Manulife Myanmar က Mr. Sharma ကို CEO နှင့် General Manager အဖြစ် ခန့်အပ်လိုက်ပြီဖြစ် ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ Mr. Sharma မှာ Emerging Markets Leadership Team၊ Asia Leadership Team နှင့် Global Leadership Team များ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး Emerging Market ၏ General Manager ဖြစ်သူ Sachin N. Shah ထံသို့ တိုက်ရိုက်အစီအရင်ခံရမည်လည်းဖြစ်သည်။

Manulife နှင့် အတူ နှစ်ပေါင်း ၃၀ကြာ လက်တွဲဖြတ်သန်းလာခဲ့သည့် Robert Elliott မှာ Manulife Myanmar ၏ CEO နှင့် General Manager အဖြစ်တာဝန်ယူခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ မတ်လမှ စတင်ကာ ၎င်းရာထူးမှ အငြိမ်းစားယူခဲ့ပြီး Manulife ကမ္ဘောဒီးယားနှင့် မြန်မာတို့အတွက် non-executive Chairperson အနေဖြင့် ဆက်လက်လုပ်ကိုင်သွားမည် လည်းဖြစ်သည်။

Manulife Myanmar ၏ CEO နေရာအတွက် Mr. Sharma အနေနှင့် လိုအပ်သော စည်းမျဥ်းစည်းကမ်းများ၊ အတည်ပြုချက်များကို ဌာနဆိုင်ရာအဖွဲ့အစည်းထံမှ လက်ခံရရှိပြီးနောက် ယခု ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှစတင်ကာ CEO ရာထူးကို စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ အာမခံနယ်ပယ်တွင် (၂၅) နှစ်ကျော်ကြာ အတွေ့အကြုံများရှိပြီး အာရှတွင်း အသက်အာမခံလုပ်ငန်းအတွက် စိတ်အားထက်သန်သော Mr. Sharma က Operation ၊ Technology ၊ Bancassurance ၊ Distribution စသည်တို့တွင်သာမက Customer Journey Transformation ၊ Stakeholder နှင့် Partner Engagement အပိုင်းများအပြင် အရည်အသွေးပိုင်းတွင် ပိုမိုပြည့်ဝပြီး တိုးတက်လာစေရန် ဦးတည်လုပ်ဆောင်သွား မည်ဖြစ်သည်။

“ထူးချွန်ပြီးပြောင်မြောက်တဲ့ခေါင်းဆောင်မှုစွမ်းဆောင်ရည်နဲ့အတူ Mr. Sharma က ကျွန်တော်တို့ Manulife Myanmar အသက်အာမခံလုပ်ငန်းကို ပိုပြီးတိုးတက်တဲ့ နောက်ထပ်တစ်ဆင့်ဆီကို ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ သူ့အနေနဲ့ ကျွန်တော် တို့ Winning Team မှာ ပါဝင်လာတဲ့အတွက် စိတ်လှုပ်ရှားနေပါပြီ။” ဟု Emerging Market ၏ General Manager ဖြစ်သူ Mr. Shah က ပြောကြားခဲ့သည်။

Manulife နှင့်လက်မတွဲမီ Mr. Sharma မှာ ဗီယက်နမ်နိုင်ငံရှိ နိုင်ငံပိုင် အကြီးဆုံးဘဏ်တစ်ခုဖြစ်သည့် (BIDV) နှင့် MetLife ၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော BIDV-MetLife အသက်အာမခံလုပ်ငန်းတွင် CEO နှင့် General Director အဖြစ် တာဝန်ယူစီမံခန့်ခွဲခဲ့သည်။ ၎င်းတာဝန်ယူနေချိန်အတွင်း Bancassurance နှင့် Agency အတွက် စီမံခန့်ခွဲရာတွင် ပိုမိုလွယ်ကူ လျင်မြန်စေမည့် ဒစ်ဂျစ်တယ်နည်းပညာသုံးလုပ်ငန်းဆောင်ရွက်မှုပုံစံကို တာဝန်ယူလုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။

“အလုပ်လုပ်တဲ့အခါ စိတ်အားထက်သန်မှုနဲ့ အရည်အချင်းများစွာရှိတဲ့ မြန်မာနိုင်ငံကလုပ်ဖော်ကိုင်ဖက်တွေနဲ့လက်တွဲပြီး အတူတူ လုပ်ကိုင်ဖို့ ကျွန်တော့်အနေနဲ့ တကယ်ပဲ စိတ်လှုပ်ရှားနေမိပါတယ်။” ဟု Mr. Sharma ကပြောသည်။ “အာရှတလွှားမှာ ရယူ စုဆောင်းနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့မတူညီတဲ့အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံကအဖွဲ့သားတွေရဲ့ စိတ်အင်အားထက်သန်မှုတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ကို ပျော်ရွှင်စရာတွေ၊ သင်ယူလေ့လာစရာတွေအပြင် တိုးတက်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် Manulife က နိုင်ငံတကာအသက်အာမခံနယ်ပယ်မှာ ထိပ်တန်းရောက်နေတဲ့ လုပ်ငန်း တစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့အားလုံးက ဝန်ထမ်းတွေနဲ့ ကိုယ့်ရဲ့ဖောက်သည်တွေကို အမြဲတမ်းဦးစားပေး ဗဟိုပြုတဲ့လုပ်ငန်း တစ်ခုအဖြစ် လူသိများတာလည်းဖြစ်ပါတယ်။” ဟု Mr. Sharma ကဆက်ပြောသည်။

“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံက မိသားစုတွေအတွက် ကျန်းမာခြင်းနဲ့ဘဝနေထိုင်မှုအတွက် အဓိကထားဆောင်ရွက်သွားမှာ ဖြစ်သလို မိသားစု ဘဝနောင်ရေးအတွက် ယုံကြည်မှုရှိရှိနဲ့ပြီးပြည့်စုံလာစေဖို့ Manulife ရဲ့ ကမ္ဘာ့အဆင့်မီစွမ်းဆောင်ရည်နဲ့ နှစ်ပေါင်း ၁၃၀ကျော်ရှိခဲ့တဲ့ အတွေ့အကြုံတွေကနေတဆင့် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု Mr. Sharma က ဆက်လက်ပြောကြားခဲ့သည်။

Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင် သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာ ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စု တွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများ အတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၂ခုနှစ် နှစ်ကုန်အထိ ကျွန်ုပ်တို့တွင် ဝန်ထမ်းပေါင်း ၄၀,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၁၁၆,၀၀၀ ကျော်အပြင် ထောင်ပေါင်းများစွာသော မိတ်ဖက်များနှင့်အတူ ဖောက်သည်ပေါင်း (၃၄) မီလီယံကို ဝန်ဆောင်မှု ပေးလျက်ရှိ သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် ‘945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။

သက်ဆိုင်ရာ‌ဒေသ၊နိုင်ငံများအလိုက် ကွဲပြားခြားနားမှုများရှိ ပြီး အသေးစိတ်သိရှိလိုပါက manulife.com သို့ ဝင်ရောက်လေ့လာနိုင် ပါသည်။