ကမ္ဘာထိပ်တန်း စာတိုပေးပို့မှုပလက်ဖောင်း Rakuten Viber သည် “သုံးစွဲသူတွေနဲ့ ချိတ်ဆက်ခြင်း : Viber ချန်နယ်နဲ့ လုပ်ငန်းရှင်၊ Content ဖန်တီးသူတွေအတွက် အခွင့်အရေး” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲ (Virtual Workshop) တစ်ခုအား မကြာသေးမီက ပြုလုပ်ကျင်းပခဲ့သည်။ Viber မှ တာဝန်ရှိသူများ၊ မိတ်ဖက် Speakers များနှင့် နယ်ပယ်ကဏ္ဍပေါင်းစုံမှ တက်ရောက်သူ ပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့သည့် အဆိုပါ အွန်လိုင်း အလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် Viber သည် ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် Content ဖန်တီးသူများ အနေနှင့် Viber ချန်နယ်နှင့် ၎င်း၏ သူမတူသော လုပ်ဆောင်ချက်များ မှတဆင့် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများအား မည်သို့ ဖန်တီးသွားနိုင်မည် ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးမျှဝေပေးသွားခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲအတွင်း၌ Viber ချန်နယ်များအား အသုံးပြု၍ ပရိသတ်များနှင့် မည်သို့ ပိုမိုအဆင်ပြေ လွယ်ကူစွာ ချိတ်ဆက်နိုင်မည်၊ မည်သို့သော လုပ်ဆောင်ချက်များအား အသုံးပြု၍ Engagement ပိုမိုကောင်းမွန်စေရန် လုပ်ဆောင် နိုင်မည် အစရှိသည့် သိမှတ်စရာ အချက်အလက်များ အပါအဝင် Viber ချန်နယ်များအား အသုံးပြုနေသည့် ကမ္ဘာတစ်ဝန်းမှ နာမည်ကျော် စီးပွားရေးလုပ်ငန်းများနှင့် Content ဖန်တီးသူများ အကြောင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြား ပေးခဲ့သည်။

“ရိုးရိုးသာမန်စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခုဆိုတာထက် ပိုပြီးတော့ Viber အနေနဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ၊ Content ဖန်တီးသူတွေကို Viber ချန်နယ်တွေကနေတဆင့် သူတို့ရဲ့ သုံးစွဲသူတွေ၊ ပရိသတ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက် ပြောဆိုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ နောက်တစ်ခါ ဒီ Viber ချန်နယ်တွေကိုလည်း အဆင့်အမြင့်မားဆုံး လုံခြုံရေး စနစ်တွေနဲ့ များစွာသော ဆက်သွယ်ချိတ်ဆက် ပြောဆိုနိုင်တဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သုံးစွဲသူတွေ အားလုံးအတွက် အကောင်းမွန်ဆုံးနဲ့ လုံခြုံမှု အရှိဆုံး ဆက်သွယ်ရေးကြားခံ အက်ပလီကေးရှင်းတစ်ခု အဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်တဲ့အပြင် သုံးစွဲသူတွေ အတွက် ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ အသုံးပြုမှုအတွေ့အကြုံတွေကို ပေးအပ်သွားနိုင်ဖို့ အတွက်လည်း အမြဲကြိုးစား လုပ်ဆောင်နေပါတယ်” ဟု Rakuten Viber ၏ Business Development Manager ဖြစ်သူ ကိုရဲထွန်းနိုင် မှပြောကြား သွားခဲ့ပါသည်။

ချန်နယ်ဆိုသည်မှာ အကြောင်းအရာတစ်ခုအပေါ် စိတ်ဝင်စားမှု တူညီသည့် သုံးစွဲသူများအား စု‌ဖွဲ့ပေးနိုင်သည့် Viber ၏ Group Chat အကြီးစားဟု ဆိုနိုင်ပြီး Admin များမှ စီမံခန့်ခွဲနိုင်ခြင်း၊ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအား စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ ဆက်သွယ်ချိတ်ဆက် ပြောဆိုမှုများအတွက် အသင့်တော်ဆုံးသော Tools များပါဝင်ခြင်း စသည့် လုပ်ဆောင်ချက်များနှင့်အတူ ဖန်တီးပြုလုပ်ပေးထားသည်။ Viber ချန်နယ်များမှ တဆင့် စီးပွား‌ရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ Content ဖန်တီးသူများသည် poll များ၊ comment များ၊ Scheduled Messages နှင့် Pinned Message စသည် တို့မှတစ်ဆင့် ၎င်းတို့၏ ချန်နယ်အဖွဲ့ဝင် ပရိတ်သတ်များအား ကိုယ်ရေးကိုယ်တာ လုံခြုံမှုပိုင်း ဆိုင်ရာ တစ်စုံတစ်ရာ စိတ်ပူစရာမလိုပဲ အပြန်အလှန် ဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။

ထို့အပြင် ဆက်လက်၍ အထူးဖိတ်ကြားထားသည့် ဧည့်သည် Speaker များဖြစ်ကြသော Flymya.com မှ Marketing Lead တစ်ဦးဖြစ်သည့်အပြင် Experience Myanmar Viber ချန်နယ်မှ Super Admin လည်းဖြစ်သူ မသီရိရတနာနိုင်နှင့် ပရိသတ်များ အကြား ရေပန်းစားသည့် Content ဖန်တီးသူတစ်ဦးဖြစ်သည့် ကိုဟိဏ်းသစ်တို့မှလည်း Viber ချန်နယ် အား စတင်ဖန်တီးအသုံးပြုဖြစ်ခဲ့မှု၊ ပရိတ်သတ်များနှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံများနှင့် ၎င်းတို့၏ အနာဂတ် အစီအစဉ်များ အကြောင်းကို ဝင်ရောက်ဆွေးနွေးပေးခဲ့သည်။

ခရီးသွားလာသူများအတွက် အဆင်ပြေလွယ်ကူမှု အရှိဆုံး အစီအစဉ်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ ပရိုမိုးရှင်းများ၊ ဆောင်းပါးများကို မျှဝေပေးရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသည့် Experience Myanmar သည် Subscriber ၅၈၀,၀၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံးသော Viber ချန်နယ်တစ်ခု ဖြစ်သည်။

“သီရိတို့ Viber ချန်နယ်ကို စလုပ်ကတည်းက ပရိသတ်တွေ ကြိုက်နှစ်သက်မယ့်၊ သူတို့ကို ချိတ်ဆက်နိုင်မယ့် အကြောင်းအရာတွေကို အဓိကထား ဖန်တီးတင်ဆက်ပေးရုံသာမက ကြည့်ရှုသူတွေဆီက အနှုတ်သဘော ဆောင်တဲ့ တုံ့ပြန်မှုတွေ ရရှိနိုင်မယ့် အကြောင်းအရာမျိုးတွေကိုလည်း မရေးမိအောင် သတိထားပါတယ်။ သူတို့ရဲ့ comment တွေ၊ သူတို့ဖြေဆိုထားတဲ့ poll၊ quizz၊ စတဲ့ Viber ချန်နယ်ရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုပြီးတော့လည်း သူတို့ ဘယ်လိုအကြောင်းအရာမျိုးကို ကြိုက်နှစ်သက်တယ်၊ သူတို့နဲ့ ဘယ်လိုမျိုး ချိတ်ဆက်သွားမယ် ဆိုတာမျိုးတွေကို အမြဲတမ်း တိုင်ပင်လုပ်ဆောင်နေပါတယ်” ဟု မသီရိရတနာနိုင်မှ ပြောကြားခဲ့ပါသည်။ “ဆက်လက်ပြီး သီရိတို့အနေနဲ့ Experience Myanmar ချန်နယ်အတွက် Viber Bot ကိုမိတ်ဆက်ပေးဖို့ရှိတဲ့ အပြင် နိုင်ငံကျော် travel blogger တွေနဲ့ ပူးပေါင်းသွားမယ့် အစီအစဉ်တွေ၊ Mascot တွေ၊ စတစ်ကာ တွေနဲ့ Viber lens တွေကိုလည်း မိတ်ဆက်ပေးသွားဖို့ လုပ်ဆောင်နေပါတယ်။”

ဟိဏ်းသစ်သည် ၎င်း၏ Viber ချန်နယ်မှတစ်ဆင့် အစားအသောက်၊ လူနေမှုပုံစံများနှင့် ဖျော်ဖြေရေး ဆိုင်ရာ အကြောင်းအရာများကို မျှဝေပေးလျက်ရှိသည့် Content ဖန်တီးသူတစ်ယောက်ဖြစ်သည်။ Heinn Thit – ဟိဏ်းသစ် Viber ချန်နယ်အား တည်ထောင်ခဲ့သည်မှာ မကြာသေးသော်လည်း အချိန်တိုအတွင်း Subscribers ပေါင်း နှစ်သိန်းတစ်သောင်းခြောက်ထောင်ကျော် ရရှိခဲ့ပြီး ယခုအချိန်ထိ နေ့စဉ်နှင့်အမျှ Subscribers အရေအတွက် တိုးမြင့်လာလျက်ရှိပြီး မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး Viber ချန်နယ်များထဲမှ တစ်ခုအဖြစ် ရပ်တည် နေသည်။

“Viber ချန်နယ်ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော့်ပရိသတ်နဲ့ ကျွန်တော့်ကို ပိုပြီး ဆက်သွယ်ချိတ်ဆက်နိုင် အောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ကျွန်တော့်ရဲ့ အခြား လူမှုကွန်ယက် ပလက်ဖောင်းတွေမှာလည်း ကျွန်တော့် Viber ချန်နယ် အကြောင်းကို အမြံတမ်း ပြောပြလေ့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အမြဲတမ်း ကျွန်တော့် ကြည့်ရှုသူတွေ ဘယ်လို အကြောင်းအရာမျိုးကို ကြိုက်နှစ်သက်တယ်၊ လိုလားတယ် ဆိုတာတွေကို comment section ကနေဖတ်၊ လေ့လာသင့် တဲ့အရာတွေကို သေချာ အချိန်ပေး လေ့လာပြီး သူတို့နဲ့ ချိတ်ဆက်လို့ရမယ့် အကြောင်းအရာ ပုံစံမျိုးတွေကို အဓိကထား ဖန်တီးဖြစ်ပါတယ်။ Viber ချန်နယ်မှာ ရရှိနိုင်တဲ့ လုပ်ဆောင်ချက်တွေထဲက Poll ရယ် Quiz ရယ်ကတော့ ကျွန်တော့်နဲ့ ကျွန်တော့်ရဲ့ ကြည့်ရှု့သူတွေ အကြားမှာ ပိုပြီးနီးစပ်အောင် ပြုလုပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီး ကျွန်တော့် အနေနဲ့လည်း ကြည့်ရှုသူတွေ အကြိုက်တွေ့မယ့် မတူညီတဲ့ အကြောင်းအရာပုံစံမျိုးစုံကို ဖန်တီးနိုင်အောင် အမြဲတမ်း ကြိုးစား လုပ်ဆောင်နေပါတယ်” ဟု ဟိဏ်းသစ်မှ ပြောကြားခဲ့သည်။

Viber ချန်နယ်များတွင် ရရှိနိုင်မည့် အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှု လုပ်ဆောင်ချက်များသည် စီးပွားရေး လုပ်ငန်းများ၊ ကုန်အမှတ်တံဆိပ်များနှင့် content ဖန်တီးသူများအား ၎င်းတို့၏ သုံးစွဲသူများ၊ ပရိသတ်များနှင့် အပြန်အလှန် ထိထိရောက်ရောက် ဆက်သွယ်နိုင်အောင် အကောင်းဆုံး ကူညီပေးနိုင်မည် ဖြစ်သည်။ သုံးစွဲသူပေါင်း အမြောက်အများ ဆီသို့ ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ဆက်သွယ်ပြောဆိုနိုင်သည့် စွမ်းဆောင်ရည် နှင့်အတူ စီးပွားရေး လုပ်ငန်းများ၊ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် content ဖန်တီးသူများ အနေနှင့် Viber ချန်နယ်များမှတဆင့် ကြည့်ရှုသူများထံ ၎င်းတို့၏ လုပ်ငန်းဆောင်တာများနှင့် လှုပ်ရှားမှုများ အကြောင်းကို အချိန်နှင့် တပြေးညီ လွယ်ကူလျင်မြန်စွာ ဆက်သွယ် အသိပေးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Viber ၏ သူမတူသော pinned messages၊ scheduled messages၊ polls နှင့် quizzes စသည့် လုပ်ဆောင်ချက်များ၊ Message Stat နှင့် Channel Insight စသည့် ဒေတာ အချက်အလက်များ မှ တဆင့်လည်း သုံးစွဲသူများနှင့် ပိုမိုဆက်သွယ်ချိတ်ဆက်နိုင်မည့် နည်းဗျုဟာများအား စီစဉ် ရေးဆွဲ သွားနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သူပေါင်းများစွာနဲ့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့ အတွက် တစ်ကယ့်ကို ဝမ်းမြောက်မိပါတယ်။ ဒီဆွေးနွေးပွဲကို ကျွန်တော်တို့ မျှော်မှန်းထားတာထက် တက်ရောက်သူ ဦးရေ ပိုမို များပြားခဲ့ပြီး Viber ချန်နယ်တွေကို အသုံးပြုဖို့ စိတ်ဝင်တစား ဝင်ရောက်ဆွေးနွေးကြတာကိုလည်း တွေ့ရှိရပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ Viber အနေနဲ့ စိတ်ဝင်စားမှု နယ်ပယ်ကဏ္ဍ အသီးသီး အလိုက် သီးသန့် အလုပ်ရုံ ဆွေးနွေးပွဲတွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိပြီး ဒီ ဆွေးနွေးပွဲတွေကနေတဆင့် စီးပွားရေး လုပ်ငန်းတွေနဲ့ Content ဖန်တီးသူတွေ အနေနဲ့ သူတို့ရဲ့ သုံးစွဲသူတွေ၊ ပရိသတ်တွေနဲ့ ဘယ်လိုမျိုး ပိုမို ကောင်းမွန်တဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ ပြုလုပ်သွားနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Rakuten Viber ၏ Business Development Manager ဖြစ်သူ ကိုရဲထွန်းနိုင်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော “သုံးစွဲသူတွေနဲ့ချိတ်ဆက်ခြင်း” အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး တက်ရောက်သူများထံမှလည်း စိတ်ဝင်တစား ဆွေးနွေးမေးမြန်းမှုများအား ရရှိခဲ့သည့်အတွက် အခြားသော သုံးစွဲသူများအတွက်လည်း ပိုမိုအသုံးဝင်စေမည့် ဆောင်ရွက်ချက်များအား Viber မှ လာမည့်ကာလများအတွင် ပြုလုပ်သွားနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက် ရှိပါသည်။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက်ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။