Samsung Myanmar အနေနှင့် နိုင်ငံတဝန်းမှ အခွင့်အလမ်းနည်းပါးသည့် လူမှုအသိုင်းအဝိုင်းနှင့် ကလေးငယ်များအတွက် အထောက်အကူဖြစ်စေမည့် ကူညီဖေးမမှုများကို Samsung Love & Care အစီအစဉ်နှင့်အတူ နှစ်စဉ်ကျင်းပလုပ်ဆောင်လျက်ရှိရာ ယခုနှစ်တွင်လည်း ဝယ်ယူအားပေးသူများ ကိုယ်တိုင်ပါဝင်လှုူဒါန်း နိုင်သည့် “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်အား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။


အဆိုပါ အစီအစဉ်၏ ဒုတိယအကြိမ်မြောက် လှုူဒါန်းမှုအဖြစ် သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာ မှ သက်ကြီးဘိုးဘွားများ အတွက် စုစုပေါင်း ကျပ်သိန်း ၃၃၀ ကျော်တန်ဖိုးရှိ ငွေသားထောက်ပံ့မှုများနှင့် Samsung ထုတ်ကုန်များအား Samsung Myanmar အဖွဲ့သားများနှင့်အတူ Team Galaxy အဖွဲ့ဝင် နာမည်ကျော် အနုပညာရှင် ပိုးမမှီသာတို့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ကိုယ်တိုင်သွားရောက် လုပ်အားဖြည့် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။



ပထမဆုံး အစီအစဉ်အဖြစ် သဘာဝတရားရိပ်သာ မှတာဝန်ရှိသူများထံသို့ ပိုးမမှီသာနှင့် Samsung Myanmar အဖွဲ့သားများမှ သက်ကြီးဘိုးဘွားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အလှုူဒါန အဖြစ် ငွေကျပ် သိန်း ၁၄၀ အား ပေးအပ်လှူဒါန်းခဲ့သည့် အပြင် သိန်း ၁၉၀ ကျော် တန်ဖိုးရှိ Samsung တက်ဘလက်၊ တီဗီ၊ စမတ်ဖုန်းများနှင့် ဘိုးဘွားများအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။



ရေစက်ချအလှူဒါနပြုပြီးသည့်နောက်တွင် ဆက်လက်၍ Samsung Myanmar အဖွဲ့သားများနှင့် ပိုးမမှီသာတို့မှ ရိပ်သာရှိ သက်ကြီးရွယ်အို အဘိုးအဘွားများထံ သွားရောက်၍ နွေးထွေးစွာ စကားစမြည်ပြောရင်း နေ့လည်စာများနှင့် တည်ခင်း ကျွေးမွေးခဲ့သည့်အပြင် အစားသောက်နှင့် မုန့်များကိုလည်း ဘိုးဘွားများ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝေမျှပေးအပ်ခဲ့ပါသည်။ ထို့ပြင် Samsung Myanmar Customer Service Team မှ ကျွမ်းကျင်သူများကလည်း ရိပ်သာတွင် တီဗီ တပ်ဆင်ပေးခြင်းဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။