ကမ္ဘာတစ်ဝှမ်းတွင် အရည်အသွေး အမြင့်မားဆုံး အိမ်သုံး လျှပ်စစ်ပစ္စည်းများအား တီထွင်ထုတ်လုပ်ရောင်းချလျက်ရှိသည့် Samsung Electronics Co. Ltd သည် ယခု မိုးနှောင်းကာလတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းမှ သုံးစွဲသူများအားလုံးကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ငွေသား လက်ဆောင်များစွာ ပြန်လည်ပေးအပ်သွားမည့် “Pre-World Cup ပရိုမိုးရှင်း” အစီအစဉ်အား ယူဆောင်လာပြီ ဖြစ်သည်။

နိုဝင်ဘာလတွင် စတင်ကျင်းပသွားမည့် FIFA World Cup ပြိုင်ပွဲကြီးအား ကြည်လင်ပြတ်သားမှု အရှိဆုံး ရုပ်ထွက် အရည်အသွေးနှင့် ကြည့်ရှုသွားနိုင်ရန်အတွက် Samsung Myanmar မှ Pre-World Cup ပရိုမိုးရှင်း အစီအစဉ်အား စက်တင်ဘာလ ၁ ရက်နေ့ မှစတင်၍ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ ပေးအပ်လျက်ရှိသည်။ အဆိုပါ ပရိုမိုးရှင်း အစီအစဉ်အရ Samsung Electronics Co., Ltd ၏ နောက်ဆုံးပေါ် အရည်အသွေး အမြင့်မားဆုံးသော ၂၀၂၂ ခုနှစ်ထုတ် Neo QLED 8K တီဗီ၊ Neo QLED 4K၊ QLED 4K မော်ဒယ်များနှင့် Smart UHD 4K TV များအား ဝယ်ယူအားပေးသူများအတွက် ငွေသားလက်ဆောင် ၅ သောင်းကျပ်မှ ၁၂ သိန်းကျပ်အထိ Samsung Myanmar မှ ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်။

“နိုဝင်ဘာလထဲမှာ ကျင်းပပြုလုပ်သွားတော့မယ့် FIFA World Cup ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက ဘောလုံးချစ်ပရိတ်သတ်တွေ အားလုံး စောင့်မျှော်ကြည့်ရှုဖို့ ပြင်ဆင်နေကြတယ်ဆိုတာကို သိရှိထားတဲ့အတွက်ကြောင့် အခုလို ၅ သောင်းကျပ်ကနေ ၁၂ သိန်းကျပ်အထိ ငွေသားလက်ဆောင်များစွာကို ပြန်လည်‌ပေးအပ်သွားမယ့် ပရိုမိုးရှင်းအစီအစဉ်တစ်ရပ်ကို Samsung ပရိတ်သတ်တွေအတွက် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ၁၆ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ် ရောင်းချသူ အဖြစ် ဦးဆောင်နေတဲ့ ကျွန်တော်တို့ Samsung ရဲ့ နောက်ဆုံးပေါ် အရည်အသွေး အမြင့်မားဆုံး တီဗီတွေ နဲ့ အတူ မြန်မာနိုင်ငံက ဘောလုံးချစ်ပရိသတ်တွေအနေနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေကို ကြည်လင်ပြတ်သားမှု အရှိဆုံး ကြည့်ရှုခံစားသွားနိုင်မှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song က ပြောကြားခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁ ရက်နေ့ မှ နိုဝင်ဘာလ ၂၅ ရက် အတွင်း သတ်မှတ်ထားသည့် Samsung အမှတ်တံဆိပ် ရေခဲသေတ္တာများနှင့် အဝတ်လျှော်စက်များအား ဝယ်ယူလိုသည့် Samsung ချစ်သူများ အတွက်လည်း ငွေသား ပြန်အမ်းငွေ Cashback ငွေကျပ် ၃သိန်း အထိ ပြန်လည်ပေးအပ်သွားမည့် “ဂါရဝ ပရိုမိုးရှင်း” အစီအစဉ်ကိုလည်း လုပ်ဆောင် ထားသည်။

Samsung Myanmar သည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအား ၄၀ ရာခိုင်နှုန်းထိလျှော့ချပေးမည့် Digital Inverter ၊ ရေခဲသေတ္တာအတွင်း ထောင့်ပေါင်းစုံအား အအေးဓာတ်ပေးစွမ်းနိုင်မည့် all cooling system အစရှိသည့် မြန်မာနိုင်ငံ အတွက် ကိုက်ညီမှုအရှိဆုံး ထုတ်ကုန်များနှင့် နောက်ဆုံးပေါ်နည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဖန်တီးပေးအပ် လျက်ရှိသည်။

အထက်ဖော်ပြပါ ပရိုးမိုးရှင်း အစီအစဉ်သည် အခုလက်ရှိအချိန်ကာလများအတွင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ပြီး၊ ပရိုးမိုးရှင်းများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက် များအား Samsung Myanmar Facebook Platform နှင့် နီးစပ်ရာ Samsung Showroom များတွင် သွားရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ Samsung Myanmar သည် သုံးစွဲသူများ၏ လူနေမှုစနစ် ပိုမိုမြင့်မားလာစေရန်အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည်မြင့်မားသော ထုတ်ကုန်များနှင့် နည်းပညာများအား စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် Samsung Myanmar သည် မြန်မာနိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမှတ်တံဆိပ် အရောင်းဆိုင်‌ပေါင်း (၃၂) ဆိုင်‌ နှင့် Service Center ပေါင်း (၂၂ ) ဆိုင်‌ တို့မှတဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် မြန်မာပြည်သူလူထု အတွက် အလုပ်အကိုင် အအခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်းတီးပေးအပ်လျက်ရှိသည်။