အကြောင်းအရာ ဖန်တီးသူတွေအတွက် ကိုယ်ရေးထားတဲ့ စာစုတွေ၊ ဖန်တီးထားတဲ့ အကြောင်းအရာတွေ၊ ပုံရိပ်တွေကို စာဖတ်သူတွေနဲ့ မျှဝေနိုင်မဲ့ လုံခြုံစိတ်ချရပြီး လူအများဆီရောက်ရှိနိုင်တဲ့ အွန်လိုင်းပလက်ဖောင်း တစ်ခုရှိဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာအကြောင်းအရာတွေကို ပုံမှန်ဝေမျှပြီး follower တွေကလည်း အချိန်နဲ့တစ်ပြေးညီ ပြန်လည်ဆက်သွယ်တုန့်ပြန်ပြောဆိုတဲ့ ဆက်သွယ်ရေးပုံစံက မြန်မာနိုင်ငံမှာ အရင်ကထက် ခေတ်စားလာတာကို မြင်တွေ့ရပါတယ်။

ဒီနေ့မှာတော့ မြန်မာစာဖတ်သူတွေကြားမှာ ရေပန်းစားနေတဲ့ စာရေးသူသျှင်ယွန်း၊ စာရေးသူကျေးကိုတို့နဲ့ အမေးအဖြေ လေးတွေပြုလုပ်ဖြစ်ခဲ့ပါတယ်။ စာရေးသူနှစ်ယောက်လုံးဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Viber နဲ့ မိတ်ဖက်ပြု ပြီး ပရိသတ်များနဲ့ စတင်ဆက်သွယ်ထိတွေ့ခဲ့တာ ဖြစ်ပြီး စတင်ချိန်မှာ subscriber တစ်ထောင်ခန့်သာ ရှိရာကနေ အခုအချိန်မှာတော့ subscriber သန်းပေါင်းများစွာအထိ တိုးပွားလာပြီး ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှု ကိုလည်း ရရှိနေတာကို တွေ့ရပါတယ်။

“ဦးဆုံးအနေနဲ့ သုံးစွဲရတာ အဆင်ပြေရုံမက အသုံးဝင်တဲ့ Viber ပလက်ဖောင်းကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ စိတ်ရှည်လက်ရှည်နဲ့ လက်တွဲခေါ်ခဲ့တဲ့အတွက် Viber ကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ Viber သုံးဖို့ VPN မလိုတာရယ်၊ လုံခြုံစိတ်ချရတာရယ်၊ အဆင်ပြေပြီး အသုံးပြုရလွယ်ကူတာရယ်ကြောင့် မြန်မာနိုင်ငံကသူ အများစုဟာ Viber ကို အဓိကပလက်ဖောင်း တစ်ခုအနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်” လို့ Viber ကို ပလက်ဖောင်းတစ်ခုအနေနဲ့ စတင်အသုံးပြုဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး သျှင်ယွန်းက ပြောပြပေးခဲ့ပါတယ်။

တဆက်တည်းမှာ စာရေးသူ ကျေးကိုကလည်း “ကျေးကိုအတွက် ပလက်ဖောင်းရွေးချယ်တဲ့အခါမှာ မြန်မာလူထု နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ Viber ဆက်သွယ်ရေးပလက်ဖောင်းကို အသုံးပြုဖို့ဆုံးဖြတ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ ပြောလို့ရပါတယ်။“ လို့လည်း ပြောခဲ့ပါတယ်။

စာရေးသူတွေကို Viber ရဲ့ဘယ်လုပ်ဆောင်ချက်တွေကို အနှစ်သက်ဆုံးနဲ့ အသုံးအများဆုံးလဲလို့ မေးတဲ့အခါမှာ တော့ သျှင်ယွန်းက “ပုံတွေ၊ စာစုတွေ၊ ကိုယ်တွေ့အဖြစ်အပျက်နဲ့ပတ်သက်တာတွေကို သျှင်ယွန်း Viber ချန်နယ်မှာ ပုံမှန်တင်လေ့ရှိပါတယ်။ Viber မှာပါတဲ့ poll ကိုလည်း တော်တော်လေးသုံးဖြစ်ပါတယ်။ သျှင်ယွန်း ချန်နယ်မှာ မန်ဘာတွေအနေနဲ့ သူတို့ခံစားချက်တွေ၊ အတွေးတွေကို comment ထဲမှာ မျှဝေလို့ရတဲ့အတွက် ချန်နယ်ရဲ့ engagement နှုန်းကလည်း ပိုပြီး တိုးမြင့်လာပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။

ကျေးကိုကလည်း Viber အသုံးပြုရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့ “များသောအားဖြင့် Viber ရဲ့ poll ဆိုတဲ့ လုပ်ဆောင်ချက်ကိုသုံးပြီးတော့ စာဖတ်သူတွေနဲ့ ဆက်သွယ်ဖြစ်နေပါတယ်။ နောက်ပြီး စာဖတ်သူတွေနဲ့ အပြန်အလှန်ပြောဆိုဖို့အတွက် comment ဆိုတဲ့ လုပ်ဆောင်ချက်ကို သုံးဖြစ်ပါတယ်။ poll ကို အဓိကအနေနဲ့ စာစုတွေအတွက် လိုက်ဖက်သင့်တော်တဲ့ ခေါင်းစဉ်တွေကို စာဖတ်သူတွေ ရွေးချယ်ဆုံးဖြတ်နိုင်အောင် မေးတဲ့အခါမျိုးမှာ သုံးပါတယ်။ ဒီလိုလုပ်ခြင်းက စာဖတ်သူတွေနဲ့ ပိုပြီး အချိတ်အဆက်မိစေပါတယ်။ ဒီ poll လုပ်ဆောင်ချက်ကြောင့်စာဖတ်သူတွေနဲ့ ပိုပြီးထိတွေ့ခွင့်ရတဲ့အပြင် နှလုံးသားချင်းလည်းပိုပြီး နီးစပ်စေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စာဖတ်သူတွေ ပြောစေချင်တဲ့ အကြောင်းအရာတွေကို အခြေခံပြီး ရေးသားထားတဲ့ စာတွေလည်း ပိုရေးလာနိုင်ပါတယ်။ ဒါကြောင့်ပဲ သျှင်ယွန်းရဲ့စာစုတွေကို စာဖတ်သူတွေ နှစ်သက်သဘောကျ ကြတာ ဖြစ်မယ်လို့ ယူဆပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ စာရေးသူတွေကို သူတို့ရဲ့ Viber ချန်နယ်တွေ ကြည့်ရှုသူတိုးမြင့်လာတာ၊ စာဖတ်သူတွေနဲ့ နေ့စဥ်ပြောဆို ဆက်သွယ်နေဖို့ ပလက်ဖောင်းအဖြစ် ဆက်လက်အသုံးပြုဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ “လက်ရှိမှာ မန်ဘာပေါင်း ၁.၇၄ မီလီယံကျော် ရှိနေပါပြီ။ ထပ်ပြီးတော့လည်း တိုးနေပါတယ်။ Viber ချန်နယ် သုံးလိုက်လို့ စာဖတ်သူတွေနဲ့ ပိုပြီးရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရှိတဲ့အပြင် စာဖတ်သူတွေရဲ့ အကြိုက်တွေ၊ ဘယ်လိုပုံစံစာတွေ၊ အရေးအသားတွေ ပိုပြီးလိုချင်ကြလဲဆိုတာကို သိရှိခွင့်ရတာ ဖြစ်ပါတယ်။” လို့ ကျေးကိုက ပြောခဲ့ပါတယ်။ သျှင်ယွန်းကလည်း “စာဖတ်သူတွေကို ကိုယ့်စာစုတွေ နေ့စဥ်မျှဝေခွင့်ရနေတာက အားသာချက်တစ်ခု၊ အခွင့်အရေးကောင်းတစ်ခုပါပဲ။ နောက်တစ်ခုအနေနဲ့ စာစုတွေကို ဖုန်းထဲကနေ အလွယ်တကူမျှဝေနိုင်တဲ့အတွက်ရော၊ မန်ဘာတွေက အလွယ်တကူ အဆင်ပြေပြေနဲ့ ဖတ်ရှုနိုင်တဲ့အတွက်ရော နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေ အကျိုးရှိပါတယ်။” လို့လည်း ပြောသွားခဲ့ပါတယ်။

သျှင်ယွန်းနဲ့ ကျေးကို ချန်နယ်နှစ်ခုလုံးဟာ အချစ်၊ ဘဝ၊ လုပ်ငန်းတာဝန် အစရှိတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ စာစုတွေကို သူတို့ရဲ့ စာဖတ်သူတွေအတွက် မျှဝေပေးနေပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း သူတို့ရဲ့ အကြိုက်တွေ၊ အတွေးအမြင်တွေ စတာတွေကို comment ကနေတစ်ဆင့် အပြန်အလှန်မျှဝေပေးနိုင်ပါတယ်။ အခုလို အဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံက သန်းပေါင်းများစွာသော အသုံးပြုသူတွေကြားမှာ ဒီလိုမျိုး Viber ချန်နယ်တွေကို အသုံးပြုမှု ပိုမိုမြင့်တက်လာတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ စာစုတွေအပေါ် စိတ်ဝင်စားမှု၊ အပြန်အလှန် ပြောဆိုဝေမျှမှုတွေကလည်း ပိုမိုမြင့်မားလာတာ ဖြစ်ပါတယ်။

ဆန်းသစ်ပြီး ယုံကြည်စိတ်ချရတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ Viber အနေနဲ့ အသုံးပြုသူတွေရဲ့ အလုပ်ကိစ္စတွေ၊ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ လုံခြုံစိတ်ချမှု အပြည့်နဲ့ မျှဝေ ပေးနိုင်အောင် အမြဲတမ်း တီထွင်လုပ်ဆောင်ပေးထားပါတယ်။ ဒီအတွက်ကြောင့်လည်း Viber ပလက်‌ဖောင်းကနေတဆင့် ချိတ်ဆက်မျှဝေမှုတွေဟာ တစ်နေ့ထက်တစ်နေ့ အသုံးပြုသူတွေအတွက် ပိုမိုအဓိပ္ပာယ်ရှိလာပြီး ပိုမို လူကြိုက်များ ရေပန်းစားလာတာ ဖြစ်ပါတယ်။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက်ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။