မြန်မာနိုင်ငံတွင်ပထမဆုံးသော ပြည်တွင်း Esports Community Application တစ်ခုဖြစ်သည့် Eternity Mobile Application မိတ်ဆက်ပွဲအား ရန်ကုန်မြို့ ဝင်ဒမ်ဂရန်းဟိုတယ်တွင် ဇူလိုင်လ ၁၃ရက်​နေ့က ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် Eternity Mobile Application အား မိတ်ဆက်ခဲ့ရုံသာမက Eternity Mobile Application မှ Falcon Esports အား Gold Sponsorship ​ပေးအပ်ခြင်းနှင့် အမှတ်တရဂျာစီ ပေးအပ်ခြင်း၊ Eternity ၏ ​ရှေ့ဆက်လုပ်ငန်းစဥ်များအား​​ကြေညာခြင်း စသည့်အစီစဥ်များပါဝင်ခဲ့ပါသည်။

Eternity Mobile Application သည် မြန်မာနိုင်ငံတွင် ပထမဆုံးပြည်တွင်း Esports Community Application တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်များ​သော Esports ဂိမ်းများဖြစ်သည့် MLBB၊ DOTA2၊ PUBG Mobile၊ VALORANT၊ CSGO စသည့် Game များနှင့် ပတ်သက်၍ Eternity မှ ကျင်းပသော ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့အပြင် Application တွင် တစ်ကြိမ် register လုပ်၍ Profile ဖွင့်ထားသူများအ​နေနှင့် ယခင်ကဲ့သို့ ပြိုင်ပွဲတစ်ခုစီတိုင်းအတွက် Register ပြန်လုပ်ရန်မလိုအပ်ဘဲ Eternity Mobile Application တွင်ပြုလုပ်​သော မည်သည့်ပြိုင်ပွဲကိုမဆို ပါဝင်ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။ အသင်း၊ အုပ်စုများဖွဲ့၍ ပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်နိုင်ခြင်း၊ Esports သတင်းများကို အချိန်နှင့်တ​ပြေးညီဖတ်ရှုနိုင်ခြင်း၊ နာမည်​ကျော် ပြည်တွင်း Esports အသင်းများ၏ အမှတ်တရလက်​ဆောင်ပစ္စည်း အမျိုးမျိုးကို တစ်​နေရာတည်းတွင် ဝယ်ယူနိုင်ခြင်း အစရှိသည့် လုပ်​ဆောင်ချက်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။

Eternity Mobile Application မှ Chief Operations Officer ဖြစ်သူ ကိုအောင်ခန့်ဇော် က “ကျွန်​တော်တို့ အ​နေနဲ့ မြန်မာ Local Application ဖြစ်တဲ့ Eternity Mobile Application ကို Esports Community Application အဖြစ်နဲ့ ပထမဆုံး​ခြေလှမ်း စတင်နိုင်ခဲ့ပါပြီ။ အဖက်ဖက်က​နေ အား​ပေးကူညီကြတဲ့သူ​တွေ​ရော အခုတက်​ရောက်ချီးမြှင့်​ပေးကြတဲ့ ဧည့်သည်​တွေ မီဒီယာ​တွေကို အထူးပဲ​ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် လက်ရှိအသင်းကြီး​တွေထဲက တစ်သင်းဖြစ်ပြီး ပြည်တွင်းမှာ​ရော နိုင်ငံတကာမှာ​ပါ ပြိုင်ပွဲ Experience ​တွေရှိတဲ့ Falcon Esports ကို Gold Sponsorship အနေနဲ့ Support ​ပေးရတာကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။

အခုလို Falcon နဲ့ Sponsorship အစီစဥ်​လေးလုပ်ဖြစ်သွားတာကလည်း Falcon Esports ဟာ အရင်ကတည်းက နိုင်ငံတကာမှာ​အောင်မြင်မှု​တွေရခဲ့တယ်။ အခုလည်း ​နောင်တက်လာမယ့် လူငယ်​တွေကို ပံ့ပိုး​ပေး​နေတာကိုလည်း တွေ့ရတယ်။ ကျွန်​တော်တို့ Eternity Mobile Application ကလည်း လူငယ်တွေကို တတ်နိုင်တဲ့ဘက်က​နေ Supporting​ တွေ​ပေးချင်တဲ့ရည်ရွယ်ချက်ချင်း တူတယ်ပေါ့နော်။ အဲဒါကြောင့်မလို့လည်း အခုလိုစီစဥ်ဖြစ်သွားတာပါ။” ဟု ပြောကြားခဲ့သည်။

Falcon Esports ၏ General Manager ဖြစ်သူ ကိုထက်လွင်ဦးကလည်း “အခုလို Eternity Mobile Application က​နေ Gold Sponsorship ကို လက်ခံရရှိတဲ့အတွက်​ကျေးဇူးတင်ပါတယ်။ Eternity Mobile Application ကို Esports Community မှာ အ​ရွေ့တစ်ခုအ​နေနဲ့ စတင်မိတ်ဆက်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ အဓိကက​တော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Esports အမျိုးမျိုးက ဝါသနာရှင်​တွေကို တစ်​နေရာတည်းမှာ စု​ပေးထားတာဖြစ်တဲ့အတွက် Esports ကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အလမ်းကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်။” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

Eternity Mobile Application အား Playstore တွင် ယခုလအတွင်း စတင် download ရယူ၍ အသုံးပြုနိုင်မည် ဖြစ်ပြီး iOS အသုံးပြုသူများအတွက် အသုံးပြုနိုင်မည့် နေ့ရက်ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်သည်။

အဆိုပါပွဲစဥ်၏ အပိတ်အစီအစဥ်အနေဖြင့် Eternity မှ ယခုနှစ်အတွင်း ကျင်းပပြုလုပ်သွားမည့် Esports ပွဲစဥ်များအား တစ်ခုချင်းစီ ရှင်းလင်းကြေညာခဲ့သည်။ နောက်ဆုံးပိတ်ကြေညာချက်အနေဖြင့် Eternity မှ ယခင်ကျင်းပခဲ့ဖူးပြီး ပြည်တွင်းမှ နာမည်ကျော် MLBB အသင်းများ ပါဝင်ယှဥ်ပြိုင်ခဲ့ဖူးသော အကြီးမားဆုံးပြည်တွင်း ပြိုင်ပွဲကြီးဖြစ်သည့် LOD Season 2 ပြိုင်ပွဲကြီးအား လာမည့် စက်တင်ဘာလတွင် ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဆုကြေးငွေအနေဖြင့် ကျပ်သိန်းနှစ်ရာတိတိ ပေးအပ်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

ယခုမိတ်ဆက်သွားခဲ့သော Eternity Mobile Application သည် မြန်မာနိုင်ငံ Esports Community ၏ ခြေလှမ်းသစ်တစ်ခုစတင်ခြင်းဖြစ်ပြီး Esports ကို စိတ်ဝင်စားသော လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည့် နေရာသစ်တစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။