ပိုမိုကြီးထွားလာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ပြဿနာများကို ဖြေရှင်းရန် အာဆီယံနိုင်ငံများ၏ တီဘီရောဂါ (TB) ကုသဆောင်ရွက်မှုများ၊ ကျန်းမာ‌ရေးစောင့်ရှောက်မှု စနစ်များနှင့် ကပ်ရောဂါ ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ အားကောင်းစေရန်အတွက် Airborne Infection Defense Platform (AIDP) ကို တရားဝင် စတင်မိတ်ဆက်ခဲ့သည်။

အာဆီယံဒေသ အတွင်း တီဘီရောဂါနှင့် ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး အကြောင်း နားလည်မှု တိုးတက်စေရန်၊ နှင့် မြှင့်တင်ရန်နှင့် လေမှတဆင့် အသက်ရှူလမ်းကြောင်းကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံများ၏ စွမ်းဆောင်ရည်ကို အားကောင်းစေရန် ရည်ရွယ်၍ လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Dr. Bounfeng Phoummalaysith အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများပါဝင်သော အဆိုပါ အစီအစဉ်ကို ၁၆ ကြိမ်မြောက် အလွတ်သဘောအစီအစဉ်အဖြစ် စတင်ကျင်းပခဲ့သည်။

AIDP ကို TB ရောဂါ ပပျောက်စေရေးအတွက် ​​United States Agency for International Development (USAID) မှ ပံ့ပိုးထားပြီး ကုလသမဂ္ဂ မှ ဆောင်ရွက်သော အကျိုးအမြတ်မယူသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Stop TB Partnership နှင့် Stop TB Partnership Indonesia (STPI) မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပလက်ဖောင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အားပေးကူညီထားသည်။

၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တီဘီအစီရင်ခံစာအရ အာဆီယံနိုင်ငံတစ်ဝန်းတွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂.၄ သန်းကျော် တီဘီရောဂါ ကူးစက်ခံထားရပါသည်။ အာဆီယံနိုင်ငံ ၅ နိုင်ငံ (အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်) တို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တီဘီရောဂါ ဆောင်ရွက်မှု စာရင်းတွင် အမြင့်ဆုံးဖြစ်သည်။ ထို့အပြင် COVID-19 ကပ်ရောဂါသည် နိုင်ငံတွင်း တီဘီရောဂါ ကာကွယ်ရေးနှင့် ကုသရေး အစီအစဉ်များကို ပျက်ပြားစေခဲ့ပြီး ဝန်ထမ်းနှင့် အရင်းအမြစ်များကို တီဘီရောဂါမှ Covid-19 သို့ လွှဲပြောင်းပေးခဲ့ရာ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တီဘီရောဂါကြောင့် သေဆုံးသူ တစ်သန်းခွဲနီးပါး တိုးလာခဲ့သည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး ဒေါက်တာ Bounfeng Phoummalaysith က အဖွင့်အမှာစကား ပြောကြားရာတွင် “COVID-19 ကပ်ရောဂါဟာ လူသားတွေရဲ့ ဘဝကဏ္ဍအသီးသီးကို သက်ရောက်မှု ရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံတွေကနေ သင်ယူပြီး အနာဂတ်မှာ အလားတူ အခြေအနေ တွေအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသဆိုင်ရာ ကျန်းမာရေး စနစ်ဟာ တိုးတက်ပြောင်းလဲနေပြီဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ပိုမိုအားကောင်းပြီး ခုခံနိုင်အားကောင်းတဲ့ စနစ်တစ်ခုကို ဖန်တီးဖို့ လိုအပ်ပါတယ်။ တီဘီပရိုဂရမ်မှာ လျင်မြန်တဲ့စစ်ဆေးရေးကိရိယာတွေ၊ အဆက်အသွယ် ခြေရာခံလုပ်ငန်းစဉ်၊ ဒစ်ဂျစ်တယ်နဲ့ ရပ်ရွာစနစ်များအပြင် ကြိုတင်သတိပေးစနစ်များ ကဲ့သို့သော လေထုရောဂါတိုင်းအတွက် အလွယ်တကူ အသုံးချ စီမံခန့်ခွဲနိုင်တဲ့ အခြေခံမူများစွာ ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပလက်ဖောင်းနည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ အနာဂတ် လေကြောင်း ကူးစက်ရောဂါ‌တွေ​အတွက် အသုံးချနိုင်တဲ့ အခြေခံအဆောက်အအုံတွေကို ဖန်တီးဖို့လည်း လိုအပ် ပါတယ်။

AIDP သည် လေမှတစ်ဆင့်ကူးဆက်သော ရောဂါတိုက်ဖျက်ဆောင်ရွက်ခြင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ တီဘီရောဂါ ကိစ္စရပ်များ ဆောင်ရွက်နိုင်မှု နှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုကို တိုးတက်စေရန်အတွက် မူဝါဒများနှင့် နည်းစနစ်များအပေါ် သဘောတူညီခြင်း၊ အပြန်အလှန် သင်ကြားဆောင်ရွက်ခြင်း၊ အခြေခံ အဆောက်အအုံများ အသုံးပြုခြင်း တို့ကို အာဆီယံနိုင်ငံများ နှင့် အဓိက ကမ္ဘာ့ အဖွဲ့အစည်းများ နှင့်အတူတကွ ဆောင်ရွက်သွားမည်ဖြစ်သည်။

Stop TB Partnership Indonesia Senior Advisor နှင့် Airborne Infection Defense Platform (AIDP) Project Lead ဖြစ်သူ ပရော်ဖက်ဆာ Tjandra Yoga Aditama MD မှ ပြောကြားရာတွင် “COVID-19 ကပ်ရောဂါနဲ့ သေဆုံးမှု မြင့်မားခြင်းဟာ ကပ်ရောဂါကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ ကမ္ဘာက အဆင်သင့်မဖြစ်သေးတာကို ဖော်ပြနေပါတယ်။ လူ့အသက်ဆုံးရှုံးခြင်းအပြင် Covid-19 ဟာ တီဘီရောဂါကာကွယ်ရေး၊ လက်လှမ်းမီမှုနဲ့ ကုသရေးအစီအစဉ်များကို ကြီးကြီးမားမား ထိခိုက်မှုရှိနေပါတယ်။ အာဆီယံနိုင်ငံတွေမှာ တီဘီရောဂါ (TB) ရဲ့အခြေအနေဟာ အတော်လေးကို စိုးရိမ်စရာကောင်းပြီး ဒေသတွင်းနိုင်ငံအများအပြားမှာ တီဘီရောဂါ ထိန်းချုပ်ရေးနဲ့ စီမံခန့်ခွဲရေးမှာ အရေးပါတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါက တီဘီရောဂါဖြစ်ပွားမှု များအတွက် အရှိန်မြှင့်လုပ်ဆောင်နိုင်ရုံသာမက ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ကိုလည်း မြှင့်တင်ရန် အတွက် တီဘီရောဂါတုံ့ပြန်မှုစနစ်ကို အားကောင်းလာစေရန်အတွက် အာဆီယံနဲ့ လက်တွဲလုပ်ဆောင်ခြင်း၏ အရေးပါမှုကိုဖော်ပြနေပါတယ်။”

AIDP သည် ကွင်းဆင်းအကဲဖြတ်မှုပြုလုပ်ပြီးနောက် ရပ်ရွာနှင့် အခြေခံစောင့်ရှောက်မှုအဆင့်များ အပါအဝင် အာဆီယံနိုင်ငံတစ်ခုစီရှိ ကူးစက်ရောဂါနှင့် တီဘီတုံ့ပြန်မှုများကို အားကောင်းစေရေးကို အဓိကဆောင်ရွက် သွားမည်ဖြစ်သည်။ စူးစမ်းဖော်ထုတ်ခြင်း၊ ကုသခြင်းနှင့် ကာကွယ်ခြင်းတို့ကို တိုးတက်လာစေရန် လက်ရှိကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံကို မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းတွင် ဆေးရုံသို့မဟုတ် ဆေးခန်းသို့ သွားစရာမလိုဘဲ ဒေသအတွင်း စမ်းသပ်နိုင်သော သယ်ဆောင်ရလွယ်ကူသည့် ဒစ်ဂျစ်တယ်ဓာတ်မှန်များ၊ မြန်မြန်စစ်ဆေးနိုင်သော မောလီကျူး စစ်ဆေးမှု ပလက်ဖောင်း နည်းပညာ၊ နှင့် အချိန်နှင့် တပြေးညီ ထောက်လှန်းနိုင်သော ကိရိယာများ အပါအဝင် Covid-19 ကပ်ရောဂါကတည်းက တီထွင်ခဲ့သော အသုံးချ ပလက်ဖောင်းနည်းပညာများ ပါဝင်ပါသည်။ ထိုသို့ တီဘီရောဂါ ကြိုတင်ပြင်ဆင်မှု အစီအမံ အမျိုးမျိုးသည် လေမှတစ်ဆင့် နောင်တွင် ဖြစ်လာနိုင်ဖွယ်ရှိသော လေမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများကို ရင်ဆိုင်ဖြေရှင်းအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။

Stop TB Partnership မှ လက်ထောက် အလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာ Suvanand Sahu က “Airborne Infection Defense Platform (AIDP) ပရောဂျက်ရဲ့ ပထမအဆင့်မှာ အာဆီယံ ၁၀ နိုင်ငံတစ်ဝန်း ကွင်းဆင်း အကဲဖြတ်ချက်တွေကို လုပ်ဆောင်ခြင်းအားဖြင့် နားလည်မှု တိုးတက်စေမှာ ဖြစ်ပါတယ်။ ၎င်းဟာ တီဘီရောဂါနဲ့ နောင်မှာ ဖြစ်ပေါ်လာနိုင်မယ့် လေမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ရင်ဆိုင်တုံ့ပြန်ရန် နိုင်ငံတစ်ခုစီရဲ့ လက်ရှိစွမ်းဆောင်ရည်တွေကို မီးမောင်းထိုးပြနိုင်မှာဖြစ်တဲ့အပြင် ပိုမိုကောင်းမွန်တဲ့ ကူးစက်ရောဂါ ကြိုတင်ပြင်ဆင်မှုရရှိရန် လုပ်ဆောင်ချက်တွေကို အကြံပြုနိုင်မည်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဒုတိယအဆင့်ဟာ လေမှတဆင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ သို့မဟုတ် ကပ်ရောဂါများကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်စေရန် အာဆီယံတစ်ဝှမ်း တီဘီတုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု စွမ်းရည်ကို အားကောင်းခိုင်မာစေရန် ရပ်ရွာလူထုအခြေပြုနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနဲ့ စတင်ဆောင်ရွက်မှုတွေကို ကူညီပံ့ပိုးပေးမှာဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း တီဘီရောဂါကို ကိုင်တွယ်ဖြေရှင်းမှုကို နှစ်မြှုပ်ကြိုးပမ်းဆောင်ရွက်နေတဲ့ အထူးသဖြင့် အာဆီယံဒေသတွင်း AIDP မှာ အားထုတ် ကြိုးပမ်း ဆောက်ရွက်နေတဲ့ USAID ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ AIDP ဆိုင်ရာ ပထမအကြိမ် အစည်းအဝေးခေါ်ယူမှာ ဦးဆောင်ပါဝင်ပေးတဲ့ လာအိုနိုင်ငံ အစိုးရကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။”

နိဂုံးချုပ်အနေနဲ့ Stop TB Partnership Board ၏ဥက္ကဋ္ဌအသစ်ဖြစ်သူ Excellency Dr Teodoro Herbosa က “ကပ်ရောဂါကာလအတွင်း ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ အရာတစ်ခုကတော့ တီဘီရောဂါကို တိုက်ဖျက်တဲ့ အားကောင်းတဲ့စနစ်က တခြားလေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးပါတဲ့ အရင်းအနှီးတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ တီဘီကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရင်းနှီးမြှုပ်နှံခြင်းဟာ လေမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ရာအတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။”

တီဘီရောဂါသည် သေဆုံးမှုနှုန်း ၃.၅% ရှိသည့် Covid-19 နှင့် နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်း ၁၅% နီးပါးရှိသည်။ Hogan et al ၏သုတေသနပြုချက် ၂၀၂၀ တွင် တီဘီရောဂါ ကာကွယ်ရေးနှင့် ကုသမှုသည် Covid-19 ကပ်ရောဂါအတွင်း ကြီးကြီးမားမား ထိခိုက်မှုရှိကြောင်း၊ တီဘီရောဂါစမ်းသပ်မှု လျော့နည်းသွားခြင်း၊ အိမ်တွင်း တီဘီကူးစက်မှု မြင့်မားလာခြင်း၊ ဘီစီဂျီ ကာကွယ်ဆေးထိုးနှုန်းများ ကျဆင်းသွားခြင်း၊ တီဘီဆေးဝါးများနှင့် စမ်းသပ်သုံးစွဲနိုင်မှု ကျဆင်းသွားကြောင်း စသည်တို့ရှိခဲ့သည်။