတစ်စီးလည်းဖြစ်သည်။

Chery Battery & Performance

Chery FX တွင် Battery Capacity အနေဖြင့် 61 KW ကို အသုံးပြုထားပြီး တစ်ဆက်တည်း မောင်းနှင်နိုင်သော အကွာအဝေး (Driving Range) 430 km (WLTP) ဖြစ်ပြီး NEDC နှုန်းအရဆိုလျှင် (505 km) အထိ မောင်းနှင်နိုင်သည်။ အမြင့်ဆုံး Motor Power မှာ 150 KW ဖြစ်ပြီး၊ Battery Consumption မှာ 15.5 kWh ဖြစ်သည်။ Fast Charging Time သည် 30% မှ 80% ကို ၂၈ မိနစ်သာ ကြာပြီး AC နှင့် အားသွင်းလျှင် (0%-100%) ကို 7-8.5 နာရီ နီးပါးကြာပါမည်။

Chery FX Interior

အတွင်းခန်းတွင် 12.3 လက်မစီရှိသည့် ကြီးမားသည့် မျက်နှာပြင် နှစ်ခုပါရှိပြီး HUD (Head of Display), Cooling System ပါသည့် 50w wireless mobile phone fast charging, Voice command, Sony Speakers (၉) လုံး, Apple car play နှင့် Android Auto စနစ် ပါရှိသည်။

Chery FX Safety

Chery FX ကိုယ်ထည်မှာ စွမ်းအားမြင့် သံမဏိအသုံးပြုမှုအချိုး 78% အထိရှိသည့်အပြင် မတော်တဆ ယာဥ်တိုက်မှုဖြစ်ပါက ကားအရှေ့ဘက်နှင့် နောက်ဘက်ကို သက်ရောက်မှုလျှော့ချပေးနိုင်သည့် စနစ်ပါရှိသည်။ ကားကိုယ်ထည် သည် Road Noise များကို အကောင်းဆုံး ကာကွယ်ပေးနိုင်သလို ဘရိတ်အုပ်ခြင်း၊ ထောင့်ချိုး Rear Cross Traffic Brake (RCTB), Lane Change Assist (LCA), Blind Spot Detection (BSD), Emergency Lane Keeping (ELK), Lane Departure Warning, Around View Monitor, Adaptive Cruise Control, Speed Limit Assist, Rear Cross Traffic Alert, Airbags (6) လုံး၊ ကုန်ဆင်းနှင့် ဘရိတ်နင်လျှင် ဘတ်ထရီကို အားပြန်သွင်းပေးသည့်စနစ် စသည့် safety features များ ထည့်သွင်းပေးထားပါသည်။

Performance Auto International Co., Ltd အကြောင်း

Performance Auto International Co.,Ltd သည် ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး UMG Co.,Ltd နှင့် Wai Family Co.,Ltd တို့ ပူပေါင်းဆောင်ရွက်နေသည့် Company ဖြစ်သည်။ အဆိုပါ company သည် မြန်မာနိုင်ငံတွင် ဆွီဒင်နိုင်ငံထုတ် VOLVO Car Brand အား ၂၀၁၇ ခုနှစ်တွင် စတင်တင်သွင်းရောင်းချခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ ထိပ်တန်းကား Company Chery Automobile နှင့် ပူပေါင်းကာ Chery EV ကားများကို စတင်တင်သွင်းရောင်းချခဲ့သည်။

Chery အကြောင်း

Chery Group ကို ၁၉၉၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းခွဲဖြစ်သည့် Chery Automobile မှ ကမ္ဘာလုံးဆိုင်ရာ ကားအမှတ်တံဆိပ်တစ်ခုအနေဖြင့် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ထိပ်တန်း တရုတ်ခရီးသည်တင်ကားတင်ပို့သူအဖြစ် ၂၂ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။

၂၀၂၄ ခုနှစ်စပြီူ Chery Group သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင် ခဲ့ပြီး 38% တိုးလာခဲ့သည်။ ယမန်နှစ်တွင် ကားအစီးရေ ၂.၆ သန်းအထိ စုစည်းရောင်းချနိုင်ခဲ့ပြီး August လကုန်တွင် Chery Group မှာ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုသူ ၁၅ သန်း ကျော်လွန်သွားခဲ့သည်။ Chery အနေဖြင့် ဗျူဟာမြောက်သော အမှီအခိုကင်းသည့် ဆန်းသစ်တီထွင်မှုကို လိုက်နာပြီး နည်းပညာ R&D နှင့် ပတ်သတ်ပြီး ထုတ်ကုန်ဆန်းသစ်တီထွင်မှုစနစ်ကို တည်ဆောက်ထားပါသည်။ Chery မှ ပို့ကုန်/ ထုတ်ကုန် အပိုင်းတွင် Tiggo Series, Arrizo Series နှင် eQ Series များလို ICE, BEV နှင့် PHEV ကဲ့သို့သော ကားများ ထုတ်လုပ်ထားပါသည်။