ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Style သစ်လွင် Selfie ဘုရင်” ဟူသော ဆောင်ပုဒ်နှင့်အတူ OPPO F21 Pro ကို မေလ (၁၀) ရက်နေ့တွင် Online Launch Event မှ တစ်ဆင့် စတင်မိတ်ဆက်ခဲ့ပြီး မေလ (၁၃) ရက်နေ့တွင်” Catching Sunset” အစီအစဉ်ဖြင့် မီဒီယာများနှင့် Tech Blogger မိတ်ဆွေများ စမ်းသပ်ရိုက်ကူးနိုင်ရန် စီစဉ်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားတွင် OPPO F21 Pro အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး မီဒီယာများနှင့် Tech Blogger မိတ်ဆွေများကလည်း OPPO F21 Pro အသုံးပြု၍ ညနေခင်း နေဝင်ချိန် အလှတရားများကို စမ်းသပ်ရိုက်ကူးခဲ့ကြသည်။

အဆိုပါ မိတ်ဆက်ပွဲတွင် မီဒီယာများနှင့် Tech Blogger မိတ်ဆွေများကို OPPO မှ Product Engineer ဖြစ်သူ Mr. Harlen Huang က အခုလက်တလော ထွက်ရှိထားတဲ့ “Style သစ်လွင် Selfie ဘုရင်” OPPO F21 Pro ၌ ပါဝင်လာမည့် Smartphone Industry တွင် ပထမဆုံး နည်းပညာ ၃ ခု အကြောင်းကို အောက်ပါအတိုင်း ရှင်လင်းတင်ပြခဲ့သည်။

OPPO F21 Pro Sunset Orange အရောင်တွင် တွေ့ရမည့် ကမ္ဘာ့ ပထမဆုံး Fiberglass-Leather Design

OPPO သည် မတူညီသော ပစ္စည်းများ ရာချီဖြင့် Smartphone နောက်ခံနှင့် ဘက်ထရီပုံစံ အမျိုးအစား မြောက်များစွာကို တီထွင်ဖန်တီးထားပြီးပြီဖြစ်သည်။ ယခုအခါတွင် Fiberglass-Leather ကို အသုံးပြုထားခြင်း၏ ရည်ရွယ်ချက်မှာ Customer များ၏ လိုလားချက်နှင့် လိုအပ်ချက်များအရ OPPO မှ ယခု F21 Pro တွင် ပါးလွှာပြီး အကြမ်းခံသည့် Fiberglass-Leather ဒီဇိုင်းကို ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ရန်လည်း OPPO အနေဖြင့် အသုံးပြုသူများ၏ လိုလားချက်နှင့် လိုအပ်ချက်များကို အမြဲ စောင့်ကြည့်နားထောင်လျက်ရှိသည်။

လိမ္မော်ရောင်အား ရွေးချယ်ရာတွင်လည်း ရွေးချယ်စရာပေါင်းများစွာထဲမှ ထိုအရောင်နှင့် Lychee Pattern ကို ဂရုတစိုက် ရွေးချယ်ပေါင်းစပ်ပေးထားသည်။ စစ်တမ်းတစ်ခုအရ အသုံးပြုသူများသည် ထိုကဲ့သို့ တောက်ပသည့် အရောင်မျိုးကို အထူးသဖြင့် တောင်အာရှနိုင်ငံများမှ နှစ်သက်သဘောကျကြောင်းကို လေ့လာသိရှိထားသည်။ ထိုအရောင်မျိုးသည် ဇိမ်ခံ ပစ္စည်းဆန်၍ Premium ခံစားချက်ကို ပေးစွမ်းနိုင်မည်ဖြစ်ကာ လိမ္မော်ရောင်ကို ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သည့် GUCCI, LV တို့ကလည်း ၎င်းတို့၏ ဇိမ်ခံပစ္စည်းများတွင် အသုံးပြုထားသည်ကို တွေ့ရသည်။

ယခု OPPO F21 Pro အား ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် စက်ရုံအတွက် အသစ်စက်စက် ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ထုတ်လုပ်ပေးသည့် စက်ကို စမ်းသပ်မှု အောင်မြင်ရန် အားထုတ်မှုများစွာ လိုအပ်ကာ Mold အသစ်များ၊ ကိရိယာ အသစ်များ လိုအပ်သည်။ ယခု Fiberglass အလွှာ နှင့် Lychee Pattern Color မျက်နှာပြင်တို့သည် အလွန်ပူပြင်းသည့် အပူချိန်နှင့် ဖိအားများများတို့တွင် အတူတကွ ပုံသွင်းရန် လိုအပ်သည်။ ထိုသို့ ပုံသွင်းပြီးချိန်တွင် Lychee Pattern မျက်နှာပြင် ကျန်ရှိရန်အတွက် ပြီးပြည့်စုံသော ရလဒ်များကို ရရှိသည်အထိ ရက်ပေါင်းများစွာ ဖိအားနှင့် အပူချိန်ကို စမ်းသပ်ထားသည်။

Fiberglass-Leather Lychee Pattern ဒီဇိုင်း၏ လှပနေခြင်းသည် ၎င်း၏ တစ်ခုတည်းသော အားသာချက်မဟုတ်ပေ။ OPPO သည် ထို Fiberglass မျက်နှာပြင်ကို အကြမ်းခံပြီး လက်တွေ့ကျစေရန်အတွက် ခိုင်ခံ့အောင် ပြုလုပ်ထားသည်။ ၎င်းသည် မရေမတွက်နိုင်လောက်အောင် များပြားသည့် စမ်းသပ်မှုများကို ကျော်ဖြတ်ထားပြီးဖြစ်သည်။

စမ်းသပ်မှုများတွင် ဂျင်းသားဖြင့် ပွတ်တိုက်မှု အကြိမ် ၂ သိန်း၊ ခဲဖျက်ဖြင့် ပွတ်တိုက်မှု အကြိမ် ၁ သောင်းတို့အပြင် အရက်ပြန်ဖြင့် ပွတ်တိုက်မှု အကြိမ် ၅ ထောင်တို့ကို အောင်မြင်ထားပြီးဖြစ်သည်။ ဂျင်းသားဖြင့် အကြိမ် ၂၀၀,၀၀၀ ပွတ်တိုက်မှုကို ခံနိုင်သည်ဆိုသည်မှာ ဂျင်းဘောင်းဘီကို နေ့တိုင်းဝတ်လျှင် ဖုန်းကို အိတ်ကပ်ထဲမှ တစ်နေ့ အကြိမ် ၂၀ အသွင်းအထုတ်လုပ်နိုင်မည်ဖြစ်ပြီး အပျက်အစီး မရှိဘဲ ၁၀ နှစ်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။

OPPO နှင့် Sony တို့ အထူးတီထွင်ဖန်တီးထားတဲ့ ပထမဆုံးသော IMX 709 Hardware sensor

မျိုးဆက်သစ် RGBW sensor သည် ပိုမိုကောင်းမွန်သော အရောင်စွမ်းဆောင်ရည်ဖြင့် အလင်းအာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးသည်။ ဤချဉ်းကပ်နည်းတစ်ခုမှာ RGBW (အနီ၊ အစိမ်း၊ အပြာနှင့် အဖြူရောင်) Pixel ဒီဇိုင်းကို အသုံးပြုထားခြင်းဖြစ်သည်။ အဖြုရောင် Pixel အသေးအမြောက်အများနှင့်အတူ OPPO ၏ 4-in-1 pixel Algorithm ဖြင့် ယခု မျိုးဆက်သစ် RGBW Sensor အသစ်သည် အလင်းအာရုံခံနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးသည်။ ယခု RGBW Sensor အသစ်သည် ယခင် Sensor များအထက် အလင်းရောင်အား ၆၀ ရာခိုင်နှုန်း ပိုမိုဖမ်းယူပေးနိုင်ပြီး မလိုအပ်သည့် Noise အလင်းရောင်များကို ၃၅ ရာခိုင်နှုန်း ပိုမိုလျော့ချပေးသည့်အတွက် အလင်းရောင်နည်းသည့် ပတ်ဝန်းကျင်တွင်လည်း ပိုမိုပြတ်သားပြီး တောက်ပသည့် ဓာတ်ပုံများကို ရရှိစေမည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် OPPO နှင့် SONY တို့သည် တရားဝင်လက်တွဲပြီး ယခု မြင်တွေ့နေသည့် မျိုးဆက်သစ် RGBW Sensor ကို ပူးတွဲ တီထွင်ခဲ့သည်။ OPPO ၏ Quadra Binning Algorithm ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ထပ်မံအဆင့်မြင့်တင်ခြင်းနှင့် အတည်ပြုခြင်းတို့ကို ပြီးမြောက်ခဲ့ပြီး လေးလအကြာတွင် ယခု IMX709 Ultra-Sensing Sensor ဟု လူသိများသည့် Sensor ကို အပြီးသတ်ရန်အတွက် Quadra Binning Algorithm ကို RGBW Sensor သို့ အောင်မြင်စွာ ပေါင်းစပ်ခဲ့သည်။

ထို Sensor ၏ R&D Process သည် ကုန်ကျစရိတ်၊ လိုအပ်ချက်နှင့် ဖိအားများအားဖြင့် အလွန်မြင့်မားပြီး ယခုကဲ့သို့ OPPO F21 Pro တွင် အောင်မြင်စွာ ထည့်သွင်းထုတ်လုပ်နိုင်ရန်အတွက် ၄-၅ လကြာ အချိန်ယူပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ရသည်။

မြန်မာနိုင်ငံရှိ Smartphone Industry တွင် ပထမဆုံး Zoom အဆ ၃၀ ထိ ရိုက်ကူးနိုင်သော Microlens

Smartphone ထုတ်လုပ်မှုတွင် ပုံမှန်အားဖြင့် ကင်မရာတစ်ခုထက်ပိုပြီး ပါဝင်သည့် Smartphone များတွင် Main Camera မှ လွဲ၍ အခြားကင်မရာများအတွက် 2MP Wide-angle သို့မဟုတ် Mono Camera များကို သာ အသုံးပြု ကြသည်။ အမှန်မှာ ထိုသို့ အသုံးပြုထားခြင်းသည် ဓာတ်ပုံရိုက်ရာမှာ ထင်ထားသလောက် အသုံးဝင်ခြင်း မရှိပေ။ OPPO သည် ကင်မရာများတွင် အသုံးဝင်မှုအသစ်တစ်ခုကို ရှာဖွေပေးပြီး အသုံးပြုသူများအတွက် ကမ္ဘာကြီးကို ကြည့်ရှုရန် အသစ်အသစ်သော နည်းလမ်းများပေးလိုသည်။ ထို့ကြောင့် Lenses များစွာကို စမ်းသပ်ကြည့်ပြီးနောက် Microlens သည် အသုံးပြုသူများကို လူ့မျက်စိဖြင့် တိုက်ရိုက်မမြင်နိုင်သော Micro World ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

Microlens သည် RGB အလင်းတန်းများကိုလည်း ဖမ်းယူနိုင်မည်ဖြစ်ပြီး အတွင်းပိုင်းမှ အသေးစိတ် အရောင်များနှင့် မျက်နှာပြင်ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ အသုံးပြုသူများ အံ့အားစေလောက်မည့် ထို Feature ကို OPPO သည် ထုတ်ကုန်၏ ဈေးနှုန်းကို တိုးမြှင့်ခြင်းမရှိဘဲ F21 Pro ၏ ကင်မရာအရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ဆိုလိုသည်မှာ ဖုန်းတစ်လုံးတွင် Feature အသစ်တွေ များစွာဖန်တီးထည့်သွင်းထားလျင် ထုတ်ကုန်၏ စျေးနှုန်းက တိုးလာမှာဖြစ်ပေမဲ့ OPPO F21 Pro တွင် Feature အသစ်တွေ အများကြီး ဖန်တီးထည့်သွင်းထားပေမဲ့ ထုတ်ကုန်၏ ဈေးနှုန်းသည် ပုံမှန်အတိုင်းပဲ ရှိနေမည်ဖြစ်သည်။

OPPO သည် ကင်မရာပိုင်းနှင့်ပတ်သက်၍ အသုံးပြုသူများ၏ လိုအပ်ချက်နှင့် လိုလားချက်များကို အမြဲစောင့်ကြည့် နေပြီး သုံးစွဲသူများကြားတွင် နက်နက်နဲနဲ သုတေသနများပြုခဲ့သည်။ ထူးခြားသည့် ဓာတ်ပုံ ရိုက်ကူးဖန်တီးနိုင်ရန် ဆန်းသစ်သည့် Feature များ လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။

OPPO F Series သည် Smartphone လောကတွင် Flagship အဆင့် ဓာတ်ပုံ Smartphone ဖြစ်သည်။ OPPO ၏ သာမန် Smartphone ကင်မရာသည် ဘဝ၏ ပုံရိပ်များကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနိုင်သည်ဆိုသည့် ကင်မရာ ကန့်သတ်ချက်များကို ဖြန့်ကျက်လိုပြီး ယခု OPPO F21 Pro ၏ ကင်မရာကို ထူးခြားစေရန် ပြုလုပ်ပေးထားသည်။ ကင်မရာသည် ယခင်က မမြင်ဖူးသည့် Micro World ကမ္ဘာကို ရှာဖွေတွေ့ရှိရန် ပြတင်းပေါက်တစ်ခု ဖြစ်လာနိုင်သည်။ ၎င်းသည် ကင်မရာတစ်ခုသာမက သဘာဝတရား၏ အလှကို မြင်နိုင်သော မျက်လုံးများဖြစ်သည်။

Microlens ကင်မရာကို ဆန်းသစ်တီထွင်ရန်အတွက် အင်ဂျင်နီယာ အယောက် ၂၀ မှ ၁၁ လကြာ အချိန်ယူခဲ့ရပြီး စမ်းသပ်မှုအဆင့်တွင် အရောင်မမှန်ကန်ခြင်းနှင့် Focus အရည်အသွေးမကောင်းမွန်ခြင်းစသည့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ အခြား ယခင်ဖုန်းများထက် ဓာတ်ပုံအကျိုးသက်ရောက်မှုကို တိကျစေရန် OPPO သည် အချိန်နှစ်ဆကျော် စမ်းသပ်ခဲ့သည်။ ထိုကင်မရာသည် အသစ်စက်စက်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အားလုံးကို Zero မှ စတင်၍ စမ်းသပ်ခဲ့ရသည်။

OPPO F21 Pro ကို မြန်မာနိုင်ငံတွင် ၆၂၉,၉၀၀ ကျပ်ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး Sunset Orange နှင့် Cosmic Black ဟူ၍ အရောင် နှစ်ရောင်ကို ရွှေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

OPPO အကြောင်း

OPPO သည် ကမ္ဘာ့ထိပ်တန်း Smart Device အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ ပထမဆုံး မိုဘိုင်းလ်ဖုန်းဖြစ်သည့် “Smiley Face” ကို ၂၀၀၈ ခုနှစ်တွင် စတင်ရောင်းချချိန်မှ စ၍ OPPO သည် လှပကြော့ရှင်းသည့် ဒီဇိုင်းများနှင့် ဆန်းသစ်သည့် နည်းပညာများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေးစွမ်းနိုင်ရန် အမြဲကြိုးစားလျက်ရှိသည်။ ယနေ့တွင် OPPO သည် Find series နှင့် Reno series များကို ဦးဆောင်တီထွင်ထုတ်လုပ်နေသည်သာမက အခြားသော Smart Devices များစွာကိုလည်း ဖန်တီးထုတ်လုပ်ပေးလျက်ရှိသည်။ Smart Devices များအပြင် OPPO သည် ၎င်း၏ အသုံးပြုသူများအတွက် ColorOS လည်ပတ်မှုစနစ်နှင့် OPPO Cloud နှင့် OPPO+ ကဲ့သို့သော အင်တာနက်ဝန်ဆောင်မှုများကို တပ်ဆင်ပေးလျက်ရှိသည်။ OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ဝန်ထမ်း ၄၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ဖန်တီးပေးနိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသည်။