မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ ရှိ သုံးစွဲသူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် လီမိတက် – မန္တလေး (FDB Bank) သည် ၎င်း၏ပထဦးဆုံး ရန်ကုန်ဘဏ်ခွဲကို ရွှေဘုံသာလမ်း (အထက်ဘလောက်)၊ ပန်းပဲတန်းမြို့နယ်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းစုများနှင့် အများပြည်သူများတို့အနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို FDB Bank တွင် ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

FDB Bank သည် ဝန်ဆောင်မှုရယူသုံးစွဲသူအယောက်စီတိုင်းအတွက် ပြည်တွင်းငွေလွှဲခြင်း၊ အပ်ငွေ၊ ချေးငွေ၊ ATM/CRM ဝန်ဆောင်မှု၊ ကတ်ဝန်ဆောင်မှု၊ payroll ဝန်ဆောင်မှု၊ Bank Guarantee ဝန်ဆောင်မှု၊ Premier Banking ဝန်ဆောင်မှု အပါအဝင် အခြားသောအထွေထွေဘဏ်ဝန်ဆောင်မှုများကို အကောင်းဆုံးဝန်ဆောင်မှု များဖြင့် ပံ့ပိုးဖြည့်ဆည်းပေးနိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ FDB Bank မိသားစုအားလုံးက ပြည်သူတစ်ဦးတစ်ယောက်ချင်းစီနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့အပ်ငွေ၊ ချေးငွေတွေနဲ့ ပတ်သက်တဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းဝန်ဆောင်ပေးဖို့ စိတ်လှုပ်ရှားနေကြ ပါပြီ။ FDB Bank က စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အသေးစားနဲ့ အလတ်စားလုပ်ငန်း ချေးငွေ (SME Loan) နဲ့ ကုန်သွယ်လုပ်ငန်းဆိုင်ရာချေးငွေ (Commercial Term Loan) တွေအပြင် မော်တော်ယာဉ်ချေးငွေ (Vehicle Loan) နဲ့ ဝန်ထမ်းချေးငွေ (Staff Loan) တွေလိုမျိုး အခြားသော ချေးငွေ အစီအစဉ်တွေကိုလည်း ဝန်ဆောင်မှုပေးသွားမှာပါ။ ဆက်လက်ပြီး အိမ်ရာချေးငွေ (Home Loan)၊ Green Financing Loan နဲ့ လယ်ယာသုံး ပစ္စည်းကိရိယာများအတွက် အငှားဝယ်စနစ်ချေးငွေ (Hire Purchase Loan) တွေကိုလည်း မကြာခင်မှာပေးအပ်သွားနိုင်ဖို့လည်း ကြိုးစား ဆောင်ရွက်နေပါတယ်။ ဒါ့အပြင်‌ Mobile Banking, iBanking, e-Wallet, နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများ၊ နိုင်ငံတကာဘဏ်လုပ်ငန်း စတာတွေ ကိုလည်း မကြာမီကာလတွင် ဝန်ဆောင်မှုပေးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။” ဟု Head of Wholesale and Retail Banking ဖြစ်သူ ဦးဝေဖြိုးဦးက ပြောကြားခဲ့သည်။

FDB Bank ၏ ပထမဆုံးဘဏ်ခွဲကို မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၈၄လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြား တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဒုတိယဘဏ်ခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ခြင်းဖြစ်သည်။ FDB Bank သည် လာမည့်တစ်နှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ မော်လမြိုင်၊ မြဝတီ၊ မူဆယ်၊ လာရှိုး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ ဖားကန့်၊ တောင်ကြီး၊ တာချီလိတ်၊ ပဲခူး၊ ပြည်၊ မုံရွာ၊ မကွေး၊ ထားဝယ်၊ ပုသိမ် စသည့် မြို့ကြီးများတွင် ဘဏ်ခွဲများကို ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး လာမည့် (၅)နှစ်အတွင်း ဘဏ်ခွဲပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေပါသည်။

FDB Bank သည် နိုင်ငံတဝှမ်းတွင် စီးပွားရေးလုပ်ငန်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Excellent Fortune Development Group (EFD Group) ၏ စီးပွားရေးလုပ်ငန်းများအနက်က ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသောလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ EFD Group သည် ငွေကြေး စီးပွားရေးကဏ္ဍ၊ မြို့ပြတည်ဆောက်ရေးနှင့်မြေယာဖွံ့ဖြိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍ၊ စက်မှုကဏ္ဍ စသည့်ကဏ္ဍစုံပါဝင်သော စီးပွားရေးလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဘဏ္ဍာရေး အရ တောင့်တင်းခိုင်မာသည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။

“Digital Banking Excellence for You” ဟူသည့်ဆောင်ပုဒ်နှင့်အညီ FDB Bank သည် သုံးစွဲသူများအတွက် အကောင်းဆုံးသောဘဏ်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ နိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ပံ့ပိုးရန်ဟူသောဦးတည်ချက်ဖြင့် FDB Bank သည် အကောင်းမွန်ဆုံးနှင့် ခေတ်မီဆန်းသစ်သော နည်းပညာများ အသုံးပြုကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဝန်ဆောင်မှုရယူ သုံးစွဲသူများအတွက် ပွင့်လင်းမြင်သာပြီး မြန်ဆန်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန် FDB Bank သည် digital onboarding စနစ်၊ biometrics authentication စနစ်နှင့် အလိုအလျောက်ချေးငွေစိစစ်မှု စနစ်များကို အသုံးပြုထား သည်။

Head of Operations အဖြစ်တာဝန်ယူထားသည့် ဦးချစ်ဦးမောင်က “FDB Bank ရဲ့ ဝန်ဆောင်မှုကို ရယူသုံးစွဲ သူတိုင်း ခေတ်မီဆန်းသစ်တဲ့ ဘဏ်ဝန်ဆောင်မှုတွေရယူနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဒစ်ဂျစ်တယ် နည်းပညာကို အလေးထားဆောင်ရွက်နေတဲ့ FDB Bank ရဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်ဘဏ်ခွဲက ဝန်ထမ်းတွေအနေနဲ့ လူကြီးမင်းတို့ကို နွေးထွေးပျူဌာစွာကြိုဆိုပြီး ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေ သုံးပြုကာ အကောင်းဆုံးဝန်ဆောင်မှု အတွေ့အကြုံတွေကို ပေးအပ်ဖို့ အသင့်ဖြစ်နေပါပြီ။” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ ဦးချစ်ဦးမောင်က “Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ဘဏ်စနစ်ကို မြန်မြန် ဆန်ဆန်နဲ့ ပြောင်းလဲသုံးစွဲလာကြပါတယ်။ ခေတ်ရဲ့လိုအပ်ချက်အရ လူတွေက သူတို့ရဲ့ ဘဏ္ဍာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မဲ့ လိုက်လျောညီထွေမှုရှိပြီး အဆင်ပြေထိရောက်တဲ့ ရွေးချယ်မှုတွေပိုရှိလာဖို့ လိုလားလာကြပါ တယ်။ FDB Bank အနေနဲ့ သုံးစွဲသူတွေ ဘက်ပေါင်းစုံကအဆင်ပြေစေဖို့ သမရိုးကျ ဝန်ဆောင်မှု အပြင် ဒစ်ဂျစ်တယ် ဘဏ်စနစ်ကိုပါ ထောက်ပံ့ထားနိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ဘဏ်ခွဲဖွင့်လှစ်သည့်အထိမ်းအမှတ်အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အတွင်း ရွှေဘုံသာဘဏ်ခွဲတွင် စာရင်းလာရောက်ဖွင့်လှစ်သည့် ပထမဆုံးသောဧည့်သည်အယောက် ၅၀၀ ကို အထူးလက်ဆောင် များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် FDB Bank က ပြုလုပ်လျက်ရှိသော အခြား ပရိုမိုးရှင်းအစီအစဉ်များတွင် ပါဝင်ကာ ဆုလက်ဆောင်များလည်း ရယူနိုင်ဦးမည်ဖြစ်သည်။

စာရင်းသေအပ်ငွေအပ်နှံမည့်သူများအတွက် အထူးအစီအစဉ်အနေဖြင့် ပိုမိုမြင့်မားသောအတိုးနှုန်း ခံစားခွင့်များ ရရှိနိုင်သည့် ငွေပြုံးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးလျက်ရှိသည်။ ထို့ပြင် ရရှိမည့် အတိုးငွေများကို စာရင်းဖွင့်အပ်နှံသည့်နေ့တွင်ပင် တစ်ပါတည်း စာရင်းထဲ ထည့်သွင်းပေးမည် ဖြစ်သည်။

ထို့ပြင် FDB Bank ၏ MPU debit card ကိုင်ဆောင်သူများအတွက် ငွေသားဆုများနှင့် နောက်ဆုံးပေါ် iPhone 14 ရရှိနိုင်မည့် ငွေလာဘ်ပရိုမိုးရှင်းအစီအစဉ်ကိုလည်း ပြုလုပ်လျက်ရှိသည်။ ၃ လအတွင်း FDB Bank ၏ MPU ကတ်ဖြင့် တစ်ကြိမ်လျှင် ကျပ် ၁၀,၀၀၀/- နှင့်အထက် ငွေပေးချေမှု အကြိမ်ရေ အနည်းဆုံး ၁၅ ကြိမ် သို့မဟုတ် ကျပ် ၁၀၀,၀၀၀/- နှင့်အထက် ငွေပေးချေမှု အနည်းဆုံး ၃ ကြိမ် ပြုလုပ်ရုံဖြင့် ပါဝင်နိုင်မည်ဖြစ်သည်။

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး (FDB Bank) နှင့်ပတ်သက်သော အကြောင်းအရာ များကိုဖြစ်စေ၊ အထူးအစီအစဉ်များအကြောင်းကိုဖြစ်စေ သိရှိလိုပါက ဘဏ်၏ Facebook နှင့် LinkedIn လူမှုကွန်ယက် စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ၀၉ ၇၇၇၇ ၈၈၈၈ ၁ ကို ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ enquiry@fdbbank.com ကို စာပို့၍သော်လည်းကောင်း စုံစမ်း မေးမြန်းနိုင်ပါသည်။

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး (FDB Bank) အကြောင်း

FDB Bank သည် မြန်မာနိုင်ငံ၏ နည်းပညာအခြေပြု ထိပ်တန်းဒစ်ဂျစ်တယ်ဘဏ်ဖြစ်လာရန် ရည်မှန်းထား သည်။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သောဘဏ်ကုမ္ပဏီလီမိတက်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းလိုင်စင်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရရှိခဲ့ကာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များ စတင်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုချက်ကို ရရှိခဲ့ပါသည်။ Digital onboarding စနစ်၊ biometrics authentication စနစ်နှင့် အလိုအလျောက်ချေးငွေစီစစ်ခြင်းစနစ် စသော နောက်ဆုံးပေါ်ဘဏ်လုပ်ငန်း နည်းပညာများကို အသုံးပြုပြီး လျင်မြန်ပွင့်လင်းမြင်သာသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ FDB Bank သည် နိုင်ငံတဝှမ်းတွင် စီးပွားရေး လုပ်ငန်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Excellent Fortune Development Group (EFD Group) ၏ စီးပွားရေးလုပ်ငန်းများ အနက်က ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။

Excellent Fortune Development Group (EFD Group) အကြောင်း

EFD Group သည် ငွေကြေးစီးပွားရေးကဏ္ဍ၊ မြို့ပြတည်ဆောက်ရေးနှင့်မြေယာဖွံ့ဖြိုးရေးကဏ္ဍ၊ သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးနှင့်သစ်တောကဏ္ဍ၊ စက်မှုကဏ္ဍ အစရှိသည့်နယ်ပယ်ကဏ္ဍများတွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်လျက်ရှိသည့်လုပ်ငန်းစုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ငွေကြေးလုပ်ငန်းဆိုင်ရာလိုင်စင် များ အားလုံး ပြည့်စုံစွာရရှိထားသော ငွေကြေးစီးပွားရေးလုပ်ငန်းစု ၆ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။

EFD Group ၏ အဓိက ရည်မှန်းချက်မှာ မြန်မာပြည်သူများ၏ လူမှုဘဝ ပိုမိုဆန်းသစ်ကောင်းမွန်လာစေရေးနှင့် စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်လျက် အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးလျက် ရှိသော ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးအုပ်စု အဖွဲ့အစည်းတစ်ခုအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ရပ်တည်ရန်ဖြစ်ပါသည်။

EFD Group သည် ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေးအန္တရာယ်များမှကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး၊ လူမှုဘဝမြှင့်တင်ပေးရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အထောက်အကူပြု တက်ကြွစွာ ပါဝင်ဆောင်ရွက် နိုင်ရန် Excellent Fortune Foundation (EFF Foundation) အမည်ဖြင့် ပြည်ထောင်စုအဆင့် ပရဟိတအဖွဲ့အစည်း တစ်ခုကိုလည်း တည်ထောင်ထားပါသည်။