vivo သည် မကြာသေးမီက ခေါက်၍ အသုံးပြုလို့ရသည့် vivo X Fold ကို Global market အား မိတ်ဆက်ပေးခဲ့ပါသည်။ vivo X Fold သည် သုံးစွဲသူများအတွက် ထိရောက်မှု၊ အဆင်ပြေမှုနှင့် စိတ်လှုပ်ရှားဖွယ်ရာတို့ကို ထည့်သွင်းတည်ဆောက်ထားသော Premium device တစ်ခုဖြစ်သည်။ vivo X Fold သည် ထိပ်တန်းနည်းပညာများစွာကို ပေါင်းစပ်ထားသောကြောင့် Screen Crease နှင့် Hinge Durability တို့ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်ပြည့်၀သာလွန်ကောင်းမွန်စွာ ခေါက်နိုင်သော စမတ်ဖုန်းဖြစ်သည်။ X Fold သည် မျက်နှာပြင်နည်းပညာ၊ Chip Performance၊ ဘက်ထရီသက်တမ်းနှင့် ကင်မရာစနစ်တို့တွင် ဆန်းသစ်တီထွင်မှုများ ဆက်တိုက်ပါဝင်ပြီး Foldable စမတ်ဖုန်းများရဲ့ ခေတ်သစ်ကို ဖော်ဆောင်ခဲ့ပါသည်။ vivo မှာ vivo X Fold အပြင်၊ ထိပ်တန်းထုတ်ကုန်များတွင် ပထမဆုံးအဆင့်မြင့် Tablet ဖြစ်သည့် vivo Pad နှင့်အတူ အဆင့်မြင့်ဈေးကွက်အတွက် ဒီဇိုင်းထုတ်ထားသည့် ကြီးမားသောမျက်နှာပြင်စမတ်ဖုန်း X Note တို့ပါဝင်လာပါသည်။

vivo X Fold ရဲ့ အလွန်ကောင်းမွန်သော အတွင်းနှင့် အပြင်မျက်နှာပြင်များ

ထိပ်တန်း Foldable စမတ်ဖုန်းတစ်ခုဖြစ်တဲ့ vivo X Fold သည် အတွင်းပိုင်းနှင့် အပြင် Screen နှစ်ခုစလုံးတွင် ထိပ်တန်း Display နည်းပညာကို တပ်ဆင်ထားပါသည်။ vivo X Fold တွင် 8.03-လက်မအတွင်းပိုင်း ခေါက်နိုင်သော screen နှင့် 6.53-လက်မ မျက်နှာပြင် အပါ၀င် အချိုး 21:9 ဖြစ်အနည်းငယ်ကွေးသည့် အပြင်ဘက် Screen တို့ ပါရှိပါသည်။ ထူးခြားသောမျက်နှာပြင်အရည်အသွေးကြောင့် vivo X Fold သည် vivo မှ ယူဆောင်လာသော ထိပ်တန်း Display စွမ်းရည်များကို ထည့်သွင်းပေးသည့် စွမ်းဆောင်ရည်ပစ္စည်း 19 ခုကြောင့် DisplayMate A+ အဆင့်လက်မှတ်ရရှိသည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းဖြစ်လာသည်။

vivo ၏ ကိုယ်တိုင်ဖန်တီးထားသော အရောင်ညှိမှုပုံစံများဖြင့် တွဲဖက်ထားသော မျက်နှာပြင်များသည် 120Hz Refresh Rate နှင့် E5 Luminescent Material ကို အသုံးပြု၍ အတွင်းနှင့် အပြင်ဘက်မျက်နှာပြင်နှစ်ခုလုံးမှာ ပိုမိုတောက်ပမှု၊ ချောမွေ့မှု၊ အရောင်ညီညာမှုနှင့် Visual ရှင်းလင်းမှု တို့ကိုရရှိနိုင်မှာဖြစ်တဲ့အပြင် စိတ်ကျေနပ်ဖွယ် Display Effect နှင့် ကောင်းမွန်သော Power ထိန်းချုပ်မှုတို့ကိုပါ ရရှိမှာဖြစ်ပါသည်။

ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်အတွက် ထိပ်တန်းနည်းပညာ

vivo X Fold သည် မျက်နှာပြင်နှစ်ခုစလုံးတွင် 3D Ultrasonic Dual Fingerprint Sensors ပါရှိသည့် ကမ္ဘာ့ပထမဆုံး Foldable ဖုန်းဖြစ်သည်။ vivo X Fold ရှိ 3D Ultrasonic Dual Fingerprint Sensors နည်းပညာ သည် 100% နီးပါး 3D အချက်အလက် မှန်ကန်စွာ မှတ်သားနိုင်ပြီး သမားရိုးကျ Photoelectric လက်ဗွေရာ Sensor များထက် Unlock နှုန်းကို 38.7% မြှင့်တင်ပေးထားပါသည်။

vivo X Fold သည် 4nm MEP Process ကို အသုံးပြု၍ စိတ်ကြိုက်ပြင်ဆင်ထားသော SPU ဖြင့် Snapdragon 8 Gen 1 အား အသုံးပြုပြီး အမြင့်ဆုံးစွမ်းဆောင်ရည်နှင့် ဘက်စုံအသုံးပြုနိုင်ရန် ပေးဆောင်ထားပါသည်။ vivo X Fold သည် ကုမ္ပဏီ၏ ကိုယ်တိုင်ဖန်တီးထားသော Triple Performance Engine တပ်ဆင်ထားသောကြောင့် Device ကို ပိုမိုချောမွေ့ တည်ငြိမ်စွာ လည်ပတ်စေပြီး ပါဝါပိုချွေတာနိုင်စေပါသည်။ vivo X Fold တွင် ပါးလွှာသောဒီဇိုင်း အတွင်းတွင် 4600mAh စွမ်းရည်ကြီးမားသောဘက်ထရီကို ကိုင်ဆောင်ထားပြီး 66W Dual-Cell FlashCharge၊ 50W ကြိုးမဲ့ FlashCharge နှင့် 53 မိနစ်အတွင်း 100% နှင့် 10W ကြိုးမဲ့ပြောင်းပြန်အားသွင်းစနစ်တို့ပါဝင်ပါသည်။

စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများကို အသစ်ပြန်လည်သတ်မှတ်ပေးသည့် Hardware

ပိုမိုထိရောက်သောလုပ်ငန်းအတွေ့အကြုံများနှင့် အသုံးပြုသူ၏ Privacy ကို ကာကွယ် ပေးအပ်ရန်အတွက် vivo X Fold သည် hardware-level ရှိ ကာကွယ်မှုဖြစ်ပံ့ပိုးပေးထားပါသည်။ vivo X fold သည် စွမ်းဆောင်ရည်ပြည့်ဝသော လုံခြုံရေးဒီဇိုင်းအပြင် Hardware နှင့် Software အဆင့်တွင် စိတ်ကြိုက် SPU အသုံးပြုထားသည့် Snapdragon 8 Gen 1 ပါရှိထားပါသည်။ ဒါ့အပြင် Chip၊ Core၊ Frameworkနှင့် Application များတွင်လည်း Thousand Mirror Security စနစ် မှတစ်ဆင့် ဘက်စုံ Privacy ကာကွယ်ထားတာကြောင့် လုပ်ဆောင်မှုတိုင်း ရဲ့ လုံခြုံရေးကိုလည်း အာမခံပါသည်။ vivo X Fold ကို Origin OS Ocean စနစ်ဖြင့် တွဲချိတ်ထားပြီး Local Storage ၊ Private Browsing၊ နောက်ခံကာကွယ်မှု လုပ်ဆောင်ချက်များနှင့် ပိုမိုကောင်းမွန်သည့် အသုံးပြုသူအတွေ့အကြုံများကိုလည်း ပေးဆောင်ပါသည်။

ထို့အပြင်၊ vivo X Fold သည် Multi-Angle Hover ၊ Hover Video Calling, Hover Video Watching နှင့် Hover Motion တို့ကိုလည်း ပံ့ပိုးပေးပါသည်။ Split-Screen နှင့် Small Window ကဲ့သို့ ပိုမိုထိရောက်သော Multitasking Mode များ ပေါင်းစပ်ခြင်းဖြင့် Hand-Free လုပ်ဆောင်နိုင်မှာဖြစ်ပြီ စွမ်း‌ဆောင်ရည်အားကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် vivo X Fold သည် Amber Scan နှင့် Quantum Kit ကဲ့သို့သော Features အသစ်များနှင့်အတူ အသုံးပြုသူများအတွက် ရုံးလုပ်ငန်းကိုပိုမိုလွယ်ကူစေမှာဖြစ်ပါသည်။

Flagship ZEISS Optics သည် တစ်မှုထူးခြားသော ပုံရိပ်ဖော်နိုင်စွမ်းများအား မီးမောင်းထိုးပြ

နည်းပညာအဆင့်မြင့်သော X Fold သည် ZEISS Optics နှင့် ZEISS T*Coating မှတစ်ဆင့် စျေးကွက်ဦးဆောင် ထိပ်တန်းပရော်ဖက်ရှင်နယ် စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးနိုင်မှု စွမ်းရည်များကို ပေးဆောင်ပါသည်။ ZEISS Portrait Effects များဖြစ်တဲ့ ZEISS Natural Color, ZEISS Superb Night Camera နှင့် ZEISS Superb Portrait တို့ပါ၀င်ထားသည့် ZEISS Quad Camera မှာ ကြီးမားသော lens performance၊ အလင်းနှင့်အရိပ်များကိုသေချာချိန်ဆပေးပြီး ကြည်လင်ပြတ်သားမှုမြင့်မားသည့် အာရုံခံကိရိယာများကိုလည်း ပံ့ပိုးပေးထားပါသည်။

ဓာတ်ပုံရိုက်နည်းအသစ်များစွာကိုလည်း Waist-Level Viewfinder( WLVF) ၊ ကျောဘက် Selfie ကင်မရာနှင့် Hover Photography Mode တို့ဖြင့် အသုံးပြုနိုင်ပါသည်။ Foldable ဖုန်းသည် မျက်နှာပြင်နှစ်ခုလုံးတွင် ဓာတ်ပုံ Preview ကြည့်ရှုနိုင်မှာြဖစ်ပြီး ဓာတ်ပုံမရိုက်မီ ကိုယ်ဟန်အနေထားနှင့် မျက်နှာအနေထား အား စိတ်ကြိုက်ချိန်ဆနိုင်အောင်ခွင့်ပြုပေးပါသည်။

“Circle-Square” Design အယူအဆအား အတုယူထားသော လက်ရာမြောက်သည့် ဒီဇိုင်း

vivo X Fold ရဲ့ Design သည် တရုတ်အယူအဆဖြစ်သော “Round Sky and Square Earth” အားအတုယူထားပြီး ထို Circle နှင့် Square Elementsတို့သည်လည်း ရှေးခေတ်တရုတ်တို့၏ ရိုးရာယုံကြည်မှုများနှင့် ဗိသုကာလက်ရာများရဲ့ အ‌ငွေ့ သက် များကို သယ်ဆောင်လာပါသည်။ Continuous Curved Glass ဖြင့် Circle နှင့် Square elements များပေါင်းစပ်မှု နှင့်အတူ Materials၊ မျက်နှာပြင်များ မှာတစ်ဆင့်လည်း vivo X Foldရဲ့ ခမ်းနားသော ဒီဇိုင်း အား မီးမောင်းထိုးပြထားပါသည်။ X Fold မှာ ပါ၀င်‌သော Colored Mute Button၊ Matte Frame ၊ Dual-Tone Splicing နှင့် ဖောင်းကြွနေသော အသွင်အပြင် များသည် Device အား စိတ်ဝင်စားစရာကောင်းစေပြီ ပိုမိုလှပဆန်းသစ်သော visual နှင့် အရည်အသွေးမြင့် Touch တို့ကိုရရှိစေပါသည်။

အကြိမ် 300,000 ကွေးညွတ်မှု ခံနိုင်ရည်ရှိသည့် vivo X Fold ရဲ့ Multi-Dimensional Hinge

Foldable ဖုန်းများတွင် ပါ၀င်သော hinge သည် အလုံးစုံးစွမ်းဆောင်ရည်ကို တိုက်ရိုက်သက်ရောက်မှုရှိပါသည်။ ဒါကြောင့် vivo X Fold ရှိ Multi-Dimensional Hinge သည် ယုံကြည်စိတ်ချရပြီး TÜV Rheinland စမ်းသပ်မှုအရကွေးညွှတ်မှု အကြိမ်‌ရေ 300,000 ကို ခံနိုင်ရည်ရှိကြောင်းနှင့် စမ်းသပ်ပြီးနောက်ပိုင်းတွင်လည်း ခေါက်ချိူးမှု ကောင်းမွန်နေဆဲဖြစ်တာတွေ့ရှိပါသည်။ vivo X Fold Hinge ကို အစိတ်အပိုင်း 174 ခုဖြင့် ပြုလုပ်ထားပြီး၊ Zirconium Alloys နှင့် FS53 Aviation-level High Strength Steel ကဲ့သို့သော ခြောက်ဆရှိသောအာကာဆိုင်ရာပစ္စည်းများကို အသုံးပြုထားသောကြောင့် ချောမွေ့မှု၊ ခိုင်ခံ့မှုနှင့် တုန်လှုပ်မှုဒဏ်တို့ကို ခံနိုင်ရည်ရှိစေပါသည်။ နည်းပညာ vivo X Fold သည် Screen Fold ကို ပိုကောင်းအောင်ပြုလုပ်ရန် ရေပေါ်အပြားဒီဇိုင်း နည်းပညာ ကို ယူဆောင်လာကာ အလွန်ခံနိုင်ရည်ရှိသော Ultra-Thin Glass (UTG) ကို ထူးခြားတဲ့ ဖွဲ့စည်းပုံနှင့် အသုံးပြုထားပြီး နည်းပညာများစွာကို ပေါင်းစပ်ထားသည့် ရေစက်ပုံသဏ္ဌာန်ရှိသော hinge တည်ဆောက်ပုံကိုလည်း ထည့်သွင်းထားပါသည်။ ဒါကြောင့် Foldable Phone တွေမှာအဖြစ်များသောဖောင်းပွခြင်း ပြဿနာကိုလည်း ဖယ်ရှားပေးပါသည်။

ကုန်ထုတ်စွမ်းဆောင်ရည် အထူးကောင်းမွန်သည့် vivo X Note

vivo X Note တွင် ကြီးမားသော 7 လက်မအရွယ် မျက်နှာပြင်၊ 21:10 ရှိသော ပြည့်စုံ‌သောအချိုးအစားဖြင့် ထုတ်လုပ်ထားသောကြောင့် စွမ်းဆောင်ရည် အထူးကောင်းမွန်ပါသည်။ vivo X Note ကို အဝေးထိန်း SIM card lock၊ 3D Ultrasonic Large Fingerprint Sensor နှင့် Qualcomm Secure Processing Unit (SPU) chipset အဆင့် လုံခြုံရေး အကာအကွယ်များကဲ့သို့ သာလွန်ကောင်းမွန်သော Security Features များဖြင့် User Privacy နှင့် Security ကို ကာကွယ်ပေးထားပါသည်။ ဒါ့အပြင် အထူးသီးသန့် Mobile Features များ၊ ZEISS ကင်မရာစနစ်တို့နှင့်အတူ၊ vivo X Note သည် လုပ်ငန်းလုပ်ဆောင်နိုင်စွမ်း၊ ထူးခြားသည့်ကင်မရာစနစ်၊ အထင်ကရတရုတ် ရိုးရာ ဒီဇိုင်းအ‌ငွေ့ သက် များဖြင့် ထည့်သွင်းထားသော မျက်နှာပြင်ကျယ်စီးပွားရေးလုပ်ငန်းသုံး စမတ်ဖုန်းများကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဒါ့အပြင် x Fold တွင် Ultrasonic Large Fingerprint Sensor ပါရှိပြီး Single-Point Photoelectric လက်ဗွေအာရုံခံကိရိယာများထက် 11.1 ဆ ပိုကြီးသည့်အတွက် ပိုမိုမြန်ဆန်ပြီး တိကျစွာ Unlock နိုင်မှာဖြစ်ပါသည်။ စိတ်ကြိုက် SPU နှင့် ကုမ္ပဏီ၏ V1 ပုံရိပ်ဖော် Chip ပါရှိသော အဆင့်မြင့် chipset Snapdragon 8 Gen 1 ပါဝါအသုံးပြုထားသောကြောင့် Device သည် ပါဝါသုံးစွဲမှုကို လျှော့ချပေးပြီး ဂိမ်းကစားရန်အတွက် ဓာတ်ပုံနှင့် ဖရိန်ကြားဖြတ်ခြင်း အပါအဝင် Visual ပိုင်းကိုလည်း အလွန်တိုးတက်ကောင်းမွန်စေပါသည်။ ပိုမိုကောင်းမွန်သော ရိုက်ကူးမှုအတွေ့အကြုံများကို ပေးဆောင်နိုင်ရန်အတွက်လည်း ထိပ်တန်း Samsung GN1 Sensor ကို တပ်ဆင်ထားပါသည်။ ကုမ္ပဏီ၏ V1 ပုံရိပ်ဖော်ရဲ့ ကောင်းမွန်သောစွမ်းဆောင်ရည်ကြောင့် ဖုန်းသည် ဗီဒီယိုအခြေအနေများတွင် သာလွန်သောပါဝါထိရောက်မှုကို ပေးစွမ်းနိုင်ပြီး Real-Time Extreme Night Vision နှင့် Super Night Video တို့ကို ပံ့ပိုးပေးပါသည်။ Mountain Blue၊ Earth Grey နှင့် Night Black အရောင်သုံးရောင်ဖြင့်ရရှိနိုင်ပြီး ထိပ်တန်း Flagship ဒီဇိုင်းကို အာမခံပြီး စက်တစ်ခုလုံး၏အလေးချိန်ကို မျှတစေရန် ကြီးမားသောအရွယ်အစားကိုလည်း အသုံးပြုထားသောကြောင့် သန့်စင်ပြီး အရည်အသွေးမြင့်သောခံစားမှုကို ပေးစွမ်းပါသည်။

ပထမဆုံး Flagship Tablet

အရင်မျိုးဆက်များထက် အဆင့်မြှင့်ထားသည့် vivo Pad တွင် Flagship Specs ပိုမိုပါ၀င်ပြီး မျက်နှာပြင်ကြီးထုတ်ကုန်များအတွက် အကောင်းဆုံး လည်ပတ်မှုစနစ်ရှိသည့်အပြင် ရုံးအသုံးပြုမှုနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်အတွက်လည်း အသုံးပြုသူအခြေအနေအမျိုးမျိုးအတွက် အံဝင်ခွင်ကျဖြစ်စေသော Features များနှင့်အတူ စွမ်းဆောင်ရည်မြင့်မားသော Specs များပါရှိသည်။ သုံးစွဲသူများကို အဆင်ပြေပြေနှင့် ပရော်ဖက်ရှင်နယ်အတွေ့အကြုံများပေးနိုင်ရန် အပြည့်အဝအကောင်းမွန်ဆုံးသော Origin OS HD လည်ပတ်မှုစနစ်ကို လုပ်ဆောင်ထားပြီး စွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်ဆောင်ရန် “Platform များစွာတွင် Screen Share နိုင်ခြင်း”၊ “မူရင်းမှတ်စုများ” နှင့် “ကလေးများပညာရေး” ကဲ့သို့သော Applications များလည်း ပါဝင်ပါသည်။ အလေးချိန် 489g သာရှိပြီး အထူ 6.55 မီလီမီတာရှိသောကြောင့် Device သည် တာရှည်ခံကာ ခိုင်ခံ့ပြီး ခေတ်နဲ့အမီလိုက်နေသော သုံးစွဲသူများအတွက် အထူးသင့်လျော်ပါသည်။ 11-လက်မ 2.5K 120Hz Ultra-Vision Display နှင့် Four-Channel Large-Amplitude Ultra-Linear Speaker တို့နှင့်အတူ vivo Pad သည် အလွန်ကောင်းမွန်သော ရုပ်မြင်သံကြားအတွေ့အကြုံများ၊ ဂိမ်းကစားခြင်းနှင့် ဖျော်ဖြေရေးများအတွက် အကောင်းဆုံးပြုလုပ်ထားပါသည်။

vivo X Fold၊ X Note နှင့် vivo Pad ကို တရုတ်ပြည်မကြီးတွင်သာ ၀ယ်ယူရရှိနိုင်ပါသည်။

vivo အကြောင်း

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊

Hangzhou၊ Shanghai၊ Xi’an၊ Taipei၊ Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

*”Benfen” သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။
vivo ၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news တွင် ဖတ်ရှုနိုင်သည်။