• တယ်လီနောအသုံးပြုသူများ မေလ ၄ ရက်မှစတင်၍ ယောဂအစီအစဉ်များကို အခကြေးငွေ ပေးစရာ မလိုဘဲ အလွယ်တကူအသုံးပြုနိုင်မည်
  •  တယ်လီနောအသုံးပြုသူအားလုံးအနေဖြင့် MyTelenor App တစ်ခုတည်းပေါ်တွင် ရယူနိုင်သည့် ယောဂ အစီအစဉ်အား နေရာမရွေး အချိန်မရွေး အလွယ်တကူအသုံးပြုနိုင်
  •  စိတ်ကျန်းမာရေးကို အဓိကထားသော ကျန်းမာရေးဆိုင်ရာဆောင်းပါးအစီအစဥ်ကိုလည်းယခုအခါ MyTelenor App တွင် အသုံးပြုနိုင်ပြီဖြစ်

တယ်လီနောအသုံးပြုသူများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်း စေရန် တယ်လီနောမြန်မာသည် ယောဂနည်းပြဖြစ်သူ “Yoga with Mone” နှင့် အတူ ယောဂအစီအစဉ်သစ်အား မေ ၄ ရက်မှစတင်၍ မိတ်ဆက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး ပိုမိုကောင်းမွန်သော လူနေမှု ပုံစံကို မြှင့်တင်ပေးရန်ရည်ရွယ်သောအစီအစဉ်တစ်ခုဖြစ် သည့် Wellness ကဏ္ဍတွင် ပါဝင်သော ထိုယောဂအစီအစဉ်ကို ယခုအခါတွင် တယ်လီနော သုံးစွဲသူများစတင်အသုံးပြုနိုင် ပြီဖြစ်သည်။

ယခုမိတ်ဆက်လိုက်သော ယောဂအစီအစဉ်တွင် အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် သင့်လျော်သည့် ယောဂဗီဒီယိုများကို တင်ပေးသွားမည်ဖြစ်ပြီး အခကြေးငွေထပ်ပေးဆောင်စရာမလိုပါ။ သုံးစွဲသူများအနေဖြင့် ယောဂအစီအစဉ်ကို လေ့ကျင့်ရန်အတွက် အင်တာနက်ချိတ်ဆက်၍ MyTelenor App ပေါ်တွင် “Wellness” စာမျက်နှာကို ရွေးချယ်၍ဝင်ရောက် အသုံးပြုရရမည်ဖြစ်သည်။ ထိုအစီအစဥ်အတွက် ဒေတာအသုံးပြုခ ကျသင့်မည်ဖြစ်သည်။

ယောဂအစီအစဉ်နှင့်အတူ တယ်လီနောမြန်မာသည် ၎င်း၏သုံးစွဲသူများထံ ကျန်းမာပျော်ရွှင်မှုနှင့်ဆက်နွှယ်သော နောက်ထပ်အစီအစဉ်များ ဆောင်ယူလာမည်ဖြစ်ပြီး Wellness ကဏ္ဍအောက်တွင် Health Digest အစီအစဥ် သစ်ကိုလည်း ယခုမှစ၍ အသုံးပြုနိုင်မည်ဖြစ်သည်။ “စိတ္တသုခ” နှင့်အတူ ပထမဆုံးမိတ်ဆက်လိုက်သည့် ဝန်ဆောင်မှုမှာ ယနေ့ခေတ်ကမ္ဘာတွင် စိတ်ပျော်ရွှင်စွာနေထိုင်နိုင်ရန် လိုအပ်သော အရည်အသွေးမီ စိတ်ကျန်း မာရေးစောင့်ရှောက်မှုနှင့် ခေတ်မီသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များကိုပေးအပ်မည့် အစီအစဉ် ဖြစ်သည်။ ထိုအစီအစဉ်သည် လူမှုပေါင်းသင်းဆက်ဆံရေးနှင့်ဆက်နွှယ်သော စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာနှင့်ပတ်သက်သော အကြောင်းအရာများကို အဓိကထားတင်ပြပေးမည်ဖြစ်သည်။

တယ်လီနောမြန်မာသည် သုံးစွဲသူများပိုမိုကောင်းမွန်သည့် အတွေ့အကြုံများရရှိစေရန် ဆန်းသစ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုပေးဆောင်နိုင်ရန် အမြဲရည်မှန်းလုပ်ဆောင်လျက်ရှိပါသည်။ “ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့နေထိုင်မှုပုံစံရရှိဖို့ထက် ဘယ်အရာမှအရေးမကြီးပါဘူး။ ယောဂနဲ့ ကျန်းမာရေးဆိုင် ရာအစီအစဉ်လိုမျိုး ကျွန်တော်တို့ရဲ့ဆန်းသစ်ပြီး ဖန်တီးမှုရှိတဲ့ ထုတ်ကုန်တွေက ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ ရရှိစေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့က ပိုမိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆောင်ကျဥ်းလာပေးဖို့ စီစဉ်နေပါတယ်။ ဆက်လက်စောင့်မျှော်ပေးကြပါ” ဟု တယ်လီနောမြန်မာ၏ ဈေးကွက် မြှင့်တင်ရေးအရာရှိချုပ်ဖြစ်သူ Sudhansu Kumar Sinha မှ ပြောကြားခဲ့သည်။

သုံးစွဲသူများသည် ထိုဝန်ဆောင်မှုများအား ရယူနိုင်ရန် MyTelenor App ကို နောက်ဆုံးဗားရှင်းမြှင့်တင်ထားရန် လိုအပ်သည်။ MyTelenor App နောက်ဆုံးဗားရှင်းကို Apple App Store နှင့် Google Play တို့တွင် ရယူနိုင်သည်။ ထို့ပြင် ၅၀၀ သို့ “APP” ဟု စာတိုပေးပို့၍လည်းကောင်း *979*5*5# ကိုခေါ်ဆို၍လည်းကောင်း တောင်းခံနိုင် ပါသည်။