စျေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် vivo သည် များစွာသော ကောင်းမွန်သည့်မျှော်လင့်မှုများဖြင့် V29 5G စမတ်ဖုန်းကို ‘Delightful Night’ အမည်ဖြင့် ယနေ့တွင် LC International Hotel တွင် ဂုဏ်ယူစွာဖြင့် မိတ်ဆက်ခဲ့ပြီး မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သည်။ V29 5G ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဆန်းသစ်တီထွင်မှု၊ ခေတ်မီဒီဇိုင်းနှင့် နည်းပညာမြင့် ကင်မရာလုပ်ဆောင်ချက်များကြောင့် ကျော်ကြားသည့် V Series ၏ အရည်အသွေးများကို ဆက်လက်ထိမ်းသိမ်းထား ရှိနိုင်ပြီဖြစ်သည်။

V29 5G သည် ပါးလွှာမှုအတွက် စံသစ်တစ်ခုသတ်မှတ်ထားပြီး 120 Hz 3D Curved Screen ဖြင့် စမတ်ဖုန်းဒီဇိုင်းကို သာမာန်ထက်ပိုမိုကောင်းမွန်သော ဒီဇိုင်းအဖြစ် ဖန်တီးတီထွင်ထားသည်။ V27 5G ၏ အောင်မြင်မှု‌အပေါ်အခြေခံကာ ဓာတ်ပုံရိုက်နိုင်မှုစွမ်းရည်များတွင် ထူးထူးခြားခြား မြှင့်တင်မှုများနှင့်အတူ ပြောင်မြောက်ပြီး ခေတ်မီလှပသော ဒီဇိုင်းပါရှိသည်။ အဓိကလုပ်ဆောင်ချက်များအဖြစ် Smart Aura Light Portrait၊ Supermoon Mode၊ Food Mode နှင့် 50 MP AF Group Selfie ကင်မရာတို့ ပါဝင်ပါသည်။

vivo ၏ CEO Mr. Nelson Ni ၊ vivo မှ တာဝန်ရှိသူများ၊ Brand Ambassador များဖြစ်ကြသော နော်ဖောအယ်လ်ထားနှင့် နန်းစန္ဒာလှထွန်း၊ Alice Ong၊ ကျော်ထက်ဇော်၊ အောင်ရဲထိုက်၊ ဟိဏ်းသစ်၊ Amera Hpone၊ ဝင်းခန့်မိုး၊ သံသာညီ၊ စုလှိုင်၊ Jewel နှင့် သရုပ်ဆောင်၊ မော်ဒယ်များနှင့် influencer ၂၀ ကျော်တို့သည် V Series ၏ မျိုးဆက်သစ် မွေးဖွားခြင်းကို မျက်မြင်သက်သေအဖြစ် လာရောက်တွေ့ဆုံကြည့်ရှု ခဲ့ကြသည်။

vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni က “ဒီနေ့ ဒီမှာ ရင်းနှီးတဲ့ မိတ်ဟောင်း မိတ်သစ်တွေ စုဝေးနေတာကို တွေ့ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ V Series မျိုးဆက်သစ်ရဲ့ အရုဏ်ဦးကို အတူတူ မျက်မြင် ကိုယ်တွေ့ ကြည့်ရှုကြရအောင် ဒီဇိုင်းဆန်းသစ်တီထွင်မှုမှာ vivo ဟာသုံးစွဲသူတွေကိုအဆုံးစွန်သော ထုတ်ကုန်အတွေ့အကြုံကို ပေးစွမ်ဖို့ရည်ရွယ် ကြောင်း မယိမ်းယိုင်တဲ့ ကတိကဝတ်တွေနဲ့‌ ပြောကြားလို ပါတယ်။ မိုဘိုင်းပုံရိပ်ဖော်ခြင်းမှာ ဦးဆောင်သူတစ်ဦးအနေနဲ့နည်းပညာတိုးတက်မှုအတွက် ကျွန်တော်တို့ ရည်စူးထားပါတယ်။ ယခုလ 19th Asian Games Hangzhou အတွက် မိုဘိုင်းလ်ဖုန်းများ ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက် များစွာ ဂုဏ်ယူပြီး ကမ္ဘာ့ဖလားနဲ့ ဥရောပချန်ပီယံရှစ်ကဲ့သို အားကစားပွဲ များနဲ့အတူ ထင်ရှားကျော်ကြားတဲ့ အားကစားပွဲတွေမှာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်း ရေးထိုးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

vivo ၏ မြန်မာနိုင်ငံတွင် ရပ်တည်လာမှုနှင့် ပတ်သက်၍ Mr. Nelson Ni ဆက်လက်၍ “vivo ဟာ မြန်မာနိုင်ငံဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲရာမှာ ကိုးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အရောင်းပြခန်း ၁၀ ခုကျော် နဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာ ၁၅ ခုကျော်နဲ့အတူ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တစ်ခုကို ထူထောင်ထားပါတယ်။ ထူးခြားကောင်းမွန်တဲ့ ထုတ်ကုန်တွေ ပေးအပ်ဖို့ ကတိကဝတ်ပြုထားတာကြောင့် vivo ဟာ သုံးစွဲသူတွေအကြား ချစ်ခင်ရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲပါတယ်။ယနေ့မှာ ကျွန်တော်တို့ ခရီးရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ V29 5G ကို မိတ်ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၉ ဂဏန်းဟာ ကံကောင်းခြင်းမင်္ဂလာဟု ယူဆပါတယ်။ ကံကောင်းစေမယ့် V29 5G နဲ့ကျွန်တော်တို့ရဲ့နောက်ထပ်ခရီးကို အတူတူစတင်လိုက်ပါစို့” ဟု ၎င်း၏ အတွေးအမြင်များကို မျှဝေခဲ့သည်။

vivo Myanmar ၏ Product Manager ကိုကောင်းထက်မိုးက “ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာ V29 5G ကို မိတ်ဆက်လိုက်တဲ့အတွက် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ နောက်ထပ်ခြေလှမ်းတစ်ခုကိုလှမ်းဖို့ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်မှာ အသုံးပြုသူတွေကို စွမ်းအားမြှင့်တင်ပေးဖို့ဖြစ်ပြီး V29 5G ကို မြန်မာနိုင်ငံဈေးကွက်မှာ မိတ်ဆက်ပေးလိုက် တာဟာ ဒီခရီးကို အတူတကွစတင်ရန် ပီတိဖြစ်ရပါတယ်” ဟုထုတ်ဖော်ပြောကြားခဲ့သည်။

မိတ်ဆက်ပွဲအခမ်းအနားမှာ vivo Myanmar ရဲ့ Product Manager ကိုကောင်းထက်မိုး၊ မီဒီယာကိုယ်စားလှယ်တော်များဖြစ်ကြသော Technity မှ ကို John Smith နှင့် MMTR မှ ကိုအောင်ကျော်သူ နှင့် Brand Ambassadors များ၊ နာမည်ကျော် ဓာတ်ပုံဆရာ ကိုအောင်ကျော်ထွန်း ၊ တို့နှင့်အတူ အစီစဉ်တင်ဆက်သူ Teresa Khine တို့မှ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ပြီး V29 5G သည် ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ချက်များပါဝင်ပြီး စွဲမက်ဖွယ်ရာ အရောင်များ ပါရှိကြောင်း ချီးကျူးပြောဆိုခဲ့ကြသည်။

ဆန်းသစ်တီထွင်မှု၊ နှစ်သက်ဖွယ်ဒီဇိုင်းနှင့် နည်းပညာကျွမ်းကျင်သော သုံးစွဲသူများအတွက် တောက်ပသော အနာဂတ်ကို ယူဆောင်လာမည့် V29 5G ကို စျေးနှုန်း ၁,၃၉၉,၈၀၀ ကျပ်ဖြင့် အောက်တိုဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး Bluetooth Speaker များကို လက်ဆောင်အဖြစ် ရယူနိုင်ပြီဖြစ်သည်။ V29 သည် စိတ်လှုပ်ရှားဖွယ်ရာ အရောင်နှစ်မျိုးဖြစ်သည့် Peak blue နှင့် Noble Black တို့ဖြစ်သည်။ နောက်ထပ်အချက်အလက်များအတွက် https://www.vivo.com/en/about-vivo/news တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

vivo အကြောင်း

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲ သူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန် အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊ Hangzhou၊Shanghaiနှင့် Xi’an ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ တို့နှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

*”Benfen” သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

vivo ၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news တွင် ဖတ်ရှုနိုင်သည်။