Samsung ကုမ္ပဏီ စတင်တည်ထောင်သည့် ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Samsung Galaxy စမတ်ဖုန်းများနှင့် တက်ဘလက်ဆုမဲပေါင်း မြောက်များစွာအား ရရှိ ကံစမ်းသွားနိုင်မည့် ‘သိန်းပေါင်းထောင်ချီ ကံစမ်းမည်’ အထူး Lucky Draw အစီအစဉ်ကို Samsung Myanmar မှ မြန်မာတစ်နိုင်ငံလုံးတွင် နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှစတင်၍ ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ် အထိ ၂ လတိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ Lucky Draw ကာလ (နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှ ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်) အတွင်း မည်သည့် Samsung စမတ်ဖုန်း (သို့) တက်ဘလက် အမျိုးအစားကို မဆို ဝယ်ယူအားပေးသည့် Samsung ချစ်သူများ အနေနှင့် ဖော်ပြပါ QR Code (သို့) luckydrawsamsung.com သို့ဝင်ရောက်၍ လိုအပ်သည့် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီးသည်နှင့် တစ်ပြိုင်နက် ဆုလက်ဆောင်များအား ရရှိကံစမ်းသွားနိုင်မည် ဖြစ်သည်။

“ချစ်ခင်တန်ဖိုးထားရတဲ့ ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ကျွန်တော်တို့ Samsung အနေနဲ့ အခုလို ၅၃ နှစ်တိုင်တိုင် အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာပါ။ ဒါကြောင့် အခုလို အထိမ်းအမှတ်ကာလမှာ Samsung Myanmar ရဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို မြောက်များလှတဲ့ Samsung Galaxy စမတ်ဖုန်းတွေနဲ့ တက်ဘလက်ဆုမဲတွေကို ရရှိကံစမ်းနိုင်ဖို့ စီစဉ်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Samsung Myanmar အနေနဲ့ သုံးစွဲသူတွေရဲ့ ချစ်ခင်အားပေးမှုတွေကို အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေနဲ့ အတူ စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်းအစီအစဉ်များစွာကိုလည်း ဆက်လက်ဖန်တီးပေးအပ်သွားဖို့ တစ်စိုက်မတ်မတ် ကြိုးစား သွားမှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Harrison Song မှ ပြောကြားခဲ့သည်။

ဤ ၂ လကြာ ‘သိန်းပေါင်းထောင်ချီ ကံစမ်းမည်’ Lucky Draw အစီအစဉ်တွင် မြောက်များစွာသော ဆုမဲများအား အပတ်စဉ် (၉ ပတ်) နှင့် လစဉ် (၂ လ) ကျပန်းမဲနှိုက်ရွေးချယ်သွားမည် ဖြစ်သည်။ ပထမဆုံးပတ်၏ ကံထူးရှင်များအား နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး စုစုပေါင်း Galaxy Tab A8 (၄) လုံး၊ Galaxy A13 (၄) လုံးနှင့် Galaxy A03 (၄) လုံးအား ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နှင့် ၂၅ ရက်၊ ဒီဇင်ဘာလ ၂ ရက်၊ ၉ ရက်၊ ၁၆ ရက်၊ ၂၃ ရက်၊ ၃၀ ရက် နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တို့တွင် အပတ်စဉ် Galaxy Tab A8 (၅) လုံး၊ Galaxy A13 (၅) လုံးနှင့် Galaxy A03 (၅) လုံးစီ (စုစုပေါင်း Galaxy Tab A8 (၄၅) လုံး၊ Galaxy A13 (၄၅) လုံးနှင့် Galaxy A03 (၄၅) လုံး) တို့အား မဲနှိုက်ရွေးချယ်၍ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှတဆင့် ကြေညာပေးသွားမည် ဖြစ်သည်။

ထို့အပြင် Lucky Draw ကာလအတွင်း ဝယ်ယူအားပေးသူများ အားလုံးသည် လစဉ် Mega ဆုကြီးများကိုလည်း ကံထူး ရရှိသွားနိုင်မည် ဖြစ်သည်။ လစဉ်ကံထူးရှင်များအား ဒီဇင်ဘာလ ၂ ရက်နေ့တွင် Galaxy Z Flip 4 (၂) လုံးနှင့် Galaxy S22+ (၂) လုံး၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် Galaxy Z Flip 4 (၂) လုံးနှင့် Galaxy S22+ (၂) လုံး တို့အား Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှတဆင့် တိုက်ရိုက် LIVE မဲနှိုက်၍ ရွေးချယ် ပေးသွားမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များနှင့် စည်းမျဉ်းစည်းကမ်းများအား နီးစပ်ရာ Samsung အရောင်းဆိုင်များ၊ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ၊ https://www.samsung.com/mm နှင့် Call Center : 01-23988 တို့တွင် ကြည့်ရှုမေးမြန်းသွားနိုင်မည် ဖြစ်သည်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ခုနှစ်မှစ၍ Samsung Myanmar သည် သုံးစွဲသူများ၏ လူနေမှုစနစ် ပိုမိုမြင့်မားလာစေရန်အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည်မြင့်မားသော ထုတ်ကုန်များနှင့် နည်းပညာများအား စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် Samsung Myanmar သည် မြန်မာနိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမှတ်တံဆိပ် အရောင်းဆိုင်‌ပေါင်း (၃၂) ဆိုင်‌ နှင့် Service Center ပေါင်း (၂၂ ) ဆိုင်‌ တို့မှတဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိ သည့်အပြင် တစ်ချိန်တည်းမှာပင် မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်းတီးပေးအပ်လျက်ရှိသည်။