မြန်မာနိုင်ငံတွင် ပထမဆုံးသော နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်သည့် အေးမြလန်းဆန်းသော ခံစားချက်ကိုပေးစွမ်းမည့် Grand Royal Signature Ice Blast ဝီစကီ ကို Grand Royal Group မှ စက်တင်ဘာလ ၉ ရက်နေ့တွင် ဝမ်းမြောက်ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါသည်။ ဤ တမူထူးခြားသော ထုတ်ကုန်အသစ်သည် ဆယ်စုနှစ်များစွာတိုင် ကမ္ဘာ့အဆင့်မီ ဝီစကီများကို ဖန်တီးခဲ့သည့် ကျွမ်းကျင်မှုနှင့် မြန်မာ Gen-Z လူငယ်များ၏ စိတ်ကူးစိတ်သန်းများကို ပေါင်းစပ်ကာ ပထမဦးဆုံးတစ်ငုံကို သောက်သုံးကြည့်လိုက်ချိန်တွင်ပင် အလွန်အေးမြသော ခံစားချက်ကို ပေးစွမ်းနိုင်ရန် ဆန်းသစ်စွာ ဖော်ထုတ်ထားသောဝီစကီဖြစ်သည်။ Grand Royal Signature Ice Blast ၏ ထူးခြားအေးမြသော အရသာသည် စိတ်အားထက်သန်မှုအပြည့်နှင့်လူငယ်များအတွက် ခံစားမှု အတွေ့အကြုံသစ်ဖြင့် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

Grand Royal Signature Ice Blast ၏ ထုတ်ကုန်ပစ္စည်းအသစ်မိတ်ဆက်ခြင်း အခမ်းအနား ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ၊ ၉ ရက်နေ့ ၌ Vuvuzela Bar တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင် လူငယ်များအကြားတွင် ရေပန်းစားသော Gamer နှင့် streamer တစ်ဦးဖြစ်သည့် စုထက် မှ Grand Royal Signature Ice Blast ကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့်ရခဲ့သည့် အတွေ့အကြုံကို ယခုကဲ့သို့ ဝေမျှခဲ့ပါသည်။ “စုထက်က ကိုယ်သဘောကျတဲ့အရာကို အရမ်းရွေးတတ်တာမလို့ ကိုယ်မှန်းထားသလိုမျိုးမဟုတ်ရင် မကြိုက်တတ်ဘူး။ အဲ့တာကြောင့် အရမ်းအေးမြတဲ့ ခံစားချက်ကို ပေးတဲ့ ဒီ ဝီစကီကို မြည်းစမ်းခွင့်ရတဲ့အချိန်မှာတော့ ချက်ချင်းကိုပဲ ကြိုက်မိသွားတာပါ။ ဘာနဲ့မှ မရောဘဲ shot glass နဲ့ပဲသောက်သောက်၊ ရေနဲ့ပဲဖြစ်ဖြစ် ရေခဲနဲ့ပဲဖြစ်ဖြစ် ဘယ်လိုသောက်သောက် Grand Royal Signature Ice Blast ကတော့ တစ်မူထူးခြားပြီး အေးမြတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာ အသေချာပါပဲ။ သောက်မိတိုင်း “အား” ဆိုပြီး အေးမြသွားတဲ့ခံစားချက်ကိုရတာကတော့ အသက်ပါ။”

ထပ်မံ၍ လူငယ် သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်သူ ချာလီမှလည်း “Grand Royal Signature Ice Blast ကို မြည်းကြည့်တဲ့အချိန်မှာ ပထမ တစ်ငုံသောက်သောက်ချင်းကို အေးအေးလေး ခံစားရပြီး လန်းဆန်းသွားတာကို အရမ်းသဘောကျသွားတယ်။ Grand Royal Signature Ice Blast က ဝီစကီတစ်ခွက်ရဲ့ Cool ဖြစ်တဲ့အနာဂတ်ဆိုတာ တကယ်အပိုပြောတာမဟုတ်ဘူးဗျာ။ သူ့ရဲ့ အေးစက်စက်အရသာလေးကတော့ လုံးဝ ကျွန်တော်တို့လို လူငယ်တွေအကြိုက်ပဲ။” ဟု ဖြည့်စွက်ပြောပြခဲ့သည်။

“ကျွန်တော်ကတော့ Grand Royal ဝီစကီ တိုင်းကို မြည်းစမ်းဖူးနေကြပါ။ ဒါပေမယ့် အခု Grand Royal Signature Ice Blast ကိုမြည်းစမ်းကြည့်မိတဲ့နောက်မှာတော့ လန်းဆန်းပြီး အေးမြတဲ့ခံစားချက်ကို လုံးဝကြွေသွားပါတယ်။ ဒီ ထုတ်ကုန်အသစ်ကို မြည်းစမ်းကြည့်ရတာက ကျွန်တော့အတွက်တော့ အတွေ့အကြုံအသစ်တစ်ခုပါပဲ။ တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်တိုင်း အေးမြပြီးလန်းဆန်းသွားတဲ့ ခံစားချက်ကိုလည်း အရမ်းတွေ ကြိုက်နေပါပြီဗျာ။” ဟု လူငယ် Gen-Z gamer တစ်ဦးဖြစ်သူ APM မှလည်း ပြောပြခဲ့သည်။

Gen-Z လူငယ် DJ အနုပညာရှင်တစ်ဦးဖြစ်သူ DJ Neonz ကလည်း “ဝီစကီတစ်ခွက်ကိုသောက်ပြီးတာနဲ့ ခုလို အေးမြတဲ့ ခံစားချက်ရတာမျိုးကို အရင်က တခါမှ မကြုံခဲ့ဖူးပါဘူး။ ဒီ Grand Royal Signature Ice Blast ရဲ့ အရသာကတော့ အရမ်း ထူးခြားပြီး Cool ဖြစ်တယ်။ အဝင်လဲ အရမ်းကောင်းသလို shot glass နဲ့ သောက်ကြည့်တော့လည်း အရမ်းမိုက်တာမလို့ တကယ့် အလန်းစား အတွေ့အကြုံကို ရလိုက်တာပါပဲ။” ဟု Grand Royal Signature Ice Blast ၏ အရသာနှင့် စပ်လျှဉ်းပြီး ပြောပြခဲ့သည်။

Grand Royal Signature Ice Blast ၏ တမူထူးခြားပြီး အေးမြသောအမိုက်စားအရသာသည် မိမိ အောင်မြင်မှုကို မိမိကိုယ်တိုင် ပုံဖော်ရေးဆွဲနေကြသူများ၊ ခေတ်ရေစီးကြောင်း ရှေ့ဆောင်များနှင့် ကြောက်ရွံ့မှုကင်းမဲ့ပြီး မတူကွဲပြားသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကိုယ်စားပြုပါသည်။ Grand Royal Signature Ice Blast ၏ အချိန်အခါ နေရာမရွေး အေးမြသောအထိအတွေ့နှင့် လန်းဆန်းစေသော ခံစားချက်ပေးစွမ်းနိုင်ခြင်းက အရသာနှင့် အရည်အသွေးကြောင့် ကမ္ဘာတစ်ဝှမ်းလုံး၏ အသိအမှတ်ပြုခြင်းကို ခံထားရသည့် Grand Royal ၏ ထုတ်ကုန်များကို ပိုမိုပြီးပြည့်စုံစေသော ဖန်တီးမှုတစ်ခု ဖြစ်လာစေခဲ့ပါသည်။
Grand Royal Signature Ice Blast ကို နီးစပ်ရာ စတိုးဆိုင်များ၊ စူပါမားကတ်များ နှင့် ဘား/ဘီဘာဆိုင်များတွင် ၇၀၀ မီလီလီတာ တစ်ပုလင်းလျှင် ၆,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ် စျေးနှုန်းဖြင့် ရရှိနိုင်ပြီ ဖြစ်ပါသည်။

Grand Royal Signature Ice Blast အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက https://www.facebook.com/grandroyalsignature/ တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Grand Royal Signature အကြောင်း

GRAND ROYAL SIGNATURE သည် မတူညီသော စကော့တစ်ရှ်မုယောဝီစကီ ၁၀ မျိုး ကျော်နှင့် အကောင်းဆုံးဒေသထွက် မုယောစပါးဝီစကီများ ကို ဝက်သစ်ချစည်များ အတွင်း အချိုးညီမျှစွာ ရောစပ်ဖန်းတီးထားပြီး နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး အသိအမှတ်ပြု ဆုတံဆိပ်များ စွာ ရရှိထားသည်။ GRAND ROYAL SIGNATURE သည် အရည်အသွေးမြင့်မားသော ပါဝင်ပစ္စည်းများဖြင့် ရောစပ်ပြုလုပ်ထားပြီး ထူးကဲသော အနံ့၊ အရသာ၊ ခံစားမှုပေးနိုင်သည့် မြန်မာ့အကောင်းဆုံး မုယောဝီစကီဖြစ်သည်။ GRAND ROYAL SIGNATURE WHISKEY ကို အတွေ့အကြုံရင့်ကျက်သော စကော့တစ်ရှ်ဝီစကီကျွမ်းကျင်ပညာရှင်ဦးစီးသည့် အဖွဲ့မှ တစ်မူထူးခြား ကောင်းမွန်ကြွယ်ဝသော မုယောအနံ့အရသာနှင့် ခံစားချက်ကို ပေးစွမ်းနိုင်ရန် သပ်ရပ်ကျန ကျွမ်းကျင်စွာ ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ GRAND ROYAL SIGNATURE WHISKEY သည် ၂၀၁၄ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ ၈ နှစ်ဆက်တိုက် ရရှိခဲ့သော Monde Selection Gold Award၊ International Tasting & Quality Institute Award အတွက် ၂၀၁၈ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် တွင် Golden Star ၂ ခုနှင့် ၂၀၁၅ခုနှစ် နှင့် ၂၀၁၆ ခုနှစ်တွင် Golden Star ၃ ခု၊ Spirits International Prestige Awards အတွက် ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့သော ရွှေတံဆိပ် ၂ ခု အပါအဝင် နှစ်ပေါင်း ၁၁ နှစ်အတွင်း နိုင်ငံတကာ မှ အသိမှတ်ပြု ဆုတံဆိပ် ၂၇ ခုအထိ ဆွတ်ခူးထားသော အရည်အသွေးမြင့် ဝီစကီဖြစ်သည်။