• တို့တို့ Topia သည် တို့တို့ကြောင်ဇာတ်ကောင်နှင့်အတူ စွန်စားခန်းများအပေါ် အခြေခံထားသည့် 3D ဂိမ်းစီးရီးသစ်တစ်ခုဖြစ်ပြီး အက်တမ် (ATOM) စတိုးအက်ပ်တွင်လည်း ရရှိနိုင်ပြီဖြစ်သည်။
  • ယခု ကမ်ပိန်းကာလ ရက်ပေါင်း (၉၀) အတွင်း အက်တမ် (ATOM) ၏ အသုံးပြုသူ customer များသည် တို့တို့ Topia ဂိမ်းကို နေ့စဉ် ကစားခွင့်တစ်ကြိမ် အခမဲ့ ရရှိနိုင်မည်ဖြစ်ပြီး ဂိမ်းပက်ကေ့ချ်များကို ဝယ်ယူ၍လည်း ဂိမ်းကစားခွင့်များကို ထပ်မံရယူနိုင်မည်ဖြစ်သည်။
  • ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် လက်ငင်းငွေသားပြန်လည်ပေးအပ်ခြင်း စသော နေ့စဉ်ရရှိနိုင်မည့် လက်ငင်းဆုလက်ဆောင်များနှင့်အတူ မိုဘိုင်းဖုန်းများ၊ ရွှေသားလက်ဆောင်များ ကိုလည်း နှစ်ပတ်တစ်ကြိမ်ပေးအပ်မည့် ဆုလက်ဆောင်များနှင့် အထူးဆုကြီးများအဖြစ် အနိုင်ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် အက်တမ် (ATOM) စတိုးအက်ပ်တွင် ဝင်ရောက်ကစားနိုင်မည့် ဂိမ်းသုံးမျိုးပါဝင်သော ဂိမ်းစီးရီးဖြစ်သည့် တို့တို့ Topia ကို ဝမ်းမြောက်စွာဖြင့် စတင်မိတ်ဆက်ပေးခဲ့ပေးပါသည်။ ယခု 3D ဂိမ်းများသည် ချစ်စရာကောင်းသော တို့တို့ ကြောင်ဇာတ်ကောင်ပေါ်တွင် အခြေခံထားပြီး ဂိမ်းကစားသူများအနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းမျိုးစုံတွင် တို့တို့ကြောင်လေးအား လမ်းညွန်နိုင်ရန်အတွက် ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်နှင့် စွမ်းဆောင်ရည်တို့ကို အသုံးပြုရမည်ဖြစ်သည်။

ယနေ့စတင်သည့် ကမ်ပိန်းကာလ ရက် (၉၀) အတွင်း အက်တမ် (ATOM) အသုံးပြုသူ customer များသည် နေ့စဉ် တို့တို့ Topia ကစားခွင့်တစ်ကြိမ် အခမဲ့ ရရှိမည်ဖြစ်သည်။ အသုံးပြုသူ customer များအနေဖြင့် အက်တမ် (ATOM) စတိုးအက်ပ် မှ ဂိမ်းပက်ကေ့ချ်များကို ဝယ်ယူ၍လည်း ဂိမ်းများကို ပိုမိုဆော့ကစားနိုင်သည့် အခွင့်အရေးများကို ရယူနိုင်ပါသည်။ တို့တို့ Topia ဂိမ်းများကို ကစားသည့်အခါ ပိုမိုရင်ခုန်စိတ်လှုပ်ရှားစေနိုင်ရန်အတွက် နေ့စဉ်လက်ငင်းဆုလက်ဆောင်များ၊ စုစုပေါင်း မြန်မာငွေကျပ်သိန်းပေါင်း (၃,၅၃၀) တန်ဖိုးရှိ များစွာသော နှစ်ပတ်တစ်ကြိမ်ပေးအပ်သော ဆုလက်ဆောင်များနှင့် အထူးဆုကြီးများကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။

အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ahmad Abdallah က “တို့တို့ Topia ဂိမ်းက ပုံမှန်ဂိမ်းကစားရတာကို ကြိုက်တဲ့သူတွေသာမကပဲ စိတ်အားထက်သန်စွာနဲ့ ဂိမ်းဆော့တဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့ ပျော်စရာကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်တဲ့ ဂိမ်းတစ်ခုပါ။ ကောင်းမွန်ပြောင်မြောက်တဲ့ ရုပ်ထွက်ပုံတွေနဲ့ ဆော့လို့ကောင်းအောင် ဖန်တီးထားတဲ့အတွက်ကြောင့် ဒီဂိမ်းကို ကစားသူတွေအနေနဲ့ တို့တို့ Topia လို့ခေါ်တဲ့ ကမ္ဘာထဲမှာ လုံးဝ နစ်မြောသွားမှာပါ။ အက်တမ် (ATOM) အသုံးပြုသူ customer တွေအနေနဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတို့နဲ့ အတူတူကစားပြီး ပျော်ရွှင်နိုင်တာကြောင့် တို့တို့ Topia ဂိမ်းကို ဆော့ကစားရင်း အတွေ့အကြုံကောင်းလေးတွေကို အတူတူရရှိပိုင်ဆိုင်နိုင်ကြဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်မိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

တို့တို့ Topia ဂိမ်း ကစားနည်း

တို့တို့ Topia ဂိမ်းတွင် စွန့်စားခန်းနှင့် ရှာဖွေစူးစမ်းမှုများအပေါ် အခြေခံထားသည့် ဂိမ်း အဆင့် (၃) ဆင့် ပါဝင်ပါသည်။

● ထုပ်စည်းတိုး (အဆင့် ၁): ဂိမ်းကစားသူများသည် တခြားဇာတ်ကောင်များက တို့တို့ကြောင်လေးကို မဖမ်းမိစေရန် ဂိမ်းအဆုံးထိ တို့တို့ကြောင်လေးကို ရွေ့ကစားရင်း အနိုင်ရသည်အထိ ဆော့ရမည်ဖြစ်ပါသည် ဖြစ်သည်။

● ဘာစား (အဆင့် ၂): ဂိမ်းကစားသူများသည် တို့တို့ကြောင်လေး စားချင်သည့် စားစရာကို ချက်ပြုတ်ပေးရန်အတွက် မှန်ကန်သည့် ပါဝင်ပစ္စည်း ၃ မျိုး ရွေးချယ်ရမည်ဖြစ်သည်။

● စိန်ပြေးလိုက် (အဆင့် ၃): ဂိမ်းကစားသူများသည် သတ်မှတ်ထားသည့်အချိန်တွင် တို့တို့ကြောင်လေး၏သူငယ်ချင်း သုံးယောက်ကို ဖမ်းမိရန်အတွက် တို့တို့ကြောင်လေးကို လမ်းပြ၍ ရွှေ့ပေးရမည်ဖြစ်သည်။

ကမ်ပိန်းကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူ customer များသည် အက်တမ် (ATOM) စတိုးအက်ပ်ကို ဝင်ရောက်သည့်အခါ နေ့စဉ် တို့တို့ Topia ကစားခွင့်တစ်ကြိမ် အခမဲ့ ရရှိမည်ဖြစ်သည်။ အသုံးပြုသူ customer များသည် တို့တို့ Topia ဂိမ်းစာမျက်နှာပေါ်ရှိ ဂိမ်းပက်ကေ့ချ်များကို ဝယ်ယူပြီး ဂိမ်းကစားခွင့်များကို ထပ်မံရယူနိုင်ပါသည်။ အခြားနည်းလမ်းအနေဖြင့် အက်တမ် (ATOM) အသုံးပြုသူ customer များသည် ၎င်းတို့၏ ဖုန်းဘေလက်ကျန်ငွေမှ မြန်မာငွေ (၉၉) ကျပ် ဖြင့် ဂိမ်းကစားခွင့် တစ်ကြိမ် ဝယ်ယူနိုင်ပါသည်။ အက်တမ် (ATOM) အသုံးပြုသူ customer များသည် ဂိမ်းကို ပိုမို အချိန်ကြာကြာဆော့နိုင်ရန် ကူညီပေးနိုင်မည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သော Game Booster ကိုလည်း ၎င်းတို့၏ဖုန်းဘေလက်ကျန်ငွေဖြင့်ဝယ်ယူနိုင်ပါသည်။

စိတ်လှုပ်ရှားစရာ နေ့စဉ်နှင့် နှစ်ပတ်တစ်ကြိမ် ကံစမ်းမဲများ၊ အထူးဆုကြီးမြောက်များစွာ

တို့တို့ Topia ဂိမ်းကစားသူများသည် ကစားပွဲ၏ အဆင့်တစ်ဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးတိုင်း နေ့စဥ်လက်ငင်းရရှိသည့် ကံစမ်းမဲဆုများ ရရှိနိုင်ရန် အခွင့်အရေးရရှိမည် ဖြစ်သည်။ ဂိမ်း အဆင့် သုံးဆင့်လုံး အောင်မြင်သည့် ဂိမ်းကစားသူများအနေဖြင့် iPhone 14 Pro Max ကံထူးရှင် ငါးဦးနှင့် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ကံထူးရှင် ငါးဦးတို့ကို နှစ်ပတ်တစ်ကြိမ် မဲနှိုက်ရွေးချယ်မည့် ကံစမ်းမဲအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ အက်တမ် (ATOM) အသုံးပြုသူ customer များသည် တို့တို့ Topia ဂိမ်းကို အပတ်စဥ် ကစား၍ နှစ်ပတ်တစ်ကြိမ်ကံစမ်းမဲဆုများအား ကံစမ်းနိုင်ပါသည်။

တို့တို့ Topia အဆင့် သုံးခုလုံး အောင်မြင်သည့် ဂိမ်းကစားသူများသည် အထူးဆုကြီးများကို ကံစမ်းနိုင်သည့် Mega Grand Draw လက်မှတ်များရရှိမည်ဖြစ်ပြီး ကမ်ပိန်းကာလပြီးဆုံးသည့်အခါ အက်တမ် (ATOM) မှ အီလက်ထ‌ရောနစ်မဲနှိုက်စနစ်ဖြင့် အထူးဆုကြီးများ၏ ဆန်ကာတင်ကံထူးရှင် အယောက် ၅၀ အား ရွေးချယ်သွားမည်ဖြစ်သည်။ အထူးဆုကြီးများ၏ Mega Grand Draw ကံစမ်းမဲလက်မှတ် အရေအတွက် ပိုမိုရရှိသော customer များသည် နောက်ဆုံးဆန်ကာတင် အယောက် ၅၀ အတွင်း ပါဝင်ရန် အခွင့်အလမ်းပိုမိုမြင့်မားမည်ဖြစ်သည်။ ထို့နောက် အဆိုပါဆန်ကာတင်စာရင်း အယောက် ၅၀ ထဲမှ Mega Grand Draw အထူးဆုကြီးများ၏ ကံထူးရှင်များအား ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။

ကံစမ်းပေးမည့် Mega Grand Draw အထူးဆုကြီးများမှာ –

● ငွေသားဆု: ငွေကျပ် သိန်းငါးရာ ဆုကြီး (၁) ဆု

● ငွေသားဆု: ငွေကျပ် သိန်းနှစ်ရာ ဆုကြီး (၂) ဆု

● ငွေသားဆု: ငွေကျပ် သိန်းတစ်ရာ ဆုကြီး (၃) ဆု

● ငွေသားဆု: ငွေကျပ် သိန်းငါးဆယ် ဆုကြီး (၄) ဆု

● ရွှေဆု: ၁၆ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ရွှေသား လက်ဆောင်ဆု (၁၀) ဆု

အက်တမ် (ATOM) အသုံးပြုသူ customer များသည် တို့တို့ Topia ဂိမ်းကို အက်တမ် (ATOM) ကွန်ရက်အားအသုံးပြု၍ အက်တမ် (ATOM) စတိုးအက်ပ်တွင် ဒေတာကုန်ကျမှုမရှိဘဲ ဆော့ကစားနိုင်မည် ဖြစ်ပါသည်။ တို့တို့ Topia ဂိမ်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက https://www.atom.com.mm/my/personal/TohTohTopia သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ အက်တမ် (ATOM) စတိုးအက်ပ်အား Google Play Store ၊ Apple Store သို့မဟုတ် အက်တမ် (ATOM) ဝက်ဘ်ဆိုဒ်ဖြစ်သော https://www.atom.com.mm/my/personal/ATOMstoreapp တို့တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။