Manulife Myanmar က “လုံခြုံစိတ်ချ ကောင်းမွန်တဲ့ဘဝ” Tagline အသစ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့၊ ရန်ကုန်မြို့ Melia Yangon Hotel တွင် ကျင်းပခဲ့သည့် ၎င်း၏ (၅) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် စတင် မိတ်ဆက်ခဲ့သည်။

Tagline အသစ်မှာ Manulife ၏ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဗျူဟာကို ထင်ဟပ်စေပြီး ၎င်း၏စျေးကွက်များအားလုံးတွင် လိုက်လျောညီထွေဖြစ်စေရန်၊ မြန်မာနိုင်ငံသားများ၏ ရည်မှန်းချက်များနှင့် ကိုက်ညီစေမည့်အပြင် Manulife ၏ ရည်မှန်းချက် ဖြစ်သည့် မြန်မာပြည်သူများအား ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များကို ပိုမိုမှန်ကန်စွာချမှတ်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်များအား ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

“လုံခြုံစိတ်ချ ကောင်းမွန်တဲ့ဘဝ” ဆိုတဲ့ Tagline ဟာ အသက်အာမခံဝယ်ယူထားသူတွေအတွက် ကျွန်တော်တို့ရဲ့ကတိကဝတ်အတိုင်း ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကို ရရှိစေဖို့ အတွက်ပဲဖြစ်ပါတယ်။ Manulife မှာဆိုရင် “better” ဆိုတဲ့ အဓိပ္ပါယ်ဟာ တစိုက်မတ်မတ်နဲ့ ဟန်ချက်ညီညီသွားနေတဲ့ တိုးတက်မှုခရီးလမ်းတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေ ပိုမိုလွယ်ကူစွာ ချမှတ်နိုင်ဖို့၊ မိသားစုလုံခြုံစေဖို့အတွက် အကာအကွယ်ပိုပေးနိုင်ဖို့နဲ့အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ တည်ဆောက်နိုင်ဖို့ Manulife က အမြဲကူညီပေးနေပါတယ်။” ဟု Manulife Myanmar ၏ CEO နှင့် General Manager ဖြစ်သူ Gaurav Sharma က ပြောကြားခဲ့ပါသည်။ “၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ‌လေးနဲ့အတူ မြန်မာစျေးကွက်နဲ့ ကိုက်ညီတဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ အာမခံဆိုင်ရာဖြေရှင်းချက်တွေကို ပိုပြီးဖြည့်ဆည်းပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

“လုံခြုံစိတ်ချ ကောင်းမွန်တဲ့ဘဝ” ဆိုတာ စကားလုံးတစ်ခုထက်ပိုပါတယ်။ အဲ့ဒါက ကျွန်‌တော်တို့ရဲ့ ဖောက်သည်တွေအပေါ်မှာ ထားရှိတဲ့ ကတိကဝတ်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ သူတို့ရဲ့ဘဝမှာ ဖြစ်ပေါ်လာမယ့် မမျှော်လင့်ထားတဲ့အရာတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ကျွန်တော်တို့က ကူညီပေးနေသလို သူတို့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာဖို့အတွက်လည်း တပါတည်း ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။” ဟု Mr. Sharma က ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အတူလက်တွဲပြီးတော့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုဦးတည်တဲ့ သာယာဝပြောပြီး လုံခြုံတဲ့ဘဝတွေကို ဖော်ဆောင်နိုင် မယ်လို့ ယုံကြည်ပါတယ်။”
Manulife Myanmar ၏ (၅) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားသို့ Manulife ဝန်ထမ်းများ၊ ထူးချွန်အေးဂျင့်များ နှင့် အာရှဒေသရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကုမ္ပဏီ၏ (၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ လုပ်ဆောင်ခဲ့မှုများ နှင့် ငွေကြေးဆိုင်ရာအသိပညာတိုးတက်မှုဆိုင်ရာ ကတိကဝတ်များနှင့် ‌ဒေသတွင်းလိုအပ်ချက်များနှင့်ကိုက်ညီသည့် အသက်အာမခံ ဝန်ဆောင်မှုများပေးအပ်သွားနိုင်ဖို့ အလေးပေးပြသခဲ့ပါသည်။ Manulife Myanmar အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ပြည်တွင်းဖောက်သည်များအား ကမ္ဘာ့အဆင့်မီကျွမ်းကျင်မှုများနှင့် ပိုမိုကောင်းမွန်သည့်အနာဂတ်များအား နားလည်လာစေရန် ဆက်လက်ကူညီပေးသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ Manulife သည် မြန်မာပြည်သူများအတွက် ပိုမိုကျန်းမာပြီး ပိုမိုကောင်းမွန်သည့်ဘဝများရရှိစေရန်နှင့် လုံခြုံစိတ်ချစွာ အကာအကွယ်ပေးနိုင်ရန်အတွက် အာမခံအမျိုးအစားများစွာအား မိတ်ဆက်ပေးခဲ့ပြီး အသက်အာမခံနယ်ပယ်တွင် ယုံကြည်စိတ်ချရသည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။ Tagline အသစ် မိတ်ဆက်ခြင်းနှင့်အတူ Manulife Myanmar အနေဖြင့် မြန်မာပြည်သူများအား ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှုများနှင့် ပိုမိုလှပသည့်အနာဂတ်များ ရရှိစေရန်ကူညီပေးခြင်း၊ စျေးကွက်ချဲ့ထွင်ခြင်းနှင့် ၎င်း၏ တိုးတက်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ခရီးစဉ်အား အားသွန်ခွန်စိုက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။


Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝ ပိုင်ဆိုင် သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာ ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စု တွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများ အတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ကျွန်ုပ်တို့တွင် ဝန်ထမ်းပေါင်း ၃၈,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၉၈,၀၀၀ ကျော်အပြင် ထောင်ပေါင်းများစွာသော မိတ်ဖက်များနှင့်အတူ ဖောက်သည်ပေါင်း (၃၅) မီလီယံကို ဝန်ဆောင်မှု ပေးလျက်ရှိ သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် ‘945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။

သက်ဆိုင်ရာ‌ဒေသ၊နိုင်ငံများအလိုက် ကွဲပြားခြားနားမှုများရှိ ပြီး အသေးစိတ်သိရှိလိုပါက manulife.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။