Samsung Myanmar ၏ Love & Care လူမှုအကျိုးပြုအစီအစဥ်မှ ပဲခူးမြို့တွင်းရှိ သဘာဝရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် စုစုပေါင်း ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။



ရေကြီး၊ ရေလျှံမှုအပြီး ရေဘေးဒဏ်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် ဖောင်တော်ဦး အနိမ့်ပိုင်းအခြမ်းများရှိ ရေဘေးသင့်အိမ်ခြေ ၆၀၀ အတွက် ပြည်သူများ အမှန်တကယ်လိုအပ်နေသည့် ဆန်၊ ဆီအပါအဝင် အလွယ်တကူ ချက်ပြုတ် စားသုံးနိုင်သော အစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများကို ဂရုဏာလက်များ လူမှုကူညီရေး ပရဟိတအသင်း (ပဲခူးမြို့) နှင့်ပူးပေါင်းကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။



“အခုလို မမျှော်လင့်ပဲ ကျရောက်ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုအချိန်မှာ Samsung Myanmar အနေနဲ့ သဘာဝရေဘေးဒဏ်ခံစားခဲ့ရတဲ့ ပဲခူးမြို့က ပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိနေပြီး မြေပြင်ကသူတွေရဲ့ အကြံပြုချက်အတိုင်း ပြည်သူတွေ တကယ်လိုအပ်နိုင်မယ့် ပစ္စည်းတွေကို တတ်စွမ်းသမျှ ရွေးချယ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်မှုတွေရှိနေတဲ့ နေရာတွေမှာ Samsung Myanmar အနေနဲ့ တတ်စွမ်းသမျှ ဖြည့်ဆည်းကူညီမှုတွေ ထပ်မံ ပြုလုပ်သွားဦးမှာပါ။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းမှ ပြောကြားခဲ့ပါသည်။



Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးညဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solution များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာ သိရှိုနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ Samsung Myanmar သည် သုံးစွဲသူများ၏ လူနေမှုစနစ် ပိုမိုမြင့်မားလာစေရန်အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည် မြင့်မားသော ထုတ်ကုန်များနှင့် နည်းပညာများအား စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် Samsung Myanmar သည် မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ပေါင်း (၁၇) ဆိုင်နှင့် Service Center ပေါင်း (၂၂) ဆိုင်တို့မှတစ်ဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်တီးပေးအပ်လျက်ရှိသည်။