အေးသာယာ အမှတ်တံဆိပ်ဖြင့် ပြည်တွင်းဖြစ်ဝိုင်များ ထုတ်လုပ်သူဖြစ်သော မြန်မာ့ပထမဦးဆုံးဝိုင်ခြံ Myanmar Vineyard Estate (MVE) နှင့် အေးသာယာ အမှတ်တံဆိပ် ဝိုင်များကို ပြည်တွင်း၊ ပြည်ပအသီးသီးသို့ ဖြန့်ဖြူးတင်ပို့သူဖြစ်သော Cellar Door Distribution တို့မှ Sparkling Wine အမျိုးအစားဖြစ်သော Aythaya Shan Panya Brut Non Vintage သည် ၂၀၂၂ ခုနှစ်၊ International Wine and Spirit ပြိုင်ပွဲကြီး (IWSC) တွင် ကြေးတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံထုတ် ဝိုင်အမှတ်တံဆိပ်တစ်ခုအနေဖြင့် IWSC ကဲ့သို့ ကမ္ဘာ့အဆင့် ဂုဏ်သတင်းအကြီးမားဆုံး ဝိုင်နှင့် ယမကာ ပြိုင်ပွဲကြီးတွင် အသိအမှတ်ပြု ဆုချီးမြှင့်ခံရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါသည်။

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော IWSC သည် ကမ္ဘာတစ်ဝန်းရှိ အကောင်းတကာ့ အကောင်းဆုံး ဝိုင်နှင့် ယမကာများကို အသိအမှတ်ပြု ချီးမြှင့်ပေးလျက်ရှိသော နိုင်ငံအနှံ့အပြားမှ တလေးတစား စောင့်ကြည့်ရသည့် နှစ်စဉ်ကျင်းပမြဲ ပြိုင်ပွဲကြီးတစ်ခု ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ IWSC ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၉၀ ကျော်မှ ဝိုင်နှင့် ယမကာများကို အကဲဖြတ်စစ်ဆေးခဲ့ပြီး ရမှတ် အမြင့်ဆုံးသော ဝိုင်နှင့် ယမကာများကို ကြေးတံဆိပ်၊ ငွေတံဆိပ်၊ ရွှေတံဆိပ်ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

အရက်ပါဝင်မှုနှုန်း ၁၃% ရှိသော Aythaya Shan Panya Brut NV ကို MVE ၏ ဝိုင်ခြံများ တည်ရှိရာ မြန်မာနိုင်ငံ ထုံးဘို၊ အေးသာယာ၊ တောင်ကြီး၊ ရှမ်းပြည် တောင်ပိုင်းတို့တွင် ထုတ်လုပ်ထားပါသည်။ ပြင်သစ်နိုင်ငံ၊ Bordeaux ပြည်နယ်မှ ထွက်ရှိသော ဝိုင်ဖြူထုတ်ရာတွင် အသုံးပြုသည့် Sauvignon Blanc စပျစ်တစ်မျိုးဖြင့် ထုတ်လုပ်ထားသော စပါကလင်ဝိုင် အမျိုးအစားတစ်ခု ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းမှ ဝိုင်ပညာရှင်များစွာ ပါဝင်သော IWSC အကဲဖြတ်ဒိုင်အဖွဲ့သည် Aythaya Shan Panya Brut NV ၏ သာလွန်ကောင်းမွန်မှုနှင့် သူမတူသော အရည်အသွေးကို တစ်ညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြပြီး ရမှတ် ၈၆ မှတ်ဖြင့် ကြေးတံဆိပ်ဆု ချီးမြှင့်ပေးအပ်ခဲ့သည်။ ဒိုင်အဖွဲ့၏ Aythaya Shan Panya Brut NV အရသာအပေါ် သဘောကျနှစ်ခြိုက်မှုကို အောက်ပါအတိုင်း ထုတ်ဖော်ပြသခဲ့ကြသည်။ “Yuzu (သံပုယိုကဲ့သို့ အသီးတစ်မျိုး) ၊ ကောက်ရိုးနဲ့ အဝါရောင် ပန်းသီးရနံ့ ပေါင်းစပ်ထားတဲ့ အနံ့လေးရတယ်။ ပါးစပ်ထဲမှာ စူးရှလေးနက်မှုနဲ့ ပြည့်ဝစွာ ဓာတ်ပြုထားတဲ့ အရသာကို ခံစားရပါတယ်။” အကဲဖြတ်ဒိုင်အဖွဲ့တွင် ဖင်လန်နိုင်ငံမှ စပါကလင်ဝိုင်နှင့် ရှန်ပိန် အထူးပြုပညာရှင်တစ်ဦးဖြစ်သော Wine Master Essi Avellan လည်း အပါအဝင် ဖြစ်ပါသည်။ သူမသည် နာမည်ကျော် ဝိုင် အကဲဖြတ်ဒိုင်တစ်ဦးဖြစ်ပြီး ဝိုင်အကြောင်းစာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာမတစ်ဦးလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော ပြိုင်ပွဲတွင် Aythaya Shan Panya Brut NV အား IWSC ကြေးတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ အေးသာယာအမှတ်တံဆိပ် ဝိုင်တွေအတွက်တော့ ဒီလို ဂုဏ်သတင်းကြီးမားပြီး ကမ္ဘာ့အသိအမှတ်ပြုတဲ့ နိုင်ငံတကာဝိုင်နဲ့ ယမကာ ပြိုင်ပွဲကြီးမှာ ဆုတံဆိပ်တစ်ခု ချီးမြှင့်ခံရတယ်ဆိုတာ ဂုဏ်ယူစရာပါပဲ။ အရည်အသွေးမြင့် Aythaya Shan Panya Brut NV ကို MVE ရဲ့ ကျွမ်းကျင်အဖွဲ့ကနေ စနစ်တကျ စိုက်ပျိုး၊ ရိတ်သိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာပဲ ဂုဏ်ယူစွာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တစ်ကယ်တော့ IWSC ရဲ့ ဆုက ဒီအဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလိုက်တာပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ဝိုင်တွေကို ကောင်းသည်ထက်ကောင်းအောင် အမြဲ ကြိုးစားသွားပါမယ်” ဟု အေးသာယာဝိုင် ထုတ်လုပ်သည့် Myanmar 1st Vineyard Estate ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Hans Eduard Leiendecker က ပြောကြားခဲ့ပါသည်။

“IWSC ဆိုတာ ကမ္ဘာမှာ သက်တမ်းအရင့်ဆုံး ဝိုင်နဲ့ ယမကာပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး သူ့ရဲ့ အကဲဖြတ်ဒိုင်အဖွဲ့မှာ ပါဝင်တဲ့သူတွေကလည်း ဝိုင်တွေ၊ ယမကာတွေကို အကဲဖြတ်တဲ့အပိုင်းမှာ ကျွမ်းကျင်သူတွေဆိုပြီး နာမည်ကျော်ပြီးသား ဖြစ်ပါတယ်။ MVE အဖွဲ့သားတွေဟာ ကမ္ဘာ့အဆင့်မီ စပါကလင်ဝိုင်တွေ ထုတ်လုပ်နိုင်ဖို့ နှစ်အတော်ကြာ ကြိုးစားခဲ့ကြရတာဖြစ်ပြီး IWSC က ပေးတဲ့ဆုဟာ သူတို့ရဲ့ ဝိုင်ထုတ်လုပ်မှုစွမ်းရည် ကျွမ်းကျင်အဆင့်ကို အသိအမှတ်ပြုပေးလိုက်တာပါ။ သူတို့ကြောင့် မြန်မာနိုင်ငံကထုတ်တဲ့ Aythaya Shan Panya Brut NV နဲ့ အေးသာယာ အမှတ်တံဆိပ်ကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြသနိုင်ခဲ့ပါပြီ” ဟု အေးသာယာဝိုင် ဖြန့်ချိနေသည့် Cellar Door Distribution ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Steve Mawby က ပြောကြားခဲ့သည်။

အေးသာယာဝိုင်များကို Cellar Door Distribution ၊ Marketplace ၊ City Mart ၊ Ocean နှင့် စူပါမားကတ်များအပြင် နိုင်ငံတစ်ဝန်းရှိ Wine & Liquor Storeများတွင် ဝယ်ယူရရှိနိုင်ပါသည်။

Aythaya Shan Panya Brut NV မှ ဆွတ်ခူးရရှိခဲ့သည့် ကြေးတံဆိပ်ဆုနှင့်ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ၂၀၂၂ ခုနှစ်၊ International Wine and Spirit ပြိုင်ပွဲဝက်ဘ်ဆိုက် https://iwsc.net/results/detail/128067/aythaya-shan-panya-brut-nv တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Cellar Door Distribution အကြောင်း

Cellar Door Distribution သည် ဟိုတယ်၊ စားသောက်ဆိုင်၊ ဘားနှင့် လက်လီဆိုင်များအား အရည်အသွေးကောင်းမွန်သည့် ဝိုင်များကို အဓိက ဖြန့်ဖြူးနေသော မြန်မာနိုင်ငံ၏ထိပ်တန်း ဝိုင်ဖြန့်ချိရေးကုမ္ပဏီတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စတင်တည်ထောင်ခဲ့သော Cellar Door Distribution သည် နိုင်ငံတကာမှ အရည်အသွေး ကောင်းမွန်သောဝိုင်များကို ပြည်တွင်းသို့ တင်သွင်းပြီး မြန်မာ့ ပထမဦးဆုံးဝိုင်ခြံမှ ထုတ်လုပ်သော ပြည်တွင်းဝိုင်များကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းကို ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ ဝိုင်ထိပ်တန်းရောင်းချသူများနှင့် လက်တွဲလုပ်ကိုင်နေသော Cellar Door Distribution သည် မြန်မာနိုင်ငံအတွင်းရှိ ပင်မကုမ္ပဏီများနှင့် စားသုံးသူများအတွက် တင်ပို့၊ ဖြန့်ဖြူးသည့် နယ်ပယ်တွင် ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိသည်။ ထို့အပြင် Cellar Door Distribution သည် စားသုံးသူ အသိပညာပေးရာတွင် မြှင့်တင်ပေးနိုင်သည့် မာကတ်တင်း ဝန်ဆောင်မှုများ၊ ရေရှည်တည်တံ့သော အမှတ်တံဆိပ်တစ်ခုအဖြစ် တည်ဆောက်နိုင်မည့် လှုပ်ရှားမှု အစီအစဉ်များကို ပြုလုပ်လျက် ရှိပါသည်။ ပြည်တွင်းဈေးကွက် အပြောင်းအလဲများနှင့် ပတ်သက်ပြီး ကျွမ်းကျင်မှု၊ သိနားလည်မှုများဖြင့် Cellar Door Distribution သည် ပြည်တွင်း အရင်းအမြစ်များကို နိုင်ငံတကာအဆင့်မီ လုပ်ငန်းလည်ပတ်မှုစံနှုန်းများနှင့် ပေါင်းစပ်ပြီး မြန်မာဈေးကွက်နှင့် ကိုက်ညီသော သာလွန်ကောင်းမွန်သည့် ကွန်ရက်တစ်ခုကို ပေးအပ်လျက် ရှိပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက https://cellardoor.com.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Myanmar 1st Vineyard Estate အကြောင်း

Myanmar 1st Vineyard Estate (MVE) ကို ၁၉၉၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ ဝိုင်ခြံများ တည်ရှိရာ မြန်မာနိုင်ငံ ထုံးဘို၊ အေးသာယာ၊ တောင်ကြီး၊ ရှမ်းပြည် တောင်ပိုင်းတို့တွင် အေးသာယာ အမှတ်တံဆိပ် ဝိုင်များကို ထုတ်လုပ်လျက်ရှိသည်။ အေးသာယာဝိုင်သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး ဖြန့်ဖြူးရောင်းချသည့် ပထမဆုံးသော အနောက်တိုင်းပုံစံဝိုင် အမျိုးအစား ဖြစ်ပါသည်။ MVE သည် အေးသာယာအမှတ်တံဆိပ် ဝိုင်မျိုးစုံနှင့် စပါကလင်ဝိုင်များ ထုတ်လုပ်သည့်အပြင် Monte Vino အမှတ်တံဆိပ်ဖြင့် ဝိုင်များ၊ Grappino အမှတ်တံဆိပ်ဖြင့် ဘရန်ဒီ၊ Shan Panya အမှတ်တံဆိပ်ဖြင့် စပါကလင်ဝိုင်ကိုလည်း ထုတ်လုပ်လျက် ရှိပါသည်။ အသေးစိတ်သိရှိလိုပါက https://www.myanmar-vineyard.com/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။