ပြီးခဲ့သည့်နှစ်များအတွင်း Viber သည် သာမန်စာတိုပေးပို့ရေး အက်ပလီကေးရှင်းတစ်ခု အနေနှင့်သာမက အသစ်ထပ်မံထည့်သွင်းခဲ့သည့် လုပ်ဆောင်ချက်များနှင့်အတူ မိမိရေးသား ဖော်ပြလိုသော အကြောင်းအရာများ (Content) ကို ပေါ်လွင်အောင် ထောက်ပံ့ပေးနိုင်သည့် ပလက်ဖောင်းတစ်ခု အဖြစ် အသုံးပြုသူများကြားထဲတွင် ရေပန်းစား လူကြိုက်များလာခဲ့သည်။ Content Creator များနှင့် ပရိတ်သတ်များအကြား အချင်းချင်း အပြန်အလှန် အလွယ်တကူ ဆက်သွယ်ပြောဆိုရန် ဆောင်ရွက်ပေးနိုင်သည့် Viber ချန်နယ်၏ လုပ်ဆောင်ချက်များကြောင့် Viber ချန်နယ်များအား ဖွင့်လှစ်အသုံးပြုသည့် Content Creators အရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။

မြန်မာနိုင်ငံတွင် လူကြိုက်များ ထင်ရှားသည့် Food Blogger တစ်ဦးဖြစ်သည့် ဟိဏ်းသစ်သည် Viber ချန်နယ်ဖွင့်လှစ်ထားသည့် အအောင်မြင်ဆုံး Content Creator များအနက် တစ်ဦးဟုဆိုနိုင်ပြီး Viber ချန်နယ်တွင် Subscribers အရေအတွက် ၁.၂ သန်းကျော်ကိုလည်း ပိုင်ဆိုင်ထားလျက်ရှိသည်။ ဟိဏ်းသစ်သည် subscriber များ သဘောကျနှစ်သက်မည့် ကောင်းမွန်ဆီလျော်သည့် အကြောင်းအရာများအား ရွေးချယ်မျှဝေနိုင်သည့်အတွက် ၎င်း၏ content များသည် ပရိသတ်အားပေးမှု များစွာ ရရှိလေ့ရှိသည်။ အများအားဖြင့် သူသည် အစားအသောက်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဟင်းချက်နည်း ဗွီဒီယိုများနှင့် တစ်ခါတစ်ရံတွင် ဉာဏ်စမ်းပဟေဌိများနှင့် ဂိမ်းများအား ရေးသားမျှဝေလေ့ရှိသည်။

ထို့အပြင် လက်ရှိတွင် ဟိဏ်းသစ်သည် Rakuten Viber နှင့် ပူးပေါင်း၍ အကူအညီလိုအပ်နေသောသူများထံသို့ ငွေကြေးအထောက်အပံ့အပါအဝင် အခြားသော ထောက်ပံ့မှုအမျိုးမျိုးတို့ကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ ထိုသို့ လှူဒါန်းမှုများ လုပ်ဆောင်ရာ၌ Rakuten Viber နှင့် ဟိဏ်းသစ် နှစ်ဦးစလုံးတို့သည် ၄င်းတို့၏ ကြည်နူးဖွယ် ကူညီလှူဒါန်းပေးမှုများအား အခြားသောသူများနှင့်ပါ မျှဝေပေးသင့်သည်ဟု ယုံကြည်သောကြောင့် ဟိဏ်းသစ်၏ subscriber များကိုပါ တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်စေရန် စီစဥ်ခဲ့ကြသည်။ ပရိတ်သတ်များမှ ပါဝင်နိုင်ရန်အတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ဟိဏ်းသစ်သည် မိဘမဲ့ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မသန်စွမ်းကျောင်းများနှင့် တိရိစ္ဆာန်ဂေဟာများအား လစဉ် စာရင်းပြုစု၍ Viber ချန်နယ်တွင် poll ပြုလုပ်ခဲ့ပြီးနောက် subscriber များ သွားရောက်လှူဒါန်းစေလိုသည့် နေရာအား ရွေးချယ်လှူဒါန်းခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဟိဏ်းသစ်သည် Subscribers များ၏ မဲပေါင်း ၈,၀၀၀ ကျော်ဖြင့် ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာအား ပထမဆုံး လှူဒါန်းသည့်နေရာအဖြစ် ရွေးချယ်ခဲ့သည်။ Viber ၏ ပံ့ပိုးကူညီမှုဖြင့် ဟိဏ်းသစ်သည် ကလေးများအတွက် လိုအပ်သောပစ္စည်းများဖြစ်သည့် နို့မှုန့်ဘူးများ၊ ဆေးဝါးများ၊ မုန့်ပဲသရေစာများနှင့် အတူ လှုူဒါန်း‌ငွေများကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါ သွားရောက်လှူဒါန်းမှု ဗွီဒီယိုအား ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

အလားတူပင် ဟိဏ်းသစ်သည် ဒုတိယအကြိမ် လှူဒါန်းမှုအတွက် Subscribers များအား Viber ချန်နယ်တွင် Polls မှတဆင့် ရွေးချယ်စေခဲ့ရာ စုစုပေါင်း ၄၈% ဖြင့် မဲအများဆုံး ရရှိထားသောနေရာဖြစ်သည့် မာမီကွတ်ဖောင်ဒေးရှင်းအား လှူဒါန်းရန် ရွေးချယ်ခဲ့ပါတယ်။ မာမီကွတ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ငွေကြေးအထောက်အပံ့၊ ဆေးဝါးအထောက်အပံ့နှင့် ခိုလှုံရန် နေရာအထောက်အပံ့ စသဖြင့် အကူအညီလိုအပ်နေသော Single Mother များအား ကူညီထောက်ပံ့ပေးနေသော ဖောင်ဒေးရှင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ဟိဏ်းသစ် နှင့် Rakuten Viber တို့ ပူးပေါင်း၍ မာမီကွတ်ဖောင်ဒေးရှင်းတွင် ငွေသားနှင့်အတူ အခြားသောလိုအပ်သည့် ပစ္စည်းများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း၌လည်း တတိယအကြိမ်လှုူဒါန်းမှုအဖြစ် ဟိဏ်းသစ်မှနေ၍ ၎င်း၏ Viber Channel Subscribers များအား Polls မှတဆင့် မည်သည့်တိရစ္ဆာန်လေးများ စောင့်ရှောက်ရေး ဂေဟာ သို့ သွားရောက်လှုူဒါန်းစေ လိုကြောင်း ရွေးချယ်စေခဲ့ရာ ပုလဲမေတ္တာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ (Pearl Heart Animal Shelter) မှ စုစုပေါင်း မဲအရေအတွက် ၆၀% ဖြင့် အများဆုံး ရရှိခဲ့သည်။ သို့ဖြစ်၍ Rakuten Viber ၏ အကူအညီဖြင့် ဟိဏ်းသစ်မှနေ၍ ပုလဲမေတ္တာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာအတွက် လိုအပ်သောပစ္စည်းများနှင့် ငွေကြေး ပံ့ပိုးမှုများကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှုူဒါန်းခဲ့ပါသည်။

ဟိဏ်းသစ်အနေနှင့် Rakuten Viber နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ လှူဒါန်းမူများအား ဆက်လက် ပြုလုပ်သွားမည်ဟုလည်း ကတိကဝတ်ပြုထားပါသည်။ ထို့အပြင် သူ၏ပရိသတ်များနှင့် အတူတကွ လှုူဒါန်းရခြင်းအပေါ် ပီတိဖြစ်ကြောင်းနှင့် ပတ်သက်ပြီး “အခုလို ကျွန်တော့် ပရိသတ်တွေနဲ့အတူ လှုူဒါန်းဖြစ်‌ဖို့အတွက် Rakuten Viber က အများကြီး ပံ့ပိုးပေးထားပါတယ်။ ကျွန်တော့် ပရိတ်သတ်တွေ သွားရောက်လှူဒါန်းစေလိုတဲ့ နေရာတွေကို ရွေးချယ်လှူဒါန်းနိုင်ဖို့ Viber ရဲ့ Poll ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုပြီး ပရိတ်သတ်တွေရဲ့ ဆန္ဒရော၊ ကျွန်တော့်ဆန္ဒနဲ့ပါ ထပ်တူကျတဲ့ နေရာကို ရွေးချယ် လှူဒါန်းဖြစ်တာပါ။ အခုလို ဒီအလှူလေးကို အထမြောက်အောင် ကူညီထောက်ပံ့ပေးတဲ့ အတွက် Rakuten Viber ကို လည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဟိဏ်းသစ်မှ ပြောကြား သွားခဲ့ပါသည်။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း (one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။