မြန်မာမိသားစုတွေအတွက် ပိုမိုလုံခြုံစိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ရန်နှင့် ပိုမို ကောင်းမွန် လူနေမှုဘဝတွေကို ဖန်တီးလာနိုင်စေရန် အပြည့်အဝ ကူညီထောက်ပံ့ပေးလျက်ရှိတဲ့ အသက်အာမခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Manulife Myanmar နှင့် uab bank ဘဏ်တို့ ပူးပေါင်းပြီး Stronger Together ဆိုတဲ့ ညစာ စားပွဲ အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့ ၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါ တယ်။

ရှေ့ဆက်ပြီး Manulife Myanmar နှင့် uab bank ဘဏ်အကြား လက်တွဲဆောင်ရွက်မှုတွေကို ပိုမိုအရှိန်မြှင့်တင် နိုင်ဖို့အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ Stronger Together Gala Dinner အခမ်းအနားမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ များစွာပါဝင်ခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်များရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့အတူ အပြီးခဲ့တဲ့နှစ် အတွင်း အထူးကြိုးပမ်းအားထုတ်ပေးခဲ့ကြတဲ့ Bancassurance Top Sales Performer များကိုလည်း ရောင်းအား အကောင်းဆုံးဂုဏ်ပြုဆုများစွာ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှစ် မတ်လအတွင်း ရောင်းအားအကောင်းဆုံးရှိခဲ့သည့် ဘဏ်ခွဲမန်နေဂျာများ၊ Insurance Specialist များ နှင့် Business Development မန်နေဂျာများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

ဒီ အခမ်းအနားကို Manulife Myanmar ရဲ့ CEO & GM ဖြစ်သူ Mr. Gaurav Sharma ၊ uab ဘဏ်ရဲ့ MD & CEO ဖြစ်သူ Mr. Christopher Loh တို့နဲ့အတူ တာဝန်ရှိသူများ ၊ ဘဏ်ခွဲမန်နေဂျာများ ၊ Insurance Specialist များအ ပြင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့ကြပါတယ်။