အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြားမှာ တည်ရှိတဲ့ မြန်မာနိုင်ငံက စွမ်းရည်မြင့်လူငယ်တွေ တိုးများလာမှု၊ သဘာဝနဲ့ တွင်းထွက် သယံဇာတပစ္ညည်းတွေ ပေါကြွယ်ဝမှုတို့ကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအတွက် အလားအလာကောင်းတဲ့ စျေးကွက်တစ်ခုဖြစ်လာပါတယ်။ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာရှိတဲ့ ၁၂၆,၂၃၇ ခုသော စီးပွားရေးလုပ်ငန်းတွေ တစ်နည်းအားဖြင့် ၉၉.၄% သော စီးပွားရေးလုပ်ငန်းတွေကို မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ အကြမ်းဖျဥ်းအားဖြင့် မြန်မာနိုင်ငံရဲ့ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း ၅၀-၉၅% ပေးအပ်နေတာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ GDP ရဲ့ ၃၀-၃၅% မှာလည်း ပါဝင်လျက်ရှိပါတယ်။

ဒါကြောင့် ဒီလုပ်ငန်းတွေက မြန်မာ့စီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ ကဏ္ဍကပါဝင်နေတယ်လို့ အခိုင်အမာပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အများစုသော လုပ်ငန်းတွေက ဒီဂျစ်တယ်နဲ့ ဆက်သွယ်ရေးဆိုင်ရာ ကြားခံနယ်တွေကို အထိရောက်ဆုံးနှင့် အလုံခြုံဆုံး အသုံးပြုတာနဲ့ ပတ်သက်ပြီးတော့ ပိုမိုသိရှိနားလည်ကြဖို့လည်း လိုအပ်နေပါသေးတယ်။ ကပ်ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် လုပ်ငန်းများစွာက စီးပွားရေး ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ်နဲ့ ခက်ခဲစွာ ရုန်းကန်ခဲ့ကြရပါတယ်။ ကုန်ပစ္စည်းစီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ဝယ်ယူအသုံးပြုသူများနှင့် ဆက်သွယ်ပြောဆိုမှု စတဲ့ အဖက်ဖက်တွေမှာ ၄င်းတို့ရဲ့ လုပ်ငန်းဆောင်တာများ လည်ပတ်ရန်ထိန်းသိမ်းဖို့ အခက်အခဲများစွာနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

ဝယ်ယူမှုအလေ့အထ ပြောင်းလဲလာခြင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်တွင်း အပြောင်းအလဲတွေနဲ့အတူ ဝယ်ယူသူတွေရဲ့ အလေ့အထတွေကလည်း ပြောင်းလဲလာကြပါတယ်။ Customer တွေအနေနဲ့ အပြင်ထွက်ပြီး တွေ့ဆုံဝယ်ယူတာတွေ ပြုလုပ်မယ့်အစား နေအိမ်ကနေပဲ လုပ်ဆောင်လိုလာတာတို့၊ ငွေကြေးကိုချင့်ချိန်ပြီး အရင်ကထက် ပိုမိုဂရုတစိုက်နဲ့ ရွေးချယ်ဝယ်ယူလာတာတို့တွေကို တွေ့ရှိလာရပါတယ်။ အင်တာနက်၊ လူမှုကွန်ယက်နဲ့ ecommerce တွေ ပိုမိုကျယ်ပြန့်စွာသုံးစွဲလာမှုတို့ကြောင့် ဝယ်ယူမှုပုံစံအနေနဲ့ဆိုရင် အရင်ကလို သမားရိုးကျဝယ်ယူမှုမျိုးထက် ဒီဂျစ်တယ် နည်းပညာသုံးကြားခံပစ္စည်းတွေ အသုံးပြုပြီး ဝယ်ယူရတာကို ပိုမိုနှစ်သက်လာကြပါတယ်။ အဓိကအားဖြင့် အကန့်အသတ်နဲ့ ငွေထုတ်ရခြင်းကြောင့် သုံးစွဲသူတွေလက်ထဲ ငွေသားအပိုမရှိကြတာကြောင့်လည်း ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေအနေနဲ့ ပိုမိုအားထားလာကြရပါတယ်။

လုံခြုံစိတ်ချရသော ဆက်သွယ်ရေးကြားခံနယ်အဖြစ် အသုံးပြုခြင်း

မြန်မာနိုင်ငံရဲ့ မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက ဝယ်ယူအသုံးပြုသူတွေနဲ့ ပိုမိုထိတွေ့နိုင်ဖို့အတွက် စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးကြားခံနယ်တွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ လက်ရှိ အွန်လိုင်းပလက်ဖောင်းများစွာတွေမှာ တင်းတင်းကျပ်ကျပ် စောင့်ကြည့်တာမျိုး ရှိနေတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ဒီလိုပလက်ဖောင်းတွေကို နေ့စဥ်အသုံးပြုရာမှာပူပန်မှုတွေ မြင့်တက်လာကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်က အွန်လိုင်းမှာ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ရောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ စျေးကွက်မှာ တစ်ခါမှ မကြုံဖူးတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရပြီးတော့ ကျွန်တော်တို့ လုပ်ငန်းအနေနဲ့လည်း ဆက်လည်ပတ်နိုင်ဖို့ အရမ်းရုန်းကန်နေရပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကိုရဖို့၊ ကျွန်တော်ရောင်းချတဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် လုံခြုံရတဲ့ ပလက်ဖောင်းတစ်ခုရှိနေဖို့ အရမ်းလိုအပ်လာပါတယ်။” လို့ Only Skin တည်ထောင်သူ ကိုဥက္ကာမင်းက ပြောကြားခဲ့ပါတယ်။

ဒီလို အခက်အခဲတွေကို ကူညီဖြေရှင်းဖို့အတွက်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေဲ့ Rakuten Viber လိုမျိုး လုံခြုံတဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုကြည့်လို့ရနိုင်ပါတယ်။ Viber က ကမ္ဘာ့ထိပ်တန်း အခမဲ့ messaging app တစ်ခုဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ထောက်ပံ့ပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။ သူ့ရဲ့ default end to end encryption ကြောင့် မက်ဆေ့ချ်ပို့ဆောင်သူနဲ့ လက်ခံရရှိသူ နှစ်ဖက်ကပဲ ပို့ဆောင်လိုက်တဲ့ မက်ဆေ့ချ်၊ ပုံ၊ ဗွီဒီယို အစရှိတာတွေကို မြင်ရမှာဖြစ်ပြီးတော့ အင်တာနက်ဝန်ဆောင်မှုတို့၊ အက်ပလီကေးရှင်းဖက်ကသူတို့ စတဲ့ အခြားတစ်စုံတစ်ဦး၊ အဖွဲ့အစည်းတွေကနေပြီးတော့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။

အများနဲ့ ဆက်သွယ်လို့ရတဲ့ ကိုယ်ပိုင်နေရာတစ်ခု ဖန်တီးခြင်း

မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လက်ရှိဝယ်ယူအသုံးပြုနေသူတွေ၊ customer အသစ်တွေနဲ့ ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်က အခမဲ့နဲ့ အသုံးပြုရလွယ်ကူတဲ့ Viber Channels လိုမျိုးကို အသုံးပြုနိုင်ပါတယ်။ Viber Channel ကနေတစ်ဆင့ ပြည်တွင်း၊ ပြည်ပက ဝယ်ယူအသုံးပြုသူတွေနဲ့ ဆက်သွယ်ပြီး ကုန်ပစ္စည်းအကြောင်း ပြောဆိုတာကအစ ရောင်းချဝယ်ယူတာအဆုံး ပြုလုပ်နိုင်ပါတယ်။ Flymya မှ လက်ရှိတွင် Viber Channel အသုံးပြုနေသူတစ်ဦးက သူ့ရဲ့ Viber Channel အသုံးပြုမှု အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ပြောဆိုထားပါတယ်။ “အွန်လိုင်းကနေ customer တွေနဲ့ ဆက်သွယ်ပြောဆိုရတာက ထင်သလောက် မလွယ်ကူပါဘူး။

ဒါကြောင့် လက်ရှိမှာတော့ ကျွန်တော်တို့ Viber Channel ကိုအသုံးပြုပြီးတော့ ခရီးသွားခြင်းနဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ သတင်းတွေကို customer တွေဆီ အမြဲ သတင်းပေးနေပါတယ်။ နောက်ပြီး ဘွတ်ကင်တွေပြုလုပ်ဖို့၊ ခရီးစဥ်မစတင်မီနဲ့ ခရီးစဥ်အဆုံးမှာ boarding check ပြုလုပ်ဖို့၊ အချိန်တဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်တဲ့ customer service ပေးအပ်နိုင်ဖို့ စတာတွေအတွက် မကြာခင်မှာလည်း Viber bot ပြုလုပ်ပြီးတော့ ထည့်သွင်းသွားဖို့ရှိပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။

ဒါတွေတင်မကသေးပါဘူး။ မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေက customer တွေကို ပိုမိုကြောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ကိုယ်ပိုင် channel တွေလည်း ဖန်တီးပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ဥပမာအားဖြင့် Viber Channel မှာဆိုရင် admin နဲ့ superadmins တွေကိုပဲ Channel ထဲမှာ post တင်ပြီး member တွေက comment မှာ ဝင်ရောက် ဆက်သွယ်ပြောဆိုတာမျိုးပါ။ ဒါပေမယ့် member တွေကို admin ကလွဲပြီး တစ်ခြားသူတွေက သိရှိနိုင်မှာမဟုတ်လို့ လုံခြုံစိတ်ချရပါတယ်။ ၈၅% သော customer တွေက messaging app တွေကနေ ဝင်ရောက်လာတဲ့ မက်ဆေ့ချ်တွေကို ဖတ်ပြီး ရွေးချယ်ဝယ်ယူအသုံးပြုစရာ အသစ်များကို ရှာဖွေလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အထူးအခွင့်အရေးတစ်ခုလည်း ဖြစ်လာပါတယ်။

ဝယ်ယူသူတွေနဲ့ ယုံကြည်စိတ်ချရသော ဆက်ဆံရေးကို တည်ဆောက်ခြင်း

မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက ဝယ်ယူအသုံးပြုသူတွေနဲ့ အွန်လိုင်းကနေ ဆက်ဆံတဲ့အခါမှာ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ရပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ အကြောင်းကို Video call၊ GIFs နဲ့ ပုံတွေစတာတွေကို ဖန်တီးပြီး ဆက်သွယ်ပြောဆိုလို့လည်း ရပါတယ်။ ကုန်ပစ္စည်းအကြောင်းကို Video call ကနေ ရှင်းပြပြီး လက်တွေ့ရှင်းပြတဲ့ video ကို Viber Channel မှာ တင်ပေးလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ အထူးအခွင့်အရေး၊ လျှော့စျေးနဲ့ အခြားသော ဝယ်ယူသူတွေအတွက် စီစဥ်ပေးထားတဲ့ ပရိုမိုးရှင်း အစီအစဥ်တွေကိုလည်း Viber ရဲ့ လုပ်ဆောင်ချက်တွေနဲ့ customer တွေဆီကို ထိထိရောက်ရောက် အသိပေးနိုင်မှာပါ။

“ကျွန်တော်က မြို့ထဲကဆိုင်တစ်ခုမှာ ဆံပင်ညှပ်ဆရာတစ်ယောက်အဖြစ်နဲ့ လက်ရှိလုပ်ကိုင်နေပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဗွီဒီယိုတွေဖန်တီးဖို့၊ ပုံတွေပို့ဖို့၊ ကိုယ်ပိုင် community တစ်ခု ပြုလုပ်ပြီးတော့ customer တွေနဲ့ ဆက်သွယ်ဖို့ စတာတွေကို Viber မှာ လုပ်ကြည့်သင့်တယ်ဆိုတာပြောလို့ ကျွန်တော် စလုပ်ဖြစ်ခဲ့တာပါ။ Customer တွေကလည်း ကျွန်တော်ရဲ့ Viber မှာ တင်ပေးနေတဲ့ ဗွီဒီယိုလေးတွေ ပုံလေးတွေကို ကြိုက်တယ်ဆိုတာ ပြန်သိရတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။” ဟု V47 Hair Design and Beauty Salon မှ ဆံသပညာရှင် Tony မှ ပြောကြားခဲ့ပါတယ်။

တစ်ဖန် မြန်မာနိုင်ငံရဲ့ မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းနယ်ပယ်တွင်း တိုးတက်ပြောင်းလဲလာမှုများနဲ့ ပတ်သက်ပြီးတော့လည်း “Viber က မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဒီဂျစ်တယ်စနစ်ကူးပြောင်းလာမှုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်လို့လို့ ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံက ဒီဂျစ်တယ်စနစ်ကို လက်ခံကူးပြောင်းဖို့ အသင့်ရှိနေပြီး ကျွန်တော်တို့ရဲ့ အသုံးပြုတွေကို အခြေပြုထားတဲ့ ကမ္ဘာ့အဆင့်မီ စိတ်ချယုံကြည်ရတဲ့ လုပ်ဆောင်ချက်တွေက ပုံမှန်အသုံးပြုသူတွေအတွက်ရော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက အခုလို စိန်ခေါ်မှုတွေကြားထဲမှာ customer တွေနဲ့ ပိုမိုကောင်းမွန်စွာ ဆက်သွယ်ပြောဆိုဖို့ ကူညီပေးနိုင်တဲ့ messaging app တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို လက်ခံသုံးစွဲကြည့်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse မှ ပြောကြားခဲ့ပါတယ်။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက်ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။