• မိတ်ဖက်ဆိုင်များနှင့် အလွတ်တမ်းပို့ဆောင်သူများကိုတန်ဖိုးထားဂုဏ်ပြုခြင်း။  ။ foodpanda အနေဖြင့် မိတ်ဖက်များ (Vendors) နှင့် panda Rider များကို ဂုဏ်ပြုခြင်းနှင့် ဆုလက်ဆောင်များ ပေးအပ်ခြင်း အစီအစဥ်များ လုပ်ဆောင်။
  • ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လူဦးရေ ၃၀၀၀၀ အတွက် အစားအသောက်များ မျှဝေလှူဒါန်း။
  • panda Rider များအတွက် အကျိုးပြုအစီအစဥ်များစွာ ပံ့ပိုးဖော်ဆောင်ပေး။

ထိပ်တန်း အစားသောက်ပို့ဆောင်ရေးနည်းပညာ ကုမ္ပဏီဖြစ်သော foodpanda သည် မြန်မာနိုင်ငံအတွင်း ဝန်ဆောင်မှုပေးအပ်သည့်ကာလ သုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် (၃) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ မှစတင်၍ မြန်မာနိုင်ငံစျေးကွက်သို့ စတင်ဝင်ရောက်လာသော foodpanda သည် အလျင်အမြန်တိုးတက်လျက် ရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့်အပြင် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အခြေခိုင်မာစွာ တည်ရှိမှုနှင့်အတူ မြို့ပေါင်း (၁၆) မြို့တွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ ၎င်းစတင် ဝန်ဆောင်မှုပေးခဲ့သည့် ဒီဇင်ဘာလတွင် စီးပွားရေးမိတ်ဖက်များအပါအဝင်အခြားသော လူမှုအဖွဲ့အစည်းတို့နှင့် အတူ foodpanda ၏ အောင်မြင်မှု မှတ်တိုင်များအတွက် အထိမ်းအမှတ်အစီအစဉ်ကို လူမှုအကျိုးပြုအစီအစဉ်ပေါင်းများစွာဖြင့် လုပ်ဆောင်လျက်ရှိသည်။

“ဒီသုံးနှစ်တာ အောင်မြင်မှုဟာ မိမိတို့ တာဝန်ယူထားတဲ့ နေရာအသီးသီးတွေကနေစွမ်းစွမ်းတမံ လုပ်ဆောင်ပေး နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဝန်ထမ်းတွေအပါအဝင် အဓိက အခန်းကဏ္ဍကပါဝင်နေတဲ့ ပို့ဆောင်သူတွေ၊ မိတ်ဖက်ဆိုင်တွေ၊ သုံးစွဲသူတွေရဲ့ ဟန်ချက်ညီ ညီလက်တွဲလုပ်ဆောင်မှုတွေကြောင့် ရရှိတဲ့ အသီးအပွင့်တွေပဲဖြစ်ပါတယ်။ ဒါတွေကဒီသုံးနှစ်တာကာလမှာ ရေရှည်တည်မြဲနေပြီး ဖွံ့ဖြိုးမှုတွေကို အားသစ် လောင်းပေးနေတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပို့ဆောင်သူတွေနဲ့ စီးပွားဖက် မိတ်ဖက်ဆိုင်တွေကို အခုလို အချိန်အခါသမယမှာ ဂုဏ်ပြု အစီအစဥ်၊ အခမ်းအနားတွေနဲ့အတူ သုံးနှစ်မြောက် မွေးနေ့ကာလကို အတူတူ ဆင်နွှဲကျင်းပလျက်ရှိပါတယ်။ ပို့ဆောင်သူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဖက်တွေနဲ့ သုံးစွဲသူတွေကို နည်းပညာကနေတဆင့် ဆက်သွယ် ပေးခြင်းဟာကုမ္ပဏီရဲ့ အရေးပါတဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့အပြင် နေ့တဓူဝလုပ်ငန်းလည်ပတ် လုပ်ဆောင်မှုတွေထဲ က အမြဲလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတာ foodpanda အနေနဲ့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ဒီခရီးလမ်းမှာ အချင်းချင်း ဖေးမကူညီထောက်ပံ့ ပေးတဲ့ သုံးစွဲသူတွေ၊ ပို့ဆောင်သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားမိတ်ဖက်ဆိုင်တွေနဲ့ အခြားသော မိတ်ဖက် ပါတနာတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အဲ့လိုတွေသာမရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အခုလိုမျိုး မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်မှာ မဟုတ်ပါဘူး” ဟု ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံဆိုင်ရာ foodpanda ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇေယျာမင်းမှ ပြောကြားခဲ့သည်။

တန်ဖိုးထားမှုများနဲ့အတူ foodpanda ရဲ့မွေးနေ့အလှူ။ ။ foodpanda အနေဖြင့် (၂၀၂၂) ခုနှစ် ဒီဇင်ဘာလနှင့် (၂၀၂၃) ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ လိုအပ်မှုများရှိသည့် လူမှုအသိုင်းအဝိုင်းများအတွက် လူဦးရေ ၃၀,၀၀၀ စာ အစားအသောက်များ မျှဝေခြင်းကို မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် Myanmar Kitchen (ရန်ကုန်)၊ ချမ်းမြသုခ – ပရဟိတ လူမှုကူညီရေးအသင်း (မန္တလေး) နှင့် တောင်ကြီးရှိ ပရဟိတအသင်းများနှင့်အတူ လုပ်ဆောင်လျက်ရှိပါသည်။

မိတ်ဖက်ဆိုင်များနှင့် ပို့ဆောင်သူများအတွက် ဂုဏ်ပြုအစီအစဥ်။ ။ foodpanda ကို ပံ့ပိုး ပေးလျက်ရှိသည့် မိတ်ဖက်ဆိုင်များနှင့် ပို့ဆောင်သူများအတွက် အသိအမှတ်ပြုတန်ဖိုးထားသည့် ဂုဏ်ပြုပွဲများနှင့် ဆုချီးမြှင့်ပွဲများ ကို မန္တလေးမြို့တွင် ဒီဇင်ဘာလလ (၂) ရက်နှင့် (၃)ရက်နေ့တို့တွင်လည်းကောင်း ရန်ကုန်မြို့တွင် ဒီဇင်ဘာလ (၁၃) ရက်နေ့နှင့် (၁၉) ရက်နေ့တို့တွင်လည်းကောင်း ကျေးဇူးတင်ဂုဏ်ပြု အခမ်းအနားများ စီစဥ်ကျင်းပခဲ့ပါသည်။

“ကျွန်တော်တို့ရဲ့ မိတ်ဖက်ပါတနာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပို့ဆောင်ပေးသူတွေနဲ့ အခြားပါဝင် သက်ဆိုင် သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစားအသောက်ကောင်းတွေ၊ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေကို အဆင် ပြေလုံခြုံစွာ ပို့ဆောင်ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စံနှုန်းတွေအတိုင်း နည်းပညာအခြေပြု ပလက်ဖောင်းကနေ တစ်ဆင့် မြန်မာနိုင်ငံအတွင်း သုံးစွဲသူပေါင်း (၂) သန်းကျော်ဆီကို အဆင်ပြေလုံခြုံစွာ ဝန်ဆောင်မှုပေးလျက်ရှိ ပါတယ်။ ပြီးတော့ ပို့ဆောင်သူ (၈၀၀၀) ကျော်ကို သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေစီးဆင်းမှုအခွင့်အရေးလမ်းကြောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့အပြင် ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေကို အားကောင်းအောင် ပံ့ပိုးကူညီ လုပ်ဆောင်ပေးနေပါတယ်” ဟု ဦးဇေယျာမင်းက ထပ်မံ ဖြည့်စွက်ပြောကြားခဲ့သည်။

Riders Retreat အစီအစဥ်။ ။ မြန်မာ့လူမှုအသိုင်းအဝိုင်းကို နည်းပညာအထောက်အပံ့ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးနေသည့် foodpanda Myanmar ၏ လုပ်ငန်းလည်ပတ်မှုတွင် ပို့ဆောင်ပေးသူများသည် အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးပို့ပေးခဲ့သည့် ထိပ်တန်းထူးချွန်သူ ပို့ဆောင်သူများအတွက် Riders Retreat အစီအစဥ်ကို foodpanda အနေဖြင့် စီစဥ်ဆောင် ရွက်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဥ်မှ တစ်ဆင့် ပို့ဆောင်ပေးနေသူများအကြား ကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ပေးနိုင်မည်သာမက လုပ်ငန်းခွင်တွင် ခိုင်မာသည့် ဦးတည်ချက်ပိုမိုရရှိလာစေရန် နှင့် ၎င်းတို့အားလုံးနေထိုင်သော ရပ်ရွာအသိုက်အဝန်းအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများဖြင့် အားလုံး မျှဝေခံစားသွားနိုင်မည့် ပန်းတိုင်ကို ဖော်ဆောင်ပေးနိုင် မည်ဖြစ်သည်။

ပို့ဆောင်သူများ၏ ပထမဆုံး သီချင်းဆိုပြိုင်ပွဲ။ ။ foodpanda Myanmar အနေဖြင့် ပို့ဆောင်သူများ အတွက် ပထမဆုံးသော အွန်လိုင်း သီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးပြီး ထိုမှတစ်ဆင့် ပို့ဆောင်သူတို့၏ စိတ်အားထက်သန်မှုနှင့် ပင်ကိုယ်စွမ်းရည်တို့ကို ပြသနိုင်မည့်အပြင် စိတ်ကူးယဥ်အိပ်မက်များကို အကောင်အ ထည်ဖော်နိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သည့် ပင်ကိုယ်စွမ်းရည်တိုးတက်လာစေရန်အတွက် ထိပ်တန်းပြိုင်ပွဲ ဝင် (၃) ဦးကို ဂီတနယ်ပယ်မှ လေးစားထိုက်သော အတတ်ပညာရှင်များမှ အနီးကပ် လမ်းညွှန်ပြသပေးသွားမည့် အပြင် ငွေသားကျပ် သိန်း (၅၀) အထိ ရရှိခံစားနိုင်မည်ဖြစ်သည်။

ပရိုမိုးရှင်းများနှင့် အံ့အားသင့်ဖွယ် တုံ့ပြန်မှုများ။ ။ foodpanda ၏ နှစ်ပတ်လည်လဖြစ်သည့် ဒီဇင်ဘာလတွင် သုံးစွဲသူ များအနေဖြင့် foodpanda အက်ပ်မှတစ်ဆင့် အချို့သော ထုတ်ကုန်၊ အစားအသောက်များအတွက် အထူး လျော့ဈေးများဖြင့် ရရှိ ဝယ်ယူ၊ စားသုံးနိုင်မည်ဖြစ်သည်။

foodpanda အကြောင်း

foodpanda သည် သုံးစွဲသူများကို အစားအစာ၊ ကုန်စုံနှင့် အခြားသောအရာများစွာကို မြန်ဆန်အဆင်ပြေစွာ ပို့ဆောင်ပေး ရန်ရည်ရွယ်ထားသည့် အာရှ၏ ထိပ်တန်းနည်းပညာ ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ နည်းပညာနှင့် လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် foodpanda သည် ၄င်း၏ လက်လီ မိတ်ဖက်ပါတနာများနှင့်အတူ Q-Commerce နယ်ပယ် တွင်တိုးတက်မှုကို ဦးဆောင်နေလျက်ရှိပါသည်။ အွန်လိုင်းမှဝယ်ယူသည့် အော်ဒါများကို သုံးစွဲသူများထံသို့ ပို့ဆောင်ပေးသည့် foodpanda သည် အာရှရှိ စျေးကွက်(၁၁) ခုရှိ မြို့ပေါင်း (၄၀၀) ကျော်တွင် လည်ပတ်နေပြီး စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့ ဖြစ်သည်။ ပိုမိုသိရှိလိုပါက www.foodpanda.com သွားရောက်ကြည့်ရှုနိုင်ပါသည်။ foodpanda သည် ကမ္ဘာ့ထိပ်တန်း အွန်လိုင်းအစားအသောက် မှာယူ ပို့ဆောင်ရေးနည်းပညာပလက်ဖောင်း Company တစ်ခုဖြစ်သည့် Delivery Hero ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ foodpanda သည် ထောင်ပေါင်းများစွာသော မိတ်ဖက်လုပ်ငန်းရှင်များ၊ ပို့ဆောင်သူများဖြင့် မိတ်ဖက် ပူးပေါင်း၍ မြို့ပေါင်း (၁၆) မြို့တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက www.foodpanda.com.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။