Samsung Electronics ၏ Galaxy M Series အဖွဲ့ဝင် နောက်ဆုံးပေါ် Galaxy M34 အား မြန်မာနိုင်ငံ ဈေးကွက်ထဲ၌ စတင်ရောင်းချပေးနေပြီဖြစ်သည်။ အဆိုပါ Galaxy M34 သည် အဆင့်မြင့် လုပ်ဆောင်ချက်များအား သင့်တင့်သည့်ဈေးနှုန်းနှင့် ဝယ်ယူအသုံးပြုလိုသူများ အတွက် အသင့်တော်ဆုံး Mid-Range ဖုန်းမော်ဒယ်သစ်တစ်မျိုး ဖြစ်ပြီး ကျယ်ပြန့်သည့် ဖုန်းမျက်နှာပြင်၊ အားကောင်းပြီး တာရှည်ခံသည့် ဘက်ထရီ၊ မိုမိုကောင်းမွန်လာပြီး ရွေ့လျားမှု အလျင်များကိုပါ ကြည်ကြည်လင်လင် ဖမ်းယူနိုင်သည့် ကင်မရာ အစရှိသည့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ပါဝင်လာမည် ဖြစ်သည်။

Galaxy M34 သည် ယခင်နှစ်ထုတ် M series မော်ဒယ်များထက် အဖက်ဖက်က အထူး အဆင့်မြှင့်တင်ထားသည့် ဖုန်းမော်ဒယ်သစ်တစ်မျိုးဖြစ်သည်။ ၄င်းတွင် 6.5” 120Hz FHD+ Super AMOLED Display ကို အသုံးပြုပေးထားသည့်အတွက် ကျယ်ပြန့်သည့်ဖုန်းမျက်နှာပြင်ပေါ်တွင် ပိုမိုကောင်းမွန်ချောမွေ့သည့် သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ Mid-range ဖုန်း မော်ဒယ်များအတွက် အကြီးမား အကောင်းမွန်ဆုံးဖြစ်သော 6000mAh ဘက်ထရီ အသုံးပြုပေးထားသည့်အတွက် ဘက်ထရီ ကြာရှည်ခံမှုအတွက် စိတ်ပူပန်စရာ မလိုအပ်သည့် အပြင် ဖုန်းအားသွင်းရာတွင်လည်း ပိုမို မြန်ဆန်စေမည်ဖြစ်သည်။ ထို့အပြင် ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ အတွက် သိသာစွာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည့် 13MP Front Camera, 50MP Main Camera with OIS, Ultra-Wide 8MP, Macro 2MP တို့ ကြောင့် ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ယူရာ၌ ပိုမိုကြည်လင်ပြီး ရွေ့လျားနေသည့် ပုံရိပ်များကိုပင် ကောင်းမွန်စွာ ဖမ်းယူနိုင်မည်ဖြစ်သည်။ Galaxy Monster ဟု တင်စားခေါ်ဝေါ်ကြသည့် အဆိုပါ Galaxy M34 စမတ်ဖုန်းအား Exynos 1280 Processor ဖြင့် တည်ဆောက်ထားပြီး RAM 8GB, Storage 128 GB ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ အရောင်အားဖြင့် Dark Blue, Blue နှင့် Silver ဟူ၍ အရောင် (၃) မျိုးဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ နှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ Samsung Showroom များ၊ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများတွင် ရောင်းချသွားမည်ဖြစ်သည်။

“အခုအသစ်မိတ်ဆက်လိုက်တဲ့ Galaxy Monster လို့ခေါ်ကြတဲ့ Samsung Galaxy M34 က အရင်ထက် ပိုကြမ်း၊ ပိုလန်းအောင် ဖန်တီးပေးထားတဲ့ ဖုန်းမော်ဒယ်သစ်တစ်မျိုးဖြစ်ပါတယ်။ ကင်မရာပိုင်း၊ ဘက်ထရီပိုင်း၊ Display ပိုင်း စတာတွေမှာ အဖက်ဖက်က ကောင်းမွန်ပြည့်စုံအောင် အဆင့်မြှင့်တင်ပေးထားတာဖြစ်လို့ အသုံးပြုသူတွေလည်း နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ နောက်နောင်မှာလည်း အခုလိုပဲ ကုန်ပစ္စည်းကောင်းတွေကို သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ ထုတ်လုပ်ပေးသွားနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကိုတင်မောင်ဝင်းမှ ပြောကြားခဲ့ပါသည်။

ဝယ်ယူအားပေးသူမိတ်ဆွေများအတွက် မိတ်ဆက်ကာလ အထူးလက်ဆောင်အနေနှင့် 45W Fast Charger၊ ဖုန်းကာဗာနှင့် Earphone ကိုလည်း လက်ကျန်ပစ္စည်းကျန်ရှိသည်အထိ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ Galaxy M34 စမတ်ဖုန်းနှင့် ပတ်သက်၍ဖြစ်စေ၊ ဝယ်ယူသူများ၏ အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ဖြစ်စေ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက Samsung Myanmar Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးညဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solution များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာ သိရှိုနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ Samsung Myanmar သည် သုံးစွဲသူများ၏ လူနေမှုစနစ် ပိုမိုမြင့်မားလာစေရန်အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည် မြင့်မားသော ထုတ်ကုန်များနှင့် နည်းပညာများအား စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် Samsung Myanmar သည် မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ပေါင်း (၁၇) ဆိုင်နှင့် Service Center ပေါင်း (၂၂) ဆိုင်တို့မှတစ်ဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်တီးပေးအပ်လျက်ရှိသည်။