•  အက်တမ် (ATOM) စတိုးအက်ပ် တွင် ကစားနိုင်သည့် တို့တို့ဆိုက်ကား 3D ဂိမ်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာ လ (၈) ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့အထိ လေးလတာ ကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူများမှ အကြိမ် အရေအတွက်ပေါင်း (၁၀၇) သန်းကျော်အထိ ပါ၀င်ကစားခဲ့ကြသည်။
  •  ဂိမ်းကစားသူများသည် ဒေတာလက်ဆောင်များ၊ ဖုန်းခေါ်ဆိုခြင်း နှင့် စာတိုပေးပို့ခြင်း အစရှိသည့် ဆုလက်ဆောင်များကို ချက်ချင်း ရရှိနိုင်ခဲ့သည့်အပြင် နှစ်ပါတ်တစ်ကြိမ် ဆုများဆွတ်ခူးနိုင်ခြင်းနှင့် Mega Draw ကမ်ပိန်းတွင်လည်း ပါဝင်ကံစမ်းခွင့် ရရှိခဲ့ကြသည်။
  • အက်တမ် (ATOM) က အနိုင်ရရှိသူများကို Mega Draw အထူးဆုကြီးများဖြစ်သည့် BAIC Senova D50 အမျိုးအစား ကားအသစ်တစ်စီး၊ မြန်မာငွေကျပ် သိန်းနှစ်ရာ (၁) ဆု နှင့် သိန်းတစ်ရာ ငွေသားဆု (၅) ဆု အသီးသီးကို ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ်သည် တို့တို့ဆိုက်ကား 3D ဂိမ်း Mega Draw ကမ်ပိန်း၏ အထူးဆုကြီး များ ပေးအပ်ချီးမြှင့်သည့် ပွဲအခမ်းအနားကို ဆူးလေစကွဲရှိ အက်တမ်ရုံးချူပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အက်တမ် စတိုးအက်ပ်မှ ရယူ ကစားနိုင်သည့် တို့တို့ဆိုက်ကား 3D ဂိမ်း ကမ်ပိန်းကို လေးလကြာ ကျင်းပပြုလုပ်ခဲ့ပြီး အက်တမ် (ATOM) အသုံးပြုသူ (၂.၁၃) သန်း အထိ ပါဝင်ကစားခဲ့ကြသော ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တယ်လီကွန်းအော်ပရေတာကုမ္ပဏီများမှ ဝန်ဆောင်မှုပေးအပ်ခဲ့သော လူကြိုက် အများဆုံးဂိမ်းများအနက် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ကမ်ပိန်းကာလဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့အတွင်း ဂိမ်းကစားသည့် အကြိမ်အရေအတွက်ပေါင်း (၁၀၇) သန်းကျော်ထိ ရရှိခဲ့သော တို့တို့ဆိုက်ကားဂိမ်းသည် မြန်မာ ကျပ်ငွေ စုစုပေါင်း ခြောက်ဘီလီယံ (ကျပ်သန်းပေါင်း ၆,၀၀၀) အထိ တန်ဖိုးရှိဆုလက်ဆောင်များကို ဆွတ်ခူးရရှိနိုင်သည့် အခွင့်အရေးများကြောင့် အက်တမ် (ATOM) အသုံးပြုသူများကြား အထူးရေပန်းစား စိတ်ဝင်စားမှုရရှိခဲ့ပါသည်။ တို့တို့ ဆိုက်ကားဂိမ်းတွင် အဆင့်သုံးဆင့်ပါရှိပြီး ဂိမ်းကစားသူသည် အဆင့်တစ်ခုချင်းစီတွင် ဆိုက်ကား (တို့တို့) ကို အတားအဆီးများနှင့် မတိုက်မိစေရန် ရှောင်ကွင်း၍ coins များ စုဆောင်းရမည် ဖြစ်သည်။

တို့တို့ဆိုက်ကားဂိမ်းကစားသူများသည် ဒေတာလက်ဆောင်များ၊ ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း အစ ရှိသည့် ဆုလက်ဆောင်များကို ချက်ချင်းရရှိခဲ့သည့်အပြင် နှစ်ပါတ်တစ်ကြိမ် ရွေးချယ်သော ဆုလက်ဆောင်များ ကံထူးခွင့်နှင့် Mega Draw ကမ်ပိန်းတွင်လည်း ပါဝင်ကံစမ်းခွင့် ရရှိခဲ့ပါသည်။ အက်တမ် (ATOM) သည် Mega Draw ကမ်ပိန်း အနိုင်ရရှိသူများ နှင့် အထူးဆုကြီး နှစ်ခုဖြစ်သည့် BAIC Senova D50 ကားအသစ်တစ်စီး၊ ငွေကျပ် သိန်း (၂၀၀) ဆု (၁) ဆု နှင့် သိန်း (၁၀၀) ဆု (၅) ဆုအနိုင်ရရှိသူများကို မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့သည်။

“တို့တို့ဆိုက်ကားဂိမ်းကို စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းတဲ့ 3D နည်းပညာဖြင့် အသက်အရွယ်မျိုးစုံ ပါ၀င်ချိတ် ဆက်ကစားနိုင်ရန်နှင့် အက်တမ် စတိုးအက်ပ် သုံးစွဲမှုမြင့်တက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း တို့တို့ဆိုက်ကားဂိမ်း ဝင်ရောက်ကစားသူအရေအတွက် များပြားလာတာကို တွေ့ရတာ အလွန် ဝမ်းမြောက်မိပါတယ်။ ပိုမိုကောင်းမွန်တဲ့ တန်ဖိုးထားမှု (Beyond Better value) တွေနဲ့ အကောင်းဆုံး မိုဘိုင်း အသုံးပြုမှုအတွေ့အကြုံတွေကို ပေးအပ်သွားမယ်ဆိုတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ်တွေအတိုင်း နောင်လာမယ့် အနာဂတ်မှာလည်း အခုလို ဂိမ်းကစားနည်းများကို အသုံးပြုပြီး ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ နည်းလမ်းတွေ ကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေထံ မိတ်ဆက်ပေးသွားဖို့လည်း အစီအစဉ်ရှိပါတယ်။” ဟု အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ahmad Abdallah က ပြောကြားခဲ့သည်။

အက်တမ် (ATOM) သည် Mega Draw ကမ်ပိန်းအထူးဆုကြီးများအပြင် ဂိမ်းကစားသူများကို မဲနှိုက်ရွေးချယ်ပြီး ရာသီအလိုက် ဆုလက်ဆောင်များကိုလည်း နှစ်ပတ်တစ်ကြိမ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အက်တမ် (ATOM) က ချီးမြှင့်ခဲ့သည့် ရာသီအလိုက် ဆုလက်ဆောင်များတွင် iPhone 13 Pro အမျိုးအစား ဖုန်း အလုံး (၄၀)၊ Samsung Galaxy S22 အမျိုးအစား ဖုန်းအလုံး (၈၀)၊ iPad Air 5 အမျိုးအစား အခု (၈၀)၊ Samsung Galaxy A23 အမျိုးအစား ဖုန်းအလုံး (၂၄၀) နှင့် Oppo A16 အမျိုးအစား ဖုန်းအလုံး (၃၆၀) အစရှိသဖြင့် ဆုအမျိုးအစားစုစုပေါင်း ၈၀၀ တို့ ပါဝင်သည်။

အက်တမ် (ATOM) အသုံးပြုသူများသည် တို့တို့ဆိုက်ကားဂိမ်းကို အက်တမ် စတိုးအက်ပ်တွင် ၎င်း၏ ကွန်ရက်ကိုအသုံးပြုပြီး ဒေတာအပိုဆောင်း ကုန်ကျခြင်းမရှိဘဲ ကစားနိုင်ပြီး ဂိမ်းကစားရင်း ကမ်ပိန်းကာလအတွင်း Mega Draw ကံစမ်းခွင့်လက်မှတ်များကို စုဆောင်းနိုင်ပါသည်။ ကမ်ပိန်းကာလပြီးသွားသည့်အခါ အက်တမ်မှ အီလက်ထရောနစ်မဲနှိုက်စနစ်ဖြင့် Mega Draw ကံထူးရှင်ဆန်ကာတင်စာရင်း ထိပ်ဆုံးအယောက် (၅၀) ကို ရွေးချယ်ခဲ့ပါသည်။ ကံစမ်းခွင့်လက်မှတ်များများရရှိသော အက်တမ် (ATOM) အသုံးပြုသူများသည် ကံထူးရှင်စကာတင်စာရင်း ထိပ်ဆုံး အယောက် (၅၀) အတွင်း ၀င်ရောက်ရန် အခွင့်အရေး ပိုမိုရရှိခဲ့ပါသည်။ အဆိုပါ အယောက် (၅၀) ထဲမှ တစ်ယောက်အား ကံထူးရှင်ဆုကြီးပိုင်ဆိုင်ဖို့ မဲနှိုက်ရွေးချယ်ခဲ့ပါသည်။

အက်တမ် (ATOM) သည် စျေးကွက်ထဲတွင် တီထွင်ဆန်းသစ်မှုအားကောင်းသော ဂိမ်းများနှင့် ဝန်ဆောင်မှုများဖြင့် ဦးဆောင်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် အက်တမ် စတိုးအက်ပ်တွင် ဆော့ကစားနိုင်သည့် ပထမဆုံးဂိမ်း ရွှေလယ်‌တောဂိမ်းကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် အက်တမ် (ATOM) မှ ပေါ့ပေါ့ပါးပါး ကစားနိုင်သော ဂိမ်း (၁၀၀) ကျော်၊ ပြိုင်ပွဲများနှင့် ဂိမ်းဆော့ရန်အတွက် ပစ္စည်းများဝယ်ယူနိုင်သည့် ဂိမ်းဆိုင်များ ပါ၀င်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးဂိမ်းပလက်ဖောင်း Let’s Play Arena (https://arena.atom.com.mm/my) ကို မိတ်ဆက်ပေးခဲ့သည်။ Let’s Play Arena သည် သုံးစွဲသူများအတွက် ဒစ်ဂျစ်တယ်ဂိမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး နေ့စဉ်ကစားသမား အရေအတွက် ထောင်ပေါင်းများစွာ အဆိုပါဂိမ်းဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိပါသည်။

အက်တမ် စတိုးအက်ပ် ကို Google Play Store၊ Apple Store နှင့် ATOM website https://www.atom.com.mm/my/personal/ATOMstoreapp တို့တွင် ဒေါင်းလုပ်ပြုလုပ် ရယူနိုင်ပါသည်။

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။