အရှေ့တောင်အာရှ၏ ထိပ်တန်း superapp ဖြစ်သော Grab နှင့်အတူ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ကူးစက်မှုတို့မှ တစ်နေ့တာလုံး ကာကွယ်ပေးနိုင်သော အဆင့်မြင့် ပိုးသတ်ဆေးအမှတ်တံဆိပ်ဖြစ်သည့် WizAct 24 တို့အတူ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ အငှားယာဉ်များကို နေ့စဉ် ပိုးသတ်သန့်စင်နိုင်ရန် ကူညီပေးသွားမည့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ပေးပြီး ရောဂါအန္တရာယ် ကျရောက်နိုင်ခြေ နည်းနိုင်သမျှ နည်းစေရန် အပါ အဝင် GrabProtect အငှားယာဉ် ခရီးသည်များအတွက် ပိုမို စိတ်ချရသော ဘေးကင်းလုံခြုံသည့် ခရီးစဉ်များကို ပေးအပ်နိုင်ရန် ရည်ရွယ်ထားပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ GrabProtect ဝန်ဆောင်မှု ပေးအပ်နေသော Grab မိတ်ဖက်ယာဉ်မောင်း အယောက် (၁,၀၀၀) အား WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေး 450ml နှစ်ဘူးစီ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ မျက်နှာပြင်ပိုးသတ်ဆေးမှာ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို ၉၉.၉ ရာခိုင်နှုန်းအထိ သေစေနိုင်ပြီး မကြာခဏ ထိတွေ့မှုများအား ၂၄ နာရီကြာ ဆက်လက် ပိုးသတ်ကာကွယ်ပေးနိုင်သောကြောင့် မိတ်ဖက်ယာဉ်မောင်းများ၏ကားကို နေ့စဉ် ပိုးသတ်သန့်စင်ရာတွင် ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ပါသည်။ Grab မိတ်ဖက်ယာဉ်မောင်းကိုလည်း အငှားယာဉ်အတွင်း ပိုးသတ်သန့်စင်စေရန်အတွက် မကြာခဏ ထိတွေ့မှုများရှိသည့် မျက်နှာပြင်များအကြောင်း ရှင်းပြပေးမည် ဖြစ်ပါသည်။ အဆိုပါ မျက်နှာပြင်များတွင် စတီယာရင်ဘီး၊ ဂီယာလက်ကိုင်၊ တံခါးလက်ကိုင်၊ ထိုင်ခုံခါးပတ်ခေါင်းနှင့် တံခါးထိန်းချုပ်သည့်ခလုတ်များ ပါဝင်ပါသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် စတင်မိတ်ဆက်ခဲ့သော GrabProtect ဝန်ဆောင်မှုသည် Grab app အတွင်း ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ထပ်ဆောင်း လုပ်ဆောင်ချက်များပါဝင်သည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ခရီးသည်များမှာ သင်ကြားလေ့ကျင့်ထားသော အကောင်းဆုံး အဆင့်သတ်မှတ်ချက် ပြည့်မီသည့် ယာဉ်မောင်းများနှင့်အတူ ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချနိုင်ရန် ယာဉ်မောင်းနှင့် နောက်ခုံရှိ ခရီးသည်အကြား ပလတ်စတစ်အကာတစ်ခု ပါရှိသော အငှားယာဉ်ဖြင့် စီးနင်းသွားလာနိုင်မည် ဖြစ်သည်။ GrabProtect မိတ်ဖက်ယာဉ်မောင်းများမှာ ကျန်းမာရေးဆေးစစ်ချက်၊ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ထားရခြင်း၊ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို လျှော့ချနိုင်ရန် ကားကိုနေ့စဉ် ပိုးသတ်သန့်စင်ရခြင်း စသည့် အဆင့် (၆) ဆင့်ပါဝင်သော သန့်ရှင်းမှုစံချိန်စံနှုန်းကို လိုက်နာရပါသည်။

Grab Myanmar ၏ Country Manager ဖြစ်သူ Corentin Rouxel က “ရန်ကုန်မှာ အလုပ်တွေ ပြန်ဖွင့်လာပြီး လူတွေလည်း အရင်အတိုင်း ပုံမှန် သွားလာလှုပ်ရှားနေကြပြီဆိုတော့ သူတို့ရဲ့ နေ့စဉ် ခရီးသွားလာရေး လိုအပ်မှုတွေအတွက် Grab ကို ပိုပြီး အသုံးပြုလာကြပါပြီ။ ကျွန်တော်တို့က Grab အသုံးပြုသူတွေ အားလုံး စိတ်အေးလက်အေးနဲ့ သွားလာစေချင်တာဆိုတော့ သန့်သန့်ရှင်းရှင်း၊ ပိုးသတ်သန့်စင်ထားတဲ့ ကားတွေကနေ စရမှာပေါ့။ နေ့ရက်တိုင်း ပိုပြီး လုံခြုံစိတ်ချရစေဖို့ဆိုတဲ့ ကတိကဝတ်အတိုင်း WizAct 24 နဲ့ ပူးပေါင်းပြီး ရန်ကုန်က ကျွန်တော်တို့ရဲ့ GrabProtect မိတ်ဖက်ယာဉ်မောင်းတွေကို WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေးတွေ ဖြန့်ဝေပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ အခုဆို မိတ်ဖက်ယာဉ်မောင်းတွေက WizAct 24 သုံးပြီး နေ့တိုင်း အငှားယာဉ်ကို ပိုးသတ်သန့်စင်ထားမှာဆိုတော့ ခရီးသည်တွေကလည်း ပိုပြီး စိတ်ချလက်ချ သွားလာနိုင်တာပေါ့” ဟု ပြောသည်။

“သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေမှာ ဘေးကင်းလုံခြုံရေးနဲ့ သန့်ရှင်းရေး စံနှုန်းတွေက ခရီးသည်တွေအတွက် အဓိက ဦးစားပေးအချက်တွေပါ။ ဘေးကင်းလုံခြုံအောင် ဂရုစိုက်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံကသူတွေရဲ့ ကြိုးပမ်းမှုတွေကို ကူညီပေးနိုင်ဖို့ရယ်၊ ယာဉ်မောင်းနေရတဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေကို ပံ့ပိုးပေးဖို့ရယ် ရည်ရွယ်ပြီး GrabProtect အငှားယာဉ်တွေ ပိုးသတ်သန့်စင်ရာမှာ အသုံးပြုဖို့ WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေးဘူး (၂,၀၀၀) ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို Grab နဲ့ ပူးပေါင်းမှုကနေတဆင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့ရယ်၊ မိမိကိုယ်တိုင်နဲ့အတူ ချစ်ခင်ရသူတွေကို ဘေးကင်းလုံခြုံအောင် ထားနိုင်ဖို့၊ မကြာခဏ ထိတွေ့မှုတွေရှိတဲ့ မျက်နှာပြင်တွေကို ပိုးသတ်သန့်စင်ပေးဖို့ အရေးကြီးတဲ့အကြောင်း အသိပညာပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Gentle Supreme Sdn. Bhd (မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး) ၏ Chief Representative ဖြစ်သူ Eric Wong က ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သော အစီအစဉ်တစ်ခုအရ GrabProtect မိတ်ဖက်ယာဉ်မောင်း၏ ရှေ့ထိုင်ခုံနောက်ဘက်တွင် စတစ်ကာများ ကပ်ပေးထားမည် ဖြစ်ပါသည်။ ထို့အပြင် GrabProtect ကားများကို မည်သို့ ပိုးသတ်သန့်စင်ထားကြောင်း ရိုက်ကူးထားသည့် ပညာပေး ဗီဒီယိုတစ်ခုကိုလည်း Grab အငှားယာဉ် အစီး (၁၀၀) ရှိ GrabAds နေရာများ အပါအဝင် Grab Myanmar နှင့် WizAct 24 တို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ပြသသွားမည်ဖြစ်ပါသည်။ ယခု ပူးပေါင်းဆောင်ရွက်မှုအကြောင်း အသေးစိတ် အချက်အလက်များကို Grab အက်ပလီကေးရှင်းနှင့် Grab ဝက်ဘ်ဆိုက်ပေါ်တွင်လည်း မျှဝေပေးမည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖော်ပြချက်အရ ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာမဟုတ်သည့် နေရာများဖြစ်သော အိမ်၊ ရုံး၊ စာသင်ကျောင်း၊ အားကစားရုံ၊ အများပြည်သူသုံး အဆောက်အဦးများ၊ ဘာသာရေးစင်တာများ၊ ဈေးများ၊ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေး အချက်အချာကျသော နေရာများ၊ စားသောက်ဆိုင်များတွင် ပုံမှန် ပိုးသတ်သန့်စင်ပေးသော အလေ့အထသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကပ်ငြိပြီး အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပေးသောနေရာတွင် အရေးကြီးသော အလေ့အထတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

WizAct 24 သည် Actiguard ၏ နည်းပညာဖြစ်သော Actizone အသုံးပြုပြီး ပိုးသတ်သည့် ကိုယ်ပိုင်နည်းစနစ်တစ်ခုကို အသုံးပြုထားသော ကမ္ဘာ့ပထမဦးဆုံး ပိုးသတ်ဆေး ဖြစ်သည်။ Actiguard နည်းပညာဆိုသည်မှာ US EPA RSS24 နဲ့ UK BSI PAS2424 တို့၏ ပိုးသတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအရ ပိုးသတ်ဆေး စံချိန်စံနှုန်းများနှင့် ပြည့်မီမှုရှိပြီး ဘက်တီးရီးယားပိုးမွှားများကို (၂၄) နာရီကြာ နှိမ်နင်းပေးနိုင်သော နည်းပညာတစ်မျိုး ဖြစ်သည်။

လက်ရှိတွင် WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေးကို 450ml ဖြန်းဆေးဘူးကြီးနှင့် သုံးရလွယ်ကူသော 18ml အိတ်ဆောင်ပိုးသတ်ဆေးနှင့် ၁၀ ခုပါ ပိုးသတ်ပုဝါအထုပ်လေးများကို ဝယ်ယူနိုင်ပါသည်။ WizAct 24 ကို ကုန်တိုက်ကြီးများနှင့် နီးစပ်ရာ စတိုးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ခရီးသည်များသည် Grab အက်ပလီကေးရှင်းကို အသုံးပြု၍ GrabProtect ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။ GrabProtect ဝန်ဆောင်မှုကို ရန်ကုန်မြို့ရှိ GrabTaxi မိတ်ဖက်ယာဉ်မောင်း (၁,၅၀၀) နှင့် မန္တလေးမြို့ရှိ GrabThoneBane မိတ်ဖက်ယာဉ်မောင်း (၁၅၀) တို့မှ ဝန်ဆောင်ပေးနေပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို https://www.facebook.com/GrabMM/ နှင့် https://www.facebook.com/WizAct24Myanmar တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Grab အကြောင်း

Grab သည် Euromonitor ၏ ၂၀၂၁ ခုနှစ်၊ GMV ညွှန်းကိန်းအရ အစားအသောက် ပို့ဆောင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုဖြစ်သော e-wallets ကဏ္ဍ တစ်ခုချင်းစီတွင် အရှေ့တောင်အာရှ ဒေသတွင်း ထိပ်တန်း superapp ဖြစ်ပါသည်။ Grab သည် အစားအသောက် ပို့ဆောင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ဒစ်ဂျစ်တယ် ငွေရေးကြေးရေး ဝန်ဆောင်မှု နယ်ပယ်များကို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အရှေ့တောင်အာရှ (၈) နိုင်ငံရှိ မြို့ပေါင်း (၄၈၀) မြို့တွင် ပေးအပ်လျက်ရှိသည်။

Grab ၏ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်ဆိုင်များကို အသုံးပြု၍ သန်းပေါင်းများစွာသော အသုံးပြုသူများသည် နေ့စဉ်နေ့တိုင်း အစားအသောက် (သို့) အသုံးအဆောင်ပစ္စည်းများ မှာယူခြင်း၊ ကုန်ပစ္စည်း ပို့ဆောင်ခြင်း၊ အွန်လိုင်းမှတဆင့် ကား (သို့) အငှားယာဉ် ငှားရမ်းခြင်း၊ အွန်လိုင်းဈေးဝယ်ယူမှုများတွင် ငွေပေးချေခြင်း (သို့) ငွေချေး၊ အာမခံ၊ ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း နှင့် telemedicine အစရှိသော ဝန်ဆောင်မှုများကို ဝင်ရောက်ခြင်းတို့ အားလုံးကို “everyday everything” အက်ပလီကေးရှင်း တစ်ခုတည်းမှတစ်ဆင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ Grab ကို ၂၀၁၂ ခုနှစ်တွင် အားလုံးအတွက် စီးပွားရေး အခွင့်အလမ်း ဖန်တီးပေးအပ်ခြင်းဖြင့် အရှေ့တောင်အာရှ ဒေသတစ်ဝန်း တိုးတက်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားမည်ဟူသော ရည်မှန်းချက်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ထိုအချိန်ကစ၍ မိုဘိုင်းဖုန်းပေါင်း သန်းပေါင်းများစွာတွင် Grab အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူ ထည့်သွင်းလျက် ရှိခဲ့ပါသည်။ လက်ရှိတွင် Grab သည် ၎င်း၏ ရှယ်ယာရှင်များအတွက် ငွေကြေးအရ ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပေးအပ်နိုင်ရန် ဖော်ဆောင်ရင်း တစ်ချိန်တည်းမှာပင် အရှေ့တောင်အာရှ ဒေသအတွင်း လူမှုအကျိုးပြုသည့် လုပ်ဆောင်ချက်တစ်ခု ဆောင်ရွက်ပေးရန်စသော ဘဏ္ဍာရေးဆိုင်ရာ တိုင်းတာမှုများဖြင့် သက်သေပြနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ (www.grab.com)

WizAct 24 အကြောင်း

WizAct 24 သည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို စက္ကန့် ၆၀ အတွင်း ၉၉.၉% သေစေနိုင်ပြီး အသုံးပြုပြီးနောက် (၂၄) နာရီကြာ ပိုးသတ်ပေးနိုင်သော နိုင်ငံတကာအဆင့်မီ မျက်နှာပြင် ပိုးသတ်ဆေးတစ်မျိုးဖြစ်သည်။ ပိုးသတ်သန့်စင်ထားသော မျက်နှာပြင်တွင် လူအများ ထိတွေ့မှုများမှ ကျန်ခဲ့သော ဗိုင်းရပ်စ်ပိုးနှင့် ဘက်တီးရီးယားများကို ဆက်လက် ပိုးသတ်ပေးနိုင်သောကြောင့် (၂၄) နာရီကြာ ပိုးသတ်ထားသော မျက်နှာပြင်တစ်ခုအဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။ WizAct 24 ထုတ်ကုန်များကို WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေး (450ml) ၊ WizAct 24 အိတ်ဆောင်ပိုးသတ်ဆေးဘူး (18ml) နှင့် WizAct 24 ပိုးသတ်ပုဝါထုပ် (၁၀ ခုပါ) စသည့် ထုတ်ပိုးမှုပုံစံ အမျိုးမျိုးဖြင့် ကုန်တိုက်ကြီးများနှင့် နီးစပ်ရာစတိုးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

WizAct 24 ကို မြန်မာနိုင်ငံ အနှံ့အပြားရှိ အရောင်းတာဝန်ခံ ရုံးခွဲများဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Distribution Group (MDG) မှ တင်သွင်းဖြန့်ချိလျက် ရှိပါသည်။ MDG ရုံးခွဲများ၏ တည်နေရာတို့ကို www.myanmardistributiongroup.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ WizAct 24 အကြောင်း အသေးစိတ် စုံစမ်းမေးမြန်းရန်အတွက် ဖုန်း – ၀၁ ၄၀၀၅၃၃ ၊ ၀၁ ၄၀၀၅၄၄ သို့မဟုတ် အီးမေးလ် – info@mdgmyanmar.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။