ရန်ကုန်မြို့၏ အချက်အချာကြသော ဖွံဖြိုးရေးစီမံကိန်း တစ်ခုဖြစ်သည့် Yoma Central သည် ပြီးခဲ့သော ကြာသပတေးနေ့တွင် ကျင်းပသည့် PropertyGuru Myanmar Property Awards၊ ၂၀၂၀ ခုနှစ် ဆုပေးပွဲအခမ်းအနား၌ ဖွံ့ဖြိုးရေးစီမံကိန်း ကဏ္ဍသုံးခုအတွက် ခေါင်းစဉ်ဆုကြီးများကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၊ The PropertyGuru Myanmar Property Awards Gala နှင့် ဆုပေးပွဲကို AsiaPropertyAwards. com တွင် online မှတစ်ဆင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆုကဏ္ဍ ၂၅ ခုအနက် Best Mixed-Use Development ကဏ္ဍခေါင်းစဉ်အတွက် ရွေးချယ်ခံထားရသော ဆန်ခါတင်စာရင်း၀င် သုံးဦးတွင် Yoma Central သည် ဆုဆွတ်ခူး ရရှိခဲ့သည်။ ထို့အပြင် ပွဲအခမ်းအနားတွင် Best Retail Development ခေါင်းစဉ်ဆုကိုလည်း ရယူနိုင်ခဲ့ရုံသာမက Best Office Development ကဏ္ဍခေါင်းစဉ်အတွက်လည်း အားပေးထောက်ခံချက်များစွာ ရရှိခဲ့သည်။

“အခုလို PropertyGuru Myanmar Property Awards လိုမျိုး ဂုဏ်သတင်းကြီးမားတဲ့ ကော်မတီအဖွဲ့အစည်းမှ အသိအမှတ်ပြုခံရတဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဆုကဏ္ဍ ၂၅ ခုအနက် ကျွန်တော်တို့ Yoma Central အဖွဲ့က ကဏ္ဍ၂ခုအတွက် ဆု ၂ ဆုအနိုင်ရရှိခဲ့ပြီး ကဏ္ဍ၁ခုအတွက် အားပေးထောက်ခံချက်များစွာ ရရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ဆောက်လုပ်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေမှုနဲ့ နိုင်ငံဒေသအတွင်းမှာသာမက ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်းများနှင့်အညီ ဦးဆောင်လုပ်သည့်နေရာတွင်လည်း အထောက်အကူပြုပြီး အဖွဲ့အစည်းကို ကြီးထွားတိုးတက်စေမှာပါ။ ဒါ့အပြင် Yoma Central သည် လာမယ့်တစ်နှစ်ကျော်အတွင်း ရန်ကုန်မြို့၏ လမ်းမကြီးများပေါ်တွင် Grade A အဆင့်မြင့်ရုံးခန်းများ၊ ဈေးဝယ်ထွက်ရန်နေရာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဘားများ နှင့်ကဖေးများအတွက် စီမံကိန်းများ ရွေးချယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု Yoma Land ၏အကြီးအကဲဖြစ်သော Stephen Purvis မှ ယခုကဲ့သို့ပြောကြားခဲ့သည်။

ထင်ရှားသော ဗိသုကာပညာရှင်ဖြစ်သည့် Cecil Balmond OBE မှ ဒီဇိုင်းဆွဲထားသည့် Yoma Central စီမံကိန်းသည် ဇိမ်ခံအမှတ်တံဆိပ်အမျိုးမျိုး အသုံးပြုထားသည့် The Peninsula Residences Yangon၊ နိုင်ငံတကာစံနှုန်းမီအဆင့် Grade A ရုံးတာဝါနှစ်ခု၊ Westin စီးပွားရေးဟိုတယ်နှင့် ဝန်ဆောင်မှုများပြုလုပ်ပေးနိုင်သည့်နေရာ၊ တိုက်ခန်းများစသည်တို့ပါဝင်သော ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်းသစ် The Peninsula Yangon ကြယ်ငါးပွင့်ဟိုတယ်သည် မြန့်မာ့အမွေအနှစ်ဟောင်း တစ်ခုဖြစ်သော မီးရထားလမ်းအဆောက်အအုံအားပြန်လည် မွမ်းမံတည်ဆောက်ထားခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မေလတွင် Yoma Central အဖွဲ့အစည်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာလိုက်နာကျင့်သုံးမှုလက်မှတ်ကိုလည်း ရရှိခဲ့သည်။ Yoma Central နှင့် The Peninsula Yangon စီမံကိန်းများကို ၂၀၂၂ ခုနှစ်တွင်အပြီးသတ်ဆောင်ရွက်နိုင်မည်ဟု ယူဆရပါသည်။

PropertyGuru Myanmar Property Awards ဆုရရှိသူများ စာရင်းအပြည့်အစုံကို AsiaPropertyAwards.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Yoma Central အကြောင်း

အကျယ်အဝန်း ၂.၄၄ သန်းစတုရန်းပေရှိ၍ ၁၀ ဧကကျယ်သော အချက်အချာကြသော စီးပွားရေးနယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိသည့် Yoma Central နှင့် The Peninsula Yangon စီမံကိန်းများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။ ယခု စီမံကိန်းများသည် ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်လီမိတက် (The HongKong and Shanghai Hotels Limited)၊ မစ်ဆူဘီရှီကော်ပိုရေးရှင်း (Mitsubishi Corporation)၊ မစ်ဆူဘီရှီအိမ်ယာ (Mitsubishi Estate)၊ မြန်မာ့ပထမရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (First Myanmar Investment Company Limited)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (the Asian Development Bank) တို့ပါအဝင် နိုင်ငံတကာကော်ပိုရေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများဖြစ်သည်။

PropertyGuru Myanmar Property Awards ဆုပေးပွဲအကြောင်း

Hitachi မှ Shweproperty.com နှင့် ပူးပေါင်း စီစဉ်သော PropertyGuru Myanmar Property Awards အခမ်းအနားသည် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ဆုချီးမြှင့်သည့်အစီအစဉ်ဖြစ်ပြီး သက်ဆိုင်ရာဒေသများတွင် ဦးဆောင်နေသော အကောင်းဆုံးအိမ်ခြံမြေလုပ်ငန်းတွေကိုသာ ရွေးချယ် ဆုပေးလေ့ရှိသည်။ ပုဂ္ဂလိကအိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူများနှင့် ယုံကြည်စိတ်ချရသော ကြီးကြပ်ရေးမှူးများ ပါ၀င်သည့် ဆုပေးပွဲအခမ်းအနားဖြစ်သည့်အတွက် ၂၀၀၅ ခုနှစ်မှစ၍ ယုံကြည်ရမှု၊ မျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းများအတွက် သူမတူသည့် ဂုဏ်သတင်းရှိမွှေးပျံ့ခဲ့သည်။ အရှေ့တောင်အာရှ၏ ထိပ်တန်းအိမ်ခြံမြေနည်းပညာကုမ္ပဏီဖြစ်သော PropertyGuru နှင့် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများဖြစ်သည့် Shwe Property ၏ virtual အခမ်းအနားများကို AsiaPropertyAwards.com နှင့် partner channel များတွင် ထုတ်လွှင့်ခဲ့သည်။