ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ (၁၆) ရက်။ နောက်ဆုံးပေါ် စာတိုပို့ဆောင်ခြင်း ဝန်ဆောင်မှုများဖြစ်သည့် Viber Community နှင့် Viber Bot များ အား အသုံးပြုနိုင်ခြင်းအတွက် လူကြိုက်များနေသည့် ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သော Rakuten Viber သည် Unilever ၏ ထုတ်ကုန်များဖြစ်သော E-Lan၊ Family Care၊ Misss ၊ Rexona ၊ Sunsilk ၊ Vaseline တို့နှင့် ပူးပေါင်းကာ လူမှုအကျိုးပြု အစီအစဥ်ကောင်းများစွာကို အကောင်အထည်ဖော်လျက်ရှိပါသည်။

အဆိုပါ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ဖြစ်မှုနှင့် ပတ်သက်၍ “Unilever နဲ့ Rakuten Viber က မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝကို တတ်နိုင်တဲ့နေရာ တစ်ဖက်တစ်လမ်းကနေ ကူညီပြီး အဆင့်မြှင့်တင်ပေးချင်တယ်ဆိုတဲ့ ရည်မှန်းချက်ချင်းတူတဲ့အတွက် အခုလိုမျိုး ပူးပေါင်းပြီး လုပ်ဆောင်ဖြစ်သွားတာပါ။ ကျွန်တော်တို့ ဆန်းသစ်တီထွင်ထားတဲ့ လုပ်ဆောင်ချက်တွေမှန်သမျှက Viber အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေနဲ့ လုံခြုံမှုတွေကို အလေးထားပြီး ဆောင်ရွက်ခဲ့တာဖြစ်လို့ နိုင်ငံတကာက ကုမ္ပဏီကြီးတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်နိုင်စီးပွားရေးလုပ်ငန်းလေးတွေ စတဲ့ လုပ်ငန်းအသီးသီးက ကျွန်တော်တို့နဲ့ ယုံကြည်စွာ လက်တွဲလုပ်ဆောင်လိုကြတာဖြစ်ပါတယ်။ Viber community နဲ့ bot တွေမှာ အသုံးပြုထားတဲ့ ကျွန်တော်တို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့လုပ်ဆောင်ချက်တွေက အခုလို တခြား လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်တဲ့အခါမှာ မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစွာ ရရှိနိုင်ဖို့ကိုလည်း အများကြီး အထောက်အပံ့ပြုနိုင်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားသွားခဲ့ပါသည်။

“အခုလို ခက်ခဲနေတဲ့ အချိန်မျိုးမှာ မြန်မာလူမျိုးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုပြုဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ကိုထိန်းသိမ်းဖို့နဲ့ ကိုယ့်ကိုယ်ပိုင် အရည်အသွေးတွေ မြှင့်တင်နေဖို့က အင်မတန်မှ အရေးကြီးပါတယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အခုလို လူမှုအကျိုးပြု အစီအစဥ်တွေ ဆောင်ရွက်ရာမှာ Rakuten Viber လို ကုမ္ပဏီမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်ရတာ အရမ်းကျေနပ်မိပါတယ်။ သူတို့မှာ ကျွန်တော်တို့လိုချင်သလို မြန်မာနိုင်ငံတွင်းက အသုံးပြုသူပရိတ်သတ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အစီအစဥ်မှာ ဗွီဒီယိုတွေ၊ ပုံတွေနဲ့ အခြားသော မက်ဆေ့ချ်ပုံစံမျိုးစုံကို ပရိတ်သတ်‌တွေဆီ အရောက် ပို့ဆောင်ဖို့အတွက်က လုံခြုံစိတ်ချရတဲ့၊ ကောင်းမွန်ပြီး အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်း တစ်ခုရှိဖို့ အဓိကလိုအပ်ပါတယ်။ Viber Community နဲ့ Bot တွေက ကျွန်တော်တို့ရှာဖွေနေတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည့်စုံတဲ့အတွက် ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုအစီအစဥ်တွေ အနေနဲ့ မြန်မာပြည်သူတွေ ကျန်းမာရေးကို ဂရုစိုက် ထိန်းသိမ်းနိုင်ကြပြီး မိမိတို့အနာဂတ်အတွက် အရေးပါတဲ့ ဗဟုသုတတွေ အရည်အသွေးတွေ မြှင့်တင်ဖို့ အကူအညီပေးရာမှာ အထောက်အကူပြုမယ်လို့ ယုံကြည်ထားပါတယ်။” ဟုလည်း Unilever Myanmar, Cambodia and Laos မှ Marketing Director ဖြစ်သူ Nipun Talwar က ပြောကြားသွားခဲ့ပါသည်။

Viber Community နှင့် Bot များအတွင်း ဗွီဒီယိုသင်ခန်းစာများမှတစ်ဆင့် သင်ကြားပြသပေးသော Unilever ၏ အစီအစဥ်များသည် မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အသိပညာ အတတ်ပညာများအား အဆင့်မြှင့်တင်ပေးရာတွင် အ‌ထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပါသည်။ လက်ရှိတွင် Unilever နှင့် Viber ပူးပေါင်း၍ အကောင်အထည်ဖော်ထားသော အစီအစဥ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Rexona ၏ “Move More with Rexona” Viber Bot နှင့် Community

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းသင်ခန်းစာများအား ပရော်ဖက်ရှင်နယ် နည်းပြများမှတစ်ဆင့် ရွေးချယ်ထားသည့် Rexona Heroes ၁၀ ဦးအား သင်ကြားပြသပေးသွားသည်ကို အပိုင်း ၁၀ ပိုင်းဖြင့် တင်ဆက်ပေးသွားမည့် အစီအစဥ်ဖြစ်သည်။ အဆိုပါ သင်ခန်းစာ ဗွီဒီယိုများအား Rexona ၏ Viber Community နှင့် Bot သို့ဝင်ရောက်ကာ ကြည့်ရှုနိုင်ပြီး သင်ကြားပြသမှုများအတိုင်း ကိုယ်တိုင်လိုက်လုပ်ထားသည့် ဓာတ်ပုံ (သို့မဟုတ်) ဗွီဒီယိုအား Rexona Myanmar chatbot သို့ ပေးပို့၍ ကမ်ပိန်းတွင် ပါဝင်သူတိုင်းအတွက်လည်း တစ်ဦးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် Rexona Hero များထံသို့ လှူဒါန်းရာ၌ ထည့်ဝင်ပေးသွားမည်ဖြစ်သည်။

Sunsilk ၏ “အိပ်မက်တွေကို အစပျိုးမယ်” Viber Community

Unilever Myanmar partners with Rakuten Viber to uplift the lives of people

ဆန်းစစ်ချစ်သူ မြန်မာမိန်းကလေးများအား မိမိတို့၏ ကိုယ်စီရည်မှန်းချက် အိပ်မက် ပန်းတိုင်များဆီသို့ အခက်အခဲများကြားမှ အရောက် လျှောက်လှမ်းနိုင်ရန် အားပေးကူညီထောက်ပံ့ပေးမည့် အစီအစဥ်ဖြစ်ပါသည်။ မိမိတို့၏ အိပ်မက်များဆီ အရောက်သွားရန် “အိပ်မက်တွေကို အစပျိုးဖို့ အစီအစဥ် ရေးဆွဲခြင်း”၊ ဆံကေသာ ပညာရပ်၊ မိတ်ကပ်ပညာရပ်နှင့် ပန်းချီ အနုပညာဆိုင်ရာ အခြေခံတို့ကို သင်ကြားပေးမည့် အခမဲ့ ဗီဒီယို များအပြင် အိပ်မက်ပန်းတိုင်များဆီ လျှောက်လှမ်းဖို့ အထောက်အကူပြုစာစုများစွာတို့ကို မျှဝေသွားမည်ဖြစ်သည်။ ယင်းသို့ ကိုယ်စွမ်းကိုယ်စကို ထုတ်ဖော်အရောင်တင်ရန် အထောက်အပံ့ပြုပေးနိုင်မည့် လမ်းညွှန်ပြသချက်များအား Sunsilk ၏ Viber Community အတွင်း၌ ပုံမှန်မျှဝေပေးသွားမည် ဖြစ်သည်။ ဝင်ရောက်ကြည့်ရှုသူများအနေဖြင့် Viber Bot အတွင်းရှိ ဉာဏ်စမ်းမေးခွန်းများအား ဖြေဆိုပြီး ဆုလက်ဆောင်များလည်း ရရှိနိုင်မည်ဖြစ်သည်။

Misss ခေါင်းလျှော်ရည်၏ “ပေါ်လွင်လှပ ပင်ကိုယ်သဘာဝ” Viber Bot

Unilever Myanmar partners with Rakuten Viber to uplift the lives of people
လွယ်ကူသက်သာစွာ ရရှိနိုင်သော သဘာဝကုန်ကြမ်းပစ္စည်းများနှင့် ပြုလုပ်ထားသည့် အိမ်တွင်းလက်မှုထုတ်ကုန်ပစ္စည်း ပြုလုပ်နည်းများအား ဗွီဒီယိုသင်ခန်းစာများမှတစ်ဆင့် သင်ကြားပြသပေးသွားမည့် အစီအစဥ်ဖြစ်သည်။ “လေ့လာသင်ယူဝင်ငွေထူ Misss နဲ့အတူ” ဟူသည့်အတိုင်း မြန်မာအမျိုးသမီးငယ်များ ကိုယ်တိုင်ဖန်တီးရောင်းချ၍ အပိုဝင်ငွေရှာနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ထားသည့် အစီအစဥ်၌ သင်ခန်းစာများအား Viber Bot အတွင်း၌ အပတ်စဥ် ပေးပို့သွားမည်ဖြစ်ပြီး ဝင်ရောက်ကြည့်ရှုသူများအနေဖြင့် ဉာဏ်စမ်းမေးခွန်းများအားဖြေဆို၍ ဆုလက်ဆောင်များလည်း ရယူနိုင်မည်ဖြစ်ပါသည်။

Vaseline ၏ “အသားအရေ ထိန်းသိမ်းကာကွယ်နည်းများ” Viber Community

Unilever Myanmar partners with Rakuten Viber to uplift the lives of people
အဆိုပါ Viber Community တွင် Call to action, branded content များနှင့် အဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို စီမံခန့်ခွဲခြင်းများ အစရှိသည့် အမျိုးအစားစုံလင်သော လုပ်ဆောင်ချက်များအား ပြုလုပ်နိုင်သည်။ Unilever မှ မြန်မာပြည်သူပြည်သားများ၏ အသားအရေ ကောင်းမွန်ကျန်းမာစေရန် ရည်ရွယ်၍ လုပ်ဆောင်သည့် Vaseline ၏ ထို Community ဖန်တီးရာ၌ အရေပြားအထူးကု ဆရာဝန်များ၏ ကျန်းမာရေးအသိပေးခြင်းနှင့် ကုသခြင်းများအား မတူညီသည့် အရေပြားကျန်းမာ‌ရေးဆိုင်ရာ ခေါင်းစဥ် ၉ ခုအောက်မှနေ၍ အသိပေးတင်ဆက်ပေးသွားမည်ဖြစ်သည်။

E-Lan နှင့် Familycare တို့၏ “ပျော်ရွှင်လေ့လာ ကလေးတို့ကမ္ဘာ” Viber Community

Unilever Myanmar partners with Rakuten Viber to uplift the lives of people
ပထမတန်းမှ တတိယတန်းအရွယ် ကလေးငယ်များ၏ စူးစမ်းလေ့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန်စေရန်အတွက် သိပ္ပံပညာရပ်၊ အနုပညာနှင့် လက်မှုပညာရပ်၊ ကိုယ်လက်လှုပ်ရှားမှု အစရှိသော ဘာသာရပ်အမျိုးမျိုးအား စိတ်ဝင်စားဖွယ် သင်ကြားပြသပေးသွားမည့် အစီအစဥ်ဖြစ်သည်။

Rakuten Viber မှ ပြုလုပ်တင်ဆက်ထားသည့် အရည်အသွေးမြှင့်တင်နိုင်သည့် လူမှုအကျိုးပြုအစီအစဥ်ကောင်းများအား ယနေ့ပင် ဝင်ရောက်လေ့လာလိုက်ပါ။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက်ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။