မြန်မာနိုင်ငံတွင် ထင်ရှားသော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းကြီးဖြစ်သည့် Pun Hlaing Hospitals (PHH) သည် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သော လူနာများအနေဖြင့် အလိုအပ်ဆုံးအချိန်တွင် လက်ချောင်းလေးများ လှုပ်ရှားလိုက်ရုံဖြင့် အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ဝန်ဆောင်မှုများ ရယူနိုင်သော ၂၄နာရီ/ ၇ရက်ပတ်လုံး တယ်လီကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်မည့် တယ်လီကျန်းမာရေး မိုဘိုင်းအက်ပ်ပလီကေးရှင်းဖြစ်သော HEAL App ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးကြေညာလိုက်ရပါသည်။ HEAL ဆိုသည်မှာ ‘Health Empowerment and Active Living’ ကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများအနေနှင့် မိမိကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရင်း ပိုမိုတက်ကြွလှုပ်ရှားပြီး ပြီးပြည့်စုံသော လူနေမှုဘဝရရှိနိုင်စေဖို့ ကူညီပေးနိုင်ရန် HEAL App ကို မိတ်ဆက်ပေးလိုက်ရပါသည်။

လူနာများအနေဖြင့် ဗီဒီယို သို့မဟုတ် ဖုန်းမှတစ်ဆင့် ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်များနှင့် ချိတ်ဆက်၍ တယ်လီကျန်းမာရေးဆွေးနွေးမှုများ အလွယ်တကူပြုလုပ်ခြင်း၊ ကိုယ်ပိုင်ဆေးကုသမှုမှတ်တမ်းများ ရယူခြင်း၊ ထပ်မံလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား ရယူခြင်း၊ လူကိုယ်တိုင်သွားရောက်ရမည့် ရက်ချိန်းများအတွက် ကြိုတင်ဘိုကင်ပြုလုပ်ခြင်းနှင့် ဆေးဝါးများပေးပို့ပေးရန် မှာယူခြင်းများ ပြုလုပ်ရန်အတွက် HEAL App ကို သုံးစွဲနိုင်မည်ဖြစ်ပါသည်။ HEAL App သည် လူနာများကို ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကျန်းမာစွာ နေထိုင်နိင်မည့် နည်းလမ်းများ နှင့် တက်ကြွလှုပ်ရှားသော လူနေမှုဘဝကို ရရှိနိုင်စေရန် လူနာများအနေဖြင့် မည်သို့ ကျန်းမာရေးလိုက်စားရန် လိုအပ်သည်တို့ကိုပါ မျှဝေပေးသွားမည်ဖြစ်သည်။

နိုင်ငံတဝှမ်းရှိ အဓိက မြို့ကြီးများ၏ အချက်အချာကျသောနေရာများတွင် တည်ရှိသည့် ဆေးခန်းများစွာနှင့် ဆေးရုံကြီးသုံးခုဖြင့် လည်ပတ်နေသော PHH ၏ ကျယ်ပြန့်ပြည့်စုံလှသော ကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံပြီး ထောက်ပံ့ပေးထားသော HEAL App သည် မြန်မာနိုင်ငံတွင် ဆေးရုံမှ ပထမဦးဆုံး ဦးစီးလုပ်ကိုင်ဆောင်ရွက်သော တယ်လီကျန်းမာရေး အက်ပ်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ သက်တမ်းအတော်ကြာအောင် မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်းအတွက် တည်ရှိနေနိုင်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် စုံလင်စွာ ဝန်ဆောင်မှုပေးနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကြောင့် PHH သည် လူအများလိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အသင့်တော်ဆုံးဖြစ်ပါသည်။

ယနေ့ ကျင်းပသော HEAL App ကို မိတ်ဆက်သည့် အခမ်းအနားတွင် Pun Hlaing Hospitals ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ Gershu Paul က “ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရယူနိုင်တာနဲ့ ပတ်သက်ပြီး အခုလက်ရှိဖြစ်နေတဲ့ ကျန်းမာရေးကွာဟချက်ကို ပေါင်းကူးဖြည့်ဆည်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ နည်းလမ်းတွေ တိုးတက်လာနိုင်ဖို့အပြင် တစ်နိုင်ငံလုံး ပါဝင်အသုံးပြုနိုင်မယ့် ကျန်းမာရေးဝန်ဆောင်မှုကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး HEAL App ကို မိတ်ဆက်ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ဒီ App မှာဆိုရင် တယ်လီကျန်းမာရေးဆွေးနွေးတာ၊ ရက်ချိန်းရယူတာ၊ အီလက်ထရောနစ် ဆေးကုသမှုမှတ်တမ်းတွေ (EMR)နဲ့ ကျန်းမာရေးသတင်းတွေ စတဲ့ လုပ်ဆောင်ချက်တွေ စုံစုံလင်လင် ပါဝင်ပြီး နိုင်ငံတဝှမ်းလုံးက ပြည်သူတွေ ဖုန်းက‌နေတစ်ဆင့် ရိုးရှင်းတဲ့ အဆင့်အနည်းငယ်ကို ပြုလုပ်လိုက်ရုံနဲ့တင် ထိရောက်မှုရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်အောင် ကျွန်တော်တို့က နည်းပညာနှင့် ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုကို ပေါင်းစပ်ပြီး ဒီ App ကို ဖန်တီးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

အချိန်နေရာမရွေး ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို မိုဘိုင်းအက်ပ်တစ်ခုကို သုံးစွဲရုံဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ခံစားနိုင်စေရန် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေတ်မှ ပြည်သူများကို တိုက်တွန်းနိုင်ရန်အတွက် “HEAL, Your Health In Your Hands” ဆိုသော tagline နှင့်အတူ HEAL App ကို မိတ်ဆက်လိုက်ပါသည်။ HEAL App သည် လူတိုင်းရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီလာအောင် လုပ်ဆောင်ရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သွားမှာဖြစ်ပြီး ဝေးလံသောနေရာဒေသများ သို့မဟုတ် သွားလာရခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြသူများ အချိန်နှင့်တပြေးညီ ကျန်းမာရေးအထောက်အပံ့နှင့် သတင်းအချက်အလက်များကို ရယူနိုင်ဖို့ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မှာဖြစ်ပါသည်။

“လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးကို ပိုပြီးကောင်းမွန်အောင် တိုက်တွန်းအားပေးနိုင်ဖို့နဲ့ ပိုပြီးတက်ကြွကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲနိုင်အောင် ကူညီပေးချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ကျွန်မတို့ရဲ့ HEAL App က သမာရိုးကျ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေထက် အများကြီး ထူးခြားပါတယ်။ ကျွန်မတို့ရဲ့ ကတိကဝတ်က လူတိုင်းအတွက် နေရာဒေသမရွေး၊ အချိန်အခါမရွေး အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်ဖို့ ဖြစ်ပြီးတော့ HEAL App နဲ့အတူ ဆေးရုံ၊ ဆေးခန်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို လွယ်လွယ်ကူကူ လက်လှမ်းမီနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Pun Hlaing Hospitals နဲ့ HEAL by Pun Hlaing အနေနဲ့ ကျွန်မတို့ရဲ့ ကတိကဝတ်အတိုင်း တိုးတက်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ နည်းပညာ ဆန်းသစ်တီထွင်မှုတွေမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။” ဟု ပန်းလှိုင်ဆေးရုံ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအမှုဆောင်အရာရှိချုပ် (Emerging Health) ဖြစ်သူ ဒေါက်တာ ဇော်ဝင်းစန္ဒီ မှ ပြောကြားခဲ့ပါသည်။

HEAL App ကို download ပြုလုပ်ခြင်းနှင့် အကောင့်မှတ်ပုံတင်စာရင်းသွင်းခြင်း

HEAL App ကို Google Play Store (သို့မဟုတ်) Apple App Store တို့တွင် အခမဲ့ လွယ်ကူမြန်ဆန်စွာ download ပြုလုပ်နိုင်ပါသည်။ Download ပြီးနောက် လူနာမှတ်ပုံတင် စာရင်းသွင်းရမည်ဖြစ်ပြီး လူနာ၏ အချက်အလက်များကို ထည့်သွင်းကာ လူနာမှတ်တမ်း ပြုလုပ်ရမည်ဖြစ်သည်။ App ၏ ခိုင်မာသော လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်အနေဖြင့် လူနာ၏ အချက်အလက်များ လုံခြုံမှုရှိစေရန် အကောင့်ဝင်ရောက်သည့်အခါ တစ်ခါသုံးစကားဝှက်ဖြင့် ဝင်ရောက်ရမည်ဖြစ်သည်။

HEAL App ဝန်ဆောင်မှုများ

HEAL App တွင် ကျန်းမာရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ဆရာဝန်နှင့် အထူးကုဆရာဝန်ပေါင်း (၁၅၀) ဦး ကျော်မှ လိုအပ်သောဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။ HEAL App ဗားရှင်း ၃.၁.၁ တွင် ပါဝင်မည့် ဝန်ဆောင်မှုများမှာ –

အထွေထွေရောဂါကုဆရာဝန်များနှင့် တယ်လီကျန်းမာရေးဆွေးနွေးနိုင်ခြင်း – လူနာများသည် (၁၅) မိနစ်အတွင်း ကြိုတင်ရက်ချိန်းရယူရုံဖြင့် အထွေထွေရောဂါကုဆရာဝန်များနှင့် တယ်လီကျန်းမာရေး ဆွေးနွေးမှုများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် ဗီဒီယိုဖုန်းခေါ်ဆိုခြင်းကို နေ့တွင်းချင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဆွေးနွေးခြင်း – လူနာများသည် (၆)နာရီအတွင်း အထူးကုဆရာဝန်များနှင့် ကြိုတင်ရက်ချိန်းရယူကာ တယ်လီကျန်းမာရေး ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လူတွေ့ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်း – လူနာများအနေဖြင့် ပန်းလှိုင်ဆေးရုံ/ဆေးခန်းများသို့ လူကိုယ်တိုင်လာရောက်ကာ ဆရာဝန်နှင့် ကျန်းမာရေး စစ်ဆေးကုသမှုခံယူခြင်းကို (၆) နာရီအတွင်း ကြိုတင်ရက်ချိန်းရယူကာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆရာဝန်များနှင့် App တွင်ပါရှိသော စာတိုပို့ဆောင်နိုင်သော feature မှတဆင့် ကျန်းမာရေးဆွေးနွေးခြင်း – လူနာများသည် လုံခြုံစိတ်ချရသည့် App တွင်ပါရှိသော စာတိုပို့ဆောင်နိုင်သော feature အားအသုံးပြု၍ ဆရာဝန်များနှင့် တိုက်ရိုက်ကျန်းမာရေး ဆွေးနွေးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးနှင့် သက်ဆိုင်သော မေးမြန်းချက်များ၊ မိမိခံစားနေရသည့် အသေးစားဝေဒနာများအတွက် အဖြေရှာနိုင်မည်ဖြစ်သည်။

My Health (အီလက်ထရောနစ် ဆေးမှတ်တမ်း) – ဆေးမှတ်တမ်းစာအုပ်အစား လူနာနှင့် ဆရာဝန် နှစ်ဦးလုံး လုံခြုံစိတ်ချစွာ အသုံးပြု စီမံခန့်ခွဲနိုင်မည့် ဆေးမှတ်တမ်းကို Appတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုမှတ်တမ်းတွင် ဆရာဝန်များအနေဖြင့် လူနာများ၏ ဆေးခန်းအချက်အလက်များ၊ ဓာတ်ခွဲခန်းအဖြေများ၊ ဆေးညွှန်းများ၊ အခြားဆေးမှတ်တမ်းများကို သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ လူနာများသည် မိမိတို့၏ ဆေးမှတ်တမ်းများကို အလွယ်တကူရရှိနိုင်ကာ ဆေးရုံဆေးခန်းများတွင် တင်ပြနိုင်မည်ဖြစ်သည်။

ကျန်းမာရေးသတင်းများ – လူနာများသည် နောက်ဆုံးရ ကျန်းမာရေးအချက်အလက်၊ ဗဟုသုတများကို ကျန်းမာရေးဆိုင်ရာ သတင်းဆောင်းပါးများကို ရယူဖတ်ရှုနိုင်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ဆောင်မှု အစီအစဥ်များ – App ထဲတွင် ပြီးပြည့်စုံပြီး စျေးနှုန်းသက်သာကာ ထိရောက်မှုရှိသော ကြိုတင်ကာကွယ်မှုနှင့် ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ ဝန်ဆောင်မှုအစီအစဥ် အမျိုးမျိုးကို လေ့လာရယူနိုင်မည်ဖြစ်သည်။

ဆေးဝါးမှာယူခြင်း – မိမိလိုအပ်သော ဆေးဝါးများကိုလည်း App မှတဆင့် လွယ်ကူစွာ မှာယူနိုင်ပြီး ပိုမိုအဆင်ပြေစေရန် အိမ်တိုင်ရာရောက် ပို့ဆောင်စနစ်ဖြင့် လည်းကောင်း၊ ပန်းလှိုင်ဆေးရုံဆေးခန်းများတွင် ကိုယ်တိုင်ယူစနစ်ဖြင့် လည်းကောင်း ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ဆရာဝန်များ၏ သတင်းအချက်အလက်များ

App တွင် ဆရာဝန်များ၏ ကျွမ်းကျင်နယ်ပယ်များ၊ အရည်အချင်းများ၊ အတွေ့အကြုံများစသည့် ပြီးပြည့်စုံသည့် သတင်းအချက်အလက်များပါဝင်သည်။

ဆေးရုံဆေးခန်းဆိုင်ရာ သတင်းအချက်အလက်များ – လူနာများအနေဖြင့် App တွင် ပန်းလှိုင်ဆေးရုံများ လုပ်ငန်းစု၏ကွန်ရက်အတွင်းရှိ ဆေးရုံဆေးခန်းများ၏ တည်နေရာ၊ ဝန်ဆောင်မှုများ၊ ကုသမှုပေးနေသည့် ဆရာဝန်များနှင့် ဆေးရုံတွင်ရရှိနိုင်သည့် ခံစားခွင့်များကို လေ့လာနိုင်မည်ဖြစ်သည်။

လူနာတင်ယာဥ်ခေါ်ယူခြင်း – အရေးပေါ်ကိစ္စများ၊ အချိန်နှင့်တပြေးညီ ကုသဆောင်ရွက်ရမည့် ကိစ္စများအတွက် ပန်းလှိုင်ဆေးရုံများရှိ လူနာတင်ယာဥ် ခေါ်ဆိုမှုကိုလည်း App မှ တဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ငွေသားမဲ့ပေးချေမှုစနစ်

HEAL App အတွင်းရှိ ဝန်ဆောင်မှုများနှင့် ဆေးဝယ်ယူမှုများအတွက် ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီး အချို့သော ဝန်ဆောင်မှုများအတွက် ကြိုတင်ငွေပေးချေရန်လိုအပ်မည် ဖြစ်ပါသည်။ လူနာများအနေဖြင့် App အတွင်း WavePay (သို့မဟုတ်) credit/debit ကတ် များကို အသုံးပြုပြီး ငွေသားမဲ့ပေးချေမှုစနစ်ဖြင့် လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ထပ်မံသိရှိလိုသော သတင်းအချက်အလက်များအတွက် HEAL App ၏ customer support team အား ဖုန်းနံပါတ် – +၉၅၉ ၇၇၂ ၈၈၉ ၉၅၅ (သို့မဟုတ်) အီးမေးလ်လိပ်စာဖြစ်သော info@healbypunhlaing.com ကို ဆက်သွယ်နိုင်ပါသည်။ HEAL App ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို https://www.facebook.com/healappmm တွင် အချိန်နှင့်တပြေးညီ ဖော်ပြသွားမည်ဖြစ်ပါသည်။

HEAL App အကြောင်း

HEAL App (Health Empowerment and Active Living) သည် ပန်းလှိုင်ဆေးရုံနှင့် HEAL by Pun Hlaing တို့၏ မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူလက်လှမ်းမီစွာ ရရှိနိုင်ရန် ကူညီပြောင်းလဲပေးနိုင်မည့် ရည်ရွယ်ချက်ဖြင့် မိတ်ဆက်ခဲ့သော တယ်လီကျန်းမာရေး မိုဘိုင်းအက်ပလီကေးရှင်း ဖြစ်သည်။ HEAL App သည် ပန်းလှိုင်ဆေးရုံ၏ ကျယ်ပြန့်သော အခြေခံအဖွဲ့အစည်းမှ ပံ့ပိုးထောက်ပံ့မှုဖြင့် ဖန်တီးထားသည့် မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ ပထမဆုံး ဦးဆောင်လုပ်ကိုင်သော တယ်လီကျန်းမာရေး အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ၂၄ နာရီ/ ၇ ရက်ပတ်လုံး ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။

အသုံးပြုသူများ အလွယ်တကူ သုံးစွဲနိုင်သည့် နည်းပညာကိရိယာများ၊ အရင်းအမြစ်များနှင့်အတူ HEAL App သည် လူနာများ၏ ကျန်းမာရေးနှင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကူညီပေးသွားမည် ဖြစ်ပါသည်။ HEAL App သည် တယ်လီကျန်းမာရေးဆွေးနွေးမှုများ၊ ရက်ချိန်းရယူခြင်းများ၊ အီလက်ထရောနစ် ဆေးကုသမှုမှတ်တမ်းများ၊ ကျန်းမာရေးသတင်းများ၊ ဆေးဝါးမှာယူခြင်းများနှင့် အခြားဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ Pun Hlaing Hospitals နှင့် HEAL by Pun Hlaing ၏ တစ်နိုင်ငံလုံး ပါဝင်အသုံးပြုနိုင်မည့် ကျန်းမာရေးဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည့် ကတိကဝတ် တစ်စိတ်တစ်ပိုင်းအနေဖြင့် HEAL App သည် ဆေးရုံကြီးများနှင့် ဆေးခန်းများ၏ ကန့်သတ်ချက်များအား ကျော်လွန်၍ ကျန်းမာရေးဝန်ဆောင်မှုများကို လူနာများ၏ လက်ထဲအရောက် ပေးအပ်သွားမည်ဖြစ်ပါသည်။ https://www.facebook.com/healappmm

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုနှင့် HEAL by Pun Hlaing တို့အကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ၂၀၀၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော အထင်ကရဆေးရုံ တစ်ခုဖြစ်သည့် ပန်းလှိုင်ဆေးရုံသည် ၎င်း၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ဆေးရုံများကို လှိုင်သာယာ၊ တောင်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ထိ တိုးချဲ့ဖွင့်လှစ်ထားရှိသည့်အပြင် မြောက်ဒဂုံမြို့နယ်နှင့် တော်ဝင်တို့တွင်လည်း medical towers များ ထပ်မံဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယခုလက်ရှိတွင် ပန်းလှိုင်ဆေးရုံသည် အမေရိကန်နိုင်ငံ၊ Joint Commission International (JCI) မှ ပေးအပ်ချီးမြင့်သည့် လူနာများဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားသော မြန်မာပြည်ရှိ တစ်ခုတည်းသော ဆေးရုံအဖြစ် ရပ်တည်လျက် ရှိပါသည်။

နည်းပညာအကူအညီကို ကောင်းစွာ အသုံးချပြီး ကျန်းမာသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ခုနှစ်တွင် HEAL by Pun Hlaing ကို ပန်းလှိုင်ဆေးရုံ၏ ပင်မထောက်တိုင် တစ်ခုအဖြစ် စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ HEAL by Pun Hlaing သည် စမ်းချောင်း၊ Star City နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဖွင့်လှစ်ထားသည့် မြောက်မြားစွာသော ပန်းလှိုင်၏ မိသားစု ဆေးခန်းများ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးကို ထိပ်တန်း ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားပါသည်။ ရရှိနိုင်သော ဝန်ဆောင်မှုများထဲတွင် တယ်လီကျန်းမာရေး၊ ကာကွယ်ဆေးထိုးစင်တာများနှင့် နိုင်ငံတစ်ဝန်း ဖြန့်ကျက်ထားသော အကျိုးတူကျန်မာရေးဝန်ဆောင်မှုများ ပါဝင်ပါသည်။

ပန်းလှိုင်ဆေးရုံ၏ ရည်ရွယ်ချက်မှာ အများပြည်သူလက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးစံနှုန်းများနှင့်အညီ ‌ပုံဖော်လုပ်ဆောင်ကာ ကောင်းမွန်ပြည့်စုံပြီး ကရုဏာအပြည့်အဝထားရှိ၍ မြန်မာပြည်ရှိ လူမှုစီးပွားကဏ္ဍ နယ်ပယ်မျိုးစုံမှ ပြည်သူပြည်သား အားလုံးဆီသို့ ဝန်ဆောင်မှုများအား ထိရောက်မှုရှိရှိ ပေးအပ်နိုင်ရန်ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက https://www.punhlainghospitals.com နှင့် https://yoma-ouehealthcare.com တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။