လုံခြုံစိတ်ချမှု အပြည့်အဝရှိသော စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း Rakuten Viber ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ခရီးသွား ကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြည်တွင်းထိပ်တန်းခရီးသွားဝန်ဆောင်မှု လုပ်ငန်း Flyma နှင့် ပူးပေါင်း၍ Experience Myanmar Channel အား ပြီးခဲ့သည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ယခုအချိန်တွင် Subscribers ပေါင်း ၅ သိန်းနီးပါးအထိ ရှိလာပြီ ဖြစ်သည်။အဆိုပါ Experience Myanmar Viber Channel ၏ အောင်မြင်မှုများနှင့်အတူ Rakuten Viber နှင့် Flymya တို့သည် မြန်မာနိုင်ငံအတွင်း ခရီးသွားလာခြင်းနှင့် ပတ်သက်၍ တစ်နေရာတည်းတွင် ပြီးပြည့်စုံမှုအရှိဆုံး ဝန်ဆောင်မှုများအား ပေးအပ်သွားနိုင်မည့် Experience Myanmar Travel Bot အား ယခု အသစ်ထပ်မံမိတ်ဆက်ခဲ့ပြီ ဖြစ်သည်။

Viber သုံးစွဲသူများအနေနှင့် ဤ Travel Bot အသစ်အား Experience Myanmar Viber Channel မှတဆင့် အလွယ်တကူ အသုံးပြုသွားနိုင်မည် ဖြစ်ကာ လေယာဥ်ခရီးစဉ်များ၊ ဘတ်စ်ကားများ၊ ဟိုတယ်များ၊ ပရိုမိုရှင်းများ၊ ခရီး သွားလာခြင်းနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာ အကြောင်းအရာများအား တစ်နေရာတည်းတွင် ရှာဖွေသွားနိုင်မည် ဖြစ်သည့်အပြင် လိုအပ်ပါက ဝန်ဆောင်မှုပေးအပ်သည့် အေးဂျင့်များနှင့်လည်း တိုက်ရိုက် ဆက်သွယ်ဆွေးနွေးသွားနိုင် မည် ဖြစ်သည်။ ဤ Experience Myanmar Travel Bot အား မြန်မာနိုင်ငံတွင်း ခရီးသွားလာမှု အမြင့်မားဆုံး ကာလတစ်ခုဖြစ်သော ဧပြီလမှစတင်၍ Viber တွင် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

Experience Myanmar Travel Bot သည် Subscribers များအတွက် သူမတူသော အထူးခံစားခွင့်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ ခရီးသွားများ အနေနှင့် Travel Bot မှတဆင့် မြန်မာနိုင်ငံတွင်း၌ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ဖြစ်စေ လေယာဉ်ခရီးစဉ်များ၊ ဟိုတယ်များနှင့် အခြား ဝန်ဆောင်မှုများအား အသက်သာဆုံးနှင့် အလွယ်ကူဆုံး စီစဉ်သွားနိုင်မည် ဖြစ်သည်။ အလားတူပင် Subscribers များအနေနှင့် ကုန်ကျစရိတ်အနည်းဆုံးနှင့် ခရီးသွားလာနိုင်မည့် Travel Tips များကိုလည်း ရရှိသွားနိုင်မည် ဖြစ်သည့်အပြင် စိတ်လှုပ်ရှားစရာ ခရီးစဉ်များအား ကြိုက်နှစ်သက်သူများ အတွက် Adventure ခရီးစဉ်များ ကိုလည်း Experience Myanmar Viber Channel မှတဆင့် သိရှိသွားနိုင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံအတွင်း ခရီးသွားလာချင်တဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုပြီးပြည့်စုံမှုရှိတဲ့ Ecosystem တစ်ခု ကို ပေးအပ်သွားနိုင်ဖို့ ဒီ Experience Myanmar Travel Bot ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ သုံးစွဲသူတွေ အနေနဲ့ Experience Myanmar Travel Bot ကို အသုံးပြုပြီး သူတို့ရဲ့ လေယာဉ်ခရီးစဉ်တွေကနေစပြီး တည်းခိုစရာနေရာအထိ တစ်နေရာတည်းမှာ စိတ်တိုင်းကျ အဆင်ပြေလွယ်ကူမှု အရှိဆုံး လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ် ပြီး အခုလို Flyma နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။

“Viber မှာရှိတဲ့ Experience Myanmar Travel Bot ဟာ မြန်မာနိုင်ငံတွင်း ခရီးသွားလာလိုတဲ့ သုံးစွဲသူတွေကို ပိုမို အဆင့်မြင့်မားတဲ့ ဝန်ဆောင်မှု အတွေ့အကြုံတွေကို ရရှိခံစားသွားစေနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရင်သပ်ရှုမောစရာ အလှတရားတွေကို အလွယ်ကူဆုံးနဲ့ ပြီးပြည့်စုံမှုအရှိဆုံး လည်ပတ်သွားနိုင်အောင် ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု Flymya ၏ Chief Executive Officer ဖြစ်သူ Tim Duits က ပြောကြားခဲ့သည်။

သုံးစွဲသူများအနေနှင့် Experience Myanmar Travel Bot နှင့် Experience Myanmar Viber Channel များအား အောက်ပါ Link များမှတဆင့် အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်သည်။

Experience Myanmar Travel Bot
Experience Myanmar Viber Channel

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။