Rakuten Viber သည် မြန်မာနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည့် Flyma နှင့် ပူး‌ပေါင်းကာ ခရီးသွားရာသီအမှီ မြန်မာနိုင်ငံ တဝန်းရှိ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားများအား ပိုမိုအဆင်ပြေ လွယ်ကူစွာ သွားရောက်လည်ပတ် လေ့လာ နိုင်စေရန် ရည်ရွယ်၍ ပြီးပြည့်စုံသည့် ခရီးသွားဝန်ဆောင်မှု ပလက်ဖောင်းများ ဖြစ်သော Experience Myanmar Viber Channel နှင့် Experience Myanmar Bot တို့ကို ခရီးသွားများအတွက် ပေးအပ်လျက်ရှိသည်။

ရင်သပ်ရှုမောဖွယ် မြန်မာ့ရိုးရာ အမွေအနှစ် နေရာများနှင့် အစားအသောက်များအား ၎င်း၏ ဆိုရှယ်မီဒီယာ ပေါ်တွင် ပရိသတ်များနှင့် မျှဝေလေ့ရှိသော နာမည်ကျော် အဆိုတော်နှင့် Food Blogger တစ်ဦးဖြစ်သည့် ဟိဏ်းသစ်သည် Experience Myanmar Channel နှင့် Bot တို့နှင့်တွဲဖက်ကာ စိတ်လှုပ်ရှားဖွယ် အစီအစဉ် တစ်ခုအား တင်ဆက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤအစီအစဉ်တွင် ဟိဏ်းသစ်သည် Experience Myanmar Viber Channel နှင့် Bot တို့ကို အသုံးပြု၍ မြန်မာနိုင်ငံ၏ အထင်ကရ မန္တလေးမြို့သို့ သွားရောက်လည်ပတ်သွားမည် ဖြစ်ကာ ၎င်း၏ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံများအား ပရိသတ်များနှင့် ပြန်လည်မျှဝေသွားမည် ဖြစ်သည်။ “Rakuten Viber နဲ့ Flymya တို့လို နာမည်ကျော် အမှတ်တံဆိပ်တွေနဲ့ လက်တွဲပြီးတော့ အခုလို ခရီးသွား အစီအစဉ်ကို ဖန်တီးခွင့်ရခဲ့တဲ့အတွက် တစ်ကယ့်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အတူလက်တွဲပြီး မြန်မာနိုင်ငံတွင်းက အထင်ကရ နေရာတွေ၊ အလှအပတွေကို ကျွန်တော့်ရဲ့ ပရိသတ်တွေကို မျှဝေပေးသွားမှာပါ” ဟု ဟိဏ်းသစ်က ပြောကြားခဲ့ပါသည်။ ယခု ခရီးသွားအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ် အကြောင်းအရာများ အား လာမည့်ရက်ပိုင်းအတွင်း၌ Experience Myanmar Channel တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ဤ ခရီးသွားအစီအစဉ်နှင့်အတူ Rakuten Viber အနေနှင့် စိတ်လှုပ်ရှားဖွယ် Giveaway အစီအစဉ်များစွာကိုလည်း ခရီးသွားများအား ပေးအပ်သွားရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ Experience Myanmar Bot အား Subscribe ပြုလုပ်ထားသည့် Viber အသုံးပြုသူများအနေနှင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း အဆိုပါ Bot မှတဆင့် ခရီးစဉ်များအား ကြိုတင် Booking ပြုလုပ်သွား ပါက ၁၀,၀၀၀ ကျပ် လျှော့ဈေးအား ချက်ချင်းခံစားသွားနိုင်မည် ဖြစ်သည့်အပြင် အထူးဆုကြီးအဖြစ် ကြိုတင် Booking ပြုလုပ်သူများအနက် ၂ ဦးသည် မန္တလေးမြို့သို့ ၂ ညအိပ်၊ ၃ ရက် ဟိုတယ် + ဘတ်စ်ကားလက်မှတ် စရိတ်ငြိမ်း သွားရောက်လည်ပတ်ခွင့် အစီအစဉ်ကိုလည်း ကံထူးရယူသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း Flymya ၏ CEO ဖြစ်သူ Tim Duits ကလည်း ယခုကဲ့သို့ စိတ်လှုပ်ရှားစရာ အစီအစဉ်အား Viber နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ “အခုလို မြန်မာနိုင်ငံက ရင်သပ်ရှုမောဖွယ် နေရာဒေသတွေအကြောင်း ခရီးသွားတွေကို ပိုမိုသိရှိသွားစေမယ့် အစီအစဉ်တစ်ခုကို Rakuten Viber နဲ့ ပူးပေါင်း လုပ်ဆောင်ခွင့်ရရှိခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံရဲ့ ကြွယ်ဝ လှတဲ့ ယဥ်ကျေးမှုတွေနဲ့ သဘာဝအလှတရားတွေကို ပိုမိုမျှဝေပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

Rakuten Viber အနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ပေးကာ မြန်မာနိုင်ငံ၏ သဘာဝ အလှတရားများအား ကမ္ဘာတစ်ဝန်းမှ ခရီးသွားများအကြား ပိုမိုသိရှိလာနိုင်စေရန်ဟူသော ရည်သန်ချက်နှင့်အညီ ဤ အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤရည်သန်ချက်နှင့် ပတ်သက်၍ Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse မှနေ၍ “မြန်မာနိုင်ငံရဲ့ သူမတူတဲ့ ယဥ်ကျေးမှုတွေကို ခရီးသွားတွေ ပိုမို သိရှိလာနိုင်စေဖို့ Rakuten Viber အနေနဲ့ စဉ်ဆက်မပြတ် ရည်ရွယ်လုပ်ဆောင်နေပါတယ်။ အခု အစီအစဉ်မှာ ဆိုရင်လည်း ဟိဏ်းသစ်နဲ့ Flymya တို့ရဲ့ ကူညီအားဖြည့်မှုတွေနဲ့အတူ ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက စိတ်လှုပ်ရှားစရာ နေရာဒေသတွေကို ‌သိရှိလေ့လာသွားနိုင်မှာ ဖြစ်တဲ့အပြင် Viber က ပေးအပ်တဲ့ အထူးသီးသန့် အကျိုးခံစားခွင့် တွေကိုပါ ရရှိပိုင်ဆိုင်သွားနိုင်မှာပါ” ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

Viber အသုံးပြုသူများအနေနှင့် Subscribers ပေါင်း ၅၁၉,၀၀၀ ‌ကျော်ရှိသော Experience Myanmar Channel နှင့် Experience Myanmar Bot တို့အား အောက်ပါ Link များမှတဆင့် ဝင်ရောက်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။

Experience Myanmar Viber Channel

Experience Myanmar Bot

About Rakuten Viber

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များ ဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း (one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။