PALO ALTO ၊ California – VMworld 2021 (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့) – ယနေ့ခေတ် အဖွဲ့အစည်းများသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပိုမို မြန်ဆန်စွာ လုပ်ကိုင်နိုင်ရန် အရေးတကြီး ကြိုးပမ်းနေကြသည်။ ထိုအချိန်တွင် Multi-cloud ပလက်ဖောင်းသည် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ အတွက် အရှိန်အဟုန်နှင့် ပြုပြင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်ပေးနိုင်သော မော်ဒယ်တစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ multi-cloud နည်းပညာရပ်ဝန်းတွင် VMware သည် စီးပွားရေးလုပ်ငန်းကြီးများအား စီမံထိန်းချုပ်နိုင်သော ခေတ်မီ ဆန်းသစ်သည့် ဒစ်ဂျစ်တယ်နည်းပညာဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိပါသည်။ (အဆိုပါ အကြောင်းအရာကို ဒီနေရာတွင် ဖတ်ရှုနိုင်သည်) ယခုအခါ VMware, Inc. (NYSE: VMW) က နည်းပညာနယ်ပယ်အတွင်း ပထမဦးဆုံးနှင့် တစ်ခုတည်းသော multi-cloud computing infrastructure ဖြစ်သည့် VMware Cloud ၏ တိုးတက်ပြောင်းလဲမှု အသစ်များကို ယနေ့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ အဆင့်မြင့် နည်းပညာများသည် customer များ၏ လုပ်ငန်းသုံး အက်ပလီကေးရှင်းများကို cloud သို့ ရွှေ့ပြောင်း သိမ်းဆည်းရာတွင် ပုံမှန် အချိန်နှင့် ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။ စတင်မိတ်ဆက်လိုက်သော နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုအသစ်များမှာ –

  •  VMware Cloud တွင် အက်ပလီကေးရှင်းများကို ခေတ်မီဆန်းသစ်အောင် မြှင့်တင်နိုင်ရန် Kubernetes လုပ်ဆောင်ချက် အသုံးချရသည့် ဝန်ဆောင်မှုများကို စီမံပေးနိုင်သော ဝန်ဆောင်မှုအသစ်တစ်ခု
  •  VMware Cloud ပေါ်တွင် လုပ်ငန်းသုံး အက်ပလီကေးရှင်းများ အလုပ်လုပ်ရာ၌ ပိုမို လွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချရစေရန် ဆောင်ရွက်ပေးနိုင်သော စွမ်းဆောင်ရည်
  •  အများပြည်သူသုံး sovereign clouds ပေါ်တွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုသော customer များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးသွားမည့် အစီအစဉ်သစ်တစ်ခု အပါအဝင်
  •  အနာဂတ်မျိုးဆက်သစ် VMware Cloud ကို ပုံဖော်သွားမည့် နည်းပညာ စမ်းသပ်မှုများ ဖြစ်ပါသည်။

VMware Helps Customers Move to the Cloud with Flexibility and Speed

အထက်ပါ တီထွင်ဆန်းသစ်မှုများသည် VMware Cloud customers များအတွက် လုပ်ငန်းသုံး အက်ပလီကေးရှင်းများ ခေတ်မီဆန်းသစ်ရာတွင် အရှိန်မြှင့်တင်ပေးနိုင်သော နည်းပညာကိရိယာများ ပိုမို ထောက်ပံ့ပေးနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်ဆန်သွက်လက်မှု၊ စွမ်းဆောင်ရည်လျော့မသွားသည့် ကြံ့ခိုင်မှု တိုးမြှင့်ပေးနိုင်ခြင်း၊ လက်ရှိ အသုံးပြုနေသည့် နည်းစနစ်များထက် ကုန်ကျစရိတ် သိသိသာသာ လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသည်။

“VMware က ကမ္ဘာ့အဆင့် multi-cloud computing နယ်ပယ်မှာ ဘယ်သူနဲ့မှမတူတဲ့ နေရာတစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်လို့ cloud ပလက်ဖောင်းတစ်ခုကနေ customer တွေလိုချင်နေတဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် ကူညီပေးနိုင်ပြီ ဖြစ်ပါတယ်” ဟု VMware ကုမ္ပဏီ၊ Cloud Infrastructure Business Group ၏ senior vice president and general manager ဖြစ်သူ Mark Lohmeyer က ပြောသည်။ “VMware က လုပ်ငန်းပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုနဲ့ အိုင်တီနည်းပညာ စီမံထိန်းချုပ်မှုတွေကြားမှာ ဖြစ်တတ်တဲ့ မှားယွင်းရွေးချယ်မိတာတွေ မရှိအောင် ကူညီပေးနိုင်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေက customer တွေအတွက် စီးပွားရေးအရ တွက်ခြေကိုက်ပြီး အဆင်မပြေဖြစ်နိုင်ခြေ အနည်းဆုံးနဲ့ အက်ပလီကေးရှင်း၊ infrastructure ၊ လုပ်ငန်းဆောင်တာတွေကို ခေတ်မီဆန်းသစ်နိုင်အောင်၊ နည်းပညာ developer တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ VMware vSphere ကနေ ဆင့်ကဲတိုးတက်လာတဲ့ Project Arctic နဲ့ဆိုရင် လုပ်ငန်းတိုင်းအတွက် ဘက်စုံသုံး hybrid cloud ကို မိတ်ဆက်ဖြန့်ချိပေးနိုင်တော့မှာ ဖြစ်ပါတယ်။”

Kubernetes နည်းပညာသုံး Containers နှင့် Infrastructure များကို ဝန်ဆောင်မှုတစ်ခုအနေဖြင့် ပေးအပ်ခြင်း

VMware Cloud with Tanzu services သည် Kubernetes လုပ်ဆောင်ချက် အသုံးချရမည့် ဝန်ဆောင်မှုကို စီမံခန့်ခွဲပေးမည့် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်ပြီး အမေဇုန်ဝက်ဘ်ဆိုက်ဝန်ဆောင်မှု (AWS) နှင့် VMware တို့ ပူးပေါင်းထားသည့် VMware Cloud on AWS ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ထပ်ဆောင်း ကုန်ကျစရိတ်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ပုံမှန် Kubernetes နည်းပညာဖြေရှင်းချက်များကို သီးခြားရယူစီမံခြင်းထက် VMware Cloud ပေါ်တွင် Tanzu services မှပေးအပ်သော Kubernetes လုပ်ဆောင်ချက်ကို အသုံးပြုခြင်းက အက်ပလီကေးရှင်း ခေတ်မီဆန်းသစ်ခြင်းကို ပိုမို မြန်ဆန်၊ လွယ်ကူစေပြီး ကုန်ကျစရိတ်သက်သာစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အိုင်တီ admins များအနေဖြင့် VM နှင့် container စီမံခန့်ခွဲမှုကို သာမန် ပလက်ဖောင်းတစ်ခုပေါ်တွင် ပူးတွဲလုပ်ဆောင်နိုင်ရန်၊ မိနစ်အနည်းငယ်အတွင်း Kubernetes အစုအဖွဲ့များကို အလုပ်ဖြစ်အောင် ပံ့ပိုးပေးနိုင်ရန် VMware vCenter interface ကို အသုံးပြုနိုင်ပါသည်။ ပလက်ဖောင်း အော်ပရေတာများ၊ SREs အင်ဂျင်နီယာများအနေဖြင့် Kubernetes အစုအဖွဲ့များကို cloud များပေါ်တွင် အဆက်မပြတ် အလုပ်လုပ်စေရန် multi-cloud Kubernetes များအား တစ်ပြိုင်နက် စီမံခန့်ခွဲနိုင်သော Tanzu services ကို အသုံးပြုနိုင်ပါသည်။

လုပ်ငန်းသုံး အက်ပလီကေးရှင်းများအတွက် ပိုမို လွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချရသော VMware Cloud

VMware Cloud သည် လုပ်ငန်းသုံး vSphere အက်ပလီကေးရှင်းများကို မည်သည့် cloud နယ်ပယ်တွင်မဆို ပိုမို လွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ပေးပါသည်။ စစ်တမ်းအရ VMware Cloud customers များသည် Kubernetes ဖြန့်ကျက်အသုံးချမှု(1) ကို (၃၀၀%) ပိုမို မြန်ဆန်ခြင်း၊ cloud ရွေ့ပြောင်း လုပ်ဆောင်မှု(2) ကို (၄၆%) ပိုမို မြန်ဆန်ခြင်း၊ စုစုပေါင်း အသုံးပြုမှုစရိတ်(2) ကို (၅၇%) လျှာ့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

ပိုမို လွယ်ကူရိုးရှင်းမှု – VMware Cloud သည် customer များအား ၎င်းတို့ မူလစီစဉ်ထားသော အချိန်ဇယား အတိုင်း cloud သို့ လိုအပ်သလို ရွေ့ပြောင်းနိုင်ရန်နှင့် မိမိရွေးချယ်ထားသော cloud ပေါ်တွင် vSphere အလုပ်များကို လည်ပတ်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်ပေးပါသည်။ အမေဇုန်ဝက်ဘ်ဆိုက်ဝန်ဆောင်မှု (AWS) ၊ Azure ၊ Google Cloud ၊ IBM Cloud နှင့် Oracle Cloud အစရှိသည့် နိုင်ငံဒေသ (၁၀၀) ကျော်တွင် ရရှိနိုင်သော အများပြည်သူသုံး clouds များအားလုံး အပါအဝင် ပုဂ္ဂလိက ဒေတာစင်တာများနှင့် edge အပိုင်းရှိ မိတ်ဖက် clouds (၄,၀၀၀) ကျော်တို့တွင် VMware Cloud တစ်ခုတည်းသာ မူရင်း native ဝန်ဆောင်မှုတစ်ခုကဲ့သို့ အလုပ်လုပ်နိုင်ပါသည်။ Customer များအနေဖြင့် VMware Cloud Universal တွင် VMware ကုမ္ပဏီ သို့မဟုတ် တစ်ဆင့်ပြန်လည် ရောင်းချသည့် မိတ်ဖက်များထံမှ VMware Cloud ဝန်ဆောင်မှုကို လိုအပ်သလို ဝယ်ယူ၊ အသုံးပြုနိုင်ပြီး လက်ရှိ VMware ရာသက်ပန်လိုင်စင်များ၏ တန်ကြေးမှ အကျိုးအမြတ်များ ရရှိနိုင်ပါသည်။

  •  AWS Outposts တွင်အသုံးပြုနိုင်သော VMware Cloud ဝန်ဆောင်မှုကို VMware ကုမ္ပဏီ၏ ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ တတိယလေးလပတ်တွင် VMware Cloud ဝန်ဆောင်မှုပေါ်တယ်လ်မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ Customer များသည် ၎င်းတို့၏ ကိုယ်ပိုင် ဒေတာစင်တာ သို့မဟုတ် edge အသုံးပြုမှု ထူထပ်သော နေရာများတွင် VMware Cloud infrastructure ကို အလုပ်လုပ်နိုင်သည့် cloud operating model မှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ အပြည့်အဝ စီမံထိန်းချုပ်နိုင်ရန် ဝန်ဆောင်မှုပေးထားသောကြောင့် ဒေတာအချက်အလက်များနှင့် အက်ပလီကေးရှင်း များကို ပြင်ပရှိ စက်ပစ္စည်းများနှင့် အလုပ်လုပ်သော VMware Cloud infrastructure က ပေးအပ်နိုင်သည့် လွယ်ကူမှု၊ ပမာဏများများ အသုံးချနိုင်မှု၊ လုံခြုံစိတ်ချရမှုတို့ထက် သာလွန်စွာဖြင့် ပိုမို စနစ်တကျ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
  •  VMware Cloud တွင် ပါရှိသည့် Dell နည်းပညာသုံး APEX Cloud Services သည် Dell မှ စီမံထိန်းချုပ်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး APEX ဂေဟစနစ်တွင် VMware Cloud အသုံးချမှုဆိုင်ရာ အတွေ့အကြုံများကို ရရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ VMware ကုမ္ပဏီ၏ ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ စတုတ္ထလေးလပတ်တွင် ရရှိနိုင်ရန် စီစဉ်ထားသော ဝန်ဆောင်မှု၏ လက်ရှိ စမ်းသပ်မှုများအရ infrastructure ကဲ့သို့သော ဝန်ဆောင်မှုဖြင့် အဖွဲ့အစည်းများအတွက် ၎င်းတို့၏ ဒေတာစင်တာ၊ edge ထားရှိသည့် တည်နေရာ၊ မျှဝေအသုံးပြုထားသည့် နေရာများနှင့် ကိုက်ညီသည့် cloud နမူနာများကို ကြိုတင်သတ်မှတ်ပြီး ဖြန့်ကျက်အသုံးချနိုင်ရန် ဖန်တီးပေးသွားမည် ဖြစ်ပါသည်။
  • VMware ၏ vRealize Cloud စီမံခန့်ခွဲမှုအား အဆင့်မြှင့်တင်ထားမှုအရ ကိုယ်တိုင်လိုအပ်သလို စီစဉ်သုံးစွဲနိုင်သည့် cloud-agnostic ပုံစံ ပံ့ပိုးပေးနိုင်ခြင်း၊ မပြတ်တမ်း စောင့်ကြည့်လေ့လာနိုင်ခြင်း၊ စွမ်းဆောင်ရည်နှင့် ကုန်ကျစရိတ်ကို အကျိုးရှိရှိ အသုံးချနိုင်ခြင်း၊ app-aware ဖြေရှင်းလုပ်ဆောင်ချက်၊ cloud နယ်ပယ်အားလုံးတွင် ချိတ်ဆက်မှု တစ်ခုချင်းစီအား ပြသပေးထားခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ အသစ်ထွက်ရှိလာသည့် VMware Skyline Advisor Pro သည် ရုတ်တရက် အိုင်တီစနစ် ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန် customer များကို ကူညီပေးမည်ဖြစ်ပြီး ပြဿနာ မဖြစ်မီကပင် ကြိုတင်သိရှိ ကာကွယ်ပေးနိုင်ပါသည်။
  • VMware Marketplace တွင် လူတိုင်းအသုံးပြုနိုင်သည့် open source ဆော့ဖ်ဝဲလ် (Bitnami) ၊ VMware နှင့် ISV နည်းပညာဖြေရှင်းချက်များ ပါဝင်သည့် အထူးသီးသန့် ဝန်ဆောင်မှုကတ်တလောက် တစ်ခုကို ထည့်သွင်းပြီး ပိုမို မြန်ဆန်၊ အလုပ်ဖြစ်သော အက်ပလီကေးရှင်း ဖန်တီးထုတ်လုပ်နိုင်စွမ်းကို ရရှိနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။ ယခုအခါ customer များသည် နည်းပညာနယ်ပယ်အတွင်း တစ်ခုတည်းသော multi-cloud marketplace ပေါ်တွင် VMware နှင့် ISV နည်းပညာ ဖြေရှင်းချက်များကို ဝယ်ယူနိုင်ပြီဖြစ်သောကြောင့် တစ်ခုချင်းစီ ရှာဖွေဝယ်ယူရသည့် လုပ်ငန်းစဉ်နှင့် ဖြန့်ကျက်အသုံးချ နိုင်သည်အထိ ကြာမြင့်သည့် အချိန်များကို လျော့ချနိုင်ပြီ ဖြစ်ပါသည်။
  •  နည်းပညာစမ်းသပ်ချက်တစ်ခုဖြစ်သည့်Project Arctic သည် VMware ၏ Cross-Cloud ဝန်ဆောင်မှုများကို သန်းပေါင်းများစွာသော အိုင်တီ admins များ လက်ဝယ်အရောက် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ Project Arctic သည် cloud ချိတ်ဆက်မှုကို vSphere နှင့် သဘာဝကျကျ ပေါင်းစပ်ထားပြီး ပုံသေ operating model တစ်ခုအဖြစ် ဘက်စုံသုံး hybrid cloud ကို ဖန်တီးပုံဖော်သွားမည် ဖြစ်သည်။ Customer များအနေဖြင့် လိုအပ်သလို အသုံးပြုနိုင်ပြီး vCenter မှတစ်ဆင့် VMware Cross-Cloud services များကို အချိန်နှင့်တပြေးညီ ရယူနိုင်သော အကန့်အသတ်မဲ့ cloud စွမ်းဆောင်ရည်ဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

ပိုမို လုံခြုံစိတ်ချမှု – VMware သည် ဆော့ဖ်ဝဲလ်၏ စွမ်းဆောင်ရည်၊ လိုအပ်သလို တိုးချဲ့ဖြန့်ကျက်နိုင်သည့် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပိုမို စိတ်ချလုံခြုံပြီး ဒေတာအချက်အလက်များကို အလွယ်တကူ ထိန်းသိမ်းကာကွယ် နိုင်သော cloud ဝန်ဆောင်မှုပုံစံတို့ကို အသုံးပြုထားပါသည်။ VMware Cloud customer များသည် နယ်ပယ်အားလုံးအတွက် တပြေးတည်း သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေး မူဝါဒနှင့် လုပ်ဆောင်ချက်များ မှတဆင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

  • VMware ၏ NSX tapless NDR ၊ လုံခြုံစိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှု၊ စက်ကိရိယာနှင့် cloud အကြားရှိ Elastic အက်ပလီကေးရှင်း ဘေးကင်းလုံခြုံရေး Edge နည်းပညာများသည် VMware Cloud ကွန်ရက်နယ်ပယ်တစ်ဝန်းနှင့် အတွင်းပိုင်းရှိ လုံခြုံရေးစနစ် အဆင့်မြင့်တင်နိုင်ရန်အတွက် တီထွင်ဆန်းသစ်မှု အသစ်များ ဖြစ်ပါသည်။
  • VMware Cloud ၏ ထိခိုက်မှုများ ပြန်လည်ပြင်ဆင်ရေးဆိုင်ရာ အဆင့်မြှင့်တင်မှုများသည် နည်းပညာတိုက်ခိုက်ခံရမှုအား ပြန်လည်ပြင်ဆင်ရာတွင် အရှိန်မြှင့်တင်ပေးနိုင်ပြီး ဝန်ဆောင်မှုနှင့် အချက်အလက်များအား ပိုမို လျင်မြန်စွာ ပြန်လည်ရယူနိုင်ရန် ကူညီပေးနိုင်ပါသည်။
  • VMware Carbon Black Cloud Workload ၊ VMware NSX Advanced Firewall နှင့် VMware NSX Advanced Load Balancer များသည် အမေဇုန်ဝက်ဘ်ဆိုက်ဝန်ဆောင်မှု (AWS) နှင့် VMware တို့ ပူးပေါင်းထားသည့် VMware Cloud on AWS ၏ customers များအား နည်းစနစ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုကို လျော့နည်းစေခြင်း၊ အက်ပလီကေးရှင်း ရယူနိုင်သည့်နေရာနှင့် ပုံမှန် အလုပ်လုပ်ချိန် တိုးတက်လာစေခြင်း၊ လုံခြုံရေး လုပ်ဆောင်ချက်များ ပိုမို ထိရောက်မှုရှိစေခြင်း စသည်တို့ကို ကူညီပံ့ပိုး ပေးပါသည်။
  • Stretched Cluster သည် အနည်းဆုံး ပင်မ အသုံးပြုသည့်နေရာ နှစ်နေရာသာရှိသော ကွန်ရက်နယ်ပယ်မှ VMware Cloud on AWS ၏ customers များအထိ ပမာဏ အမျိုးမျိုးအတွက် စွမ်းဆောင်ရည် လျော့မသွားအောင် ထိန်းထားနိုင်သည့် ကြံ့ခိုင်မှု ပိုမို ကောင်းမွန်လာစေရန် ထောက်ပံ့ပေးပါသည်။

VMware Helps Customers Move to the Cloud with Flexibility and Speed

အသုံးပြုလိုသော customer များ၏ လိုအပ်ချက်ကို ပံ့ပိုးပေးခြင်း

အချက်အလက်လုံခြုံရေးဆိုသည်မှာ စီးပွားရေးလုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုနှင့်သာ သက်ဆိုင်သော ပြဿနာ မဟုတ်ပါ။ စစ်တမ်းများအရ အဖွဲ့အစည်းများ၏ ၅၀-၆၀% သည် အချက်အလက်လုံခြုံရေး၊ ကိုယ်ရေးလုံခြုံမှုနှင့် ဆန်းသစ်တီထွင်မှု(3) များ တိုးတက်ကောင်းမွန်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းညွှန်ချက်တစ်ခု ရှိထားသင့်သည်ဟု ယုံကြည်လက်ခံထားကြသည်။ VMware ၏ Sovereign Cloud လုပ်ဆောင်ချက်အသစ်သည် အချက်အလက်များ၏ အချုပ်အခြာအာဏာနှင့် စီရင်ဆုံးဖြတ်ပိုင်ခွင့် ထိန်းချုပ်မှု၊ အချက်အလက်များ ရယူခွင့်နှင့် သမာသမတ်ကျမှု၊ အချက်အလက်များ ဘေးကင်းလုံခြုံမှုနှင့် စည်းကမ်း လိုက်နာမှု၊ အချက်အလက်ဆိုင်ရာ လွတ်လပ်မှုနှင့် လွှဲပြောင်းမှု၊ အချက်အလက်များအား လေ့လာသုံးသပ်မှုနှင့် ဆန်းသစ်တီထွင်မှုများအတွက် နိုင်ငံတည်နေရာအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် customer များအား ယုံကြည်စိတ်ချရသည့် နိုင်ငံတော်အဆင့် cloud ဝန်ဆောင်မှုပေးသူများနှင့် ကူညီချိတ်ဆက် ပေးပါသည်။ ပထမဦးဆုံးသော VMware Sovereign Cloud အတွက် ရွေးချယ်ထားသည့် မိတ်ဖက်လုပ်ငန်းများမှာ UKCloud ၊ OVHcloud ၊ AUCloud ၊ Datacom ၊ NxtGen ၊ Noovle ၊ Telefonica ၊ TietoEvry ၊ Telmex နှင့်ThinkOn တို့ဖြစ်သည်။ မိတ်ဖက်လုပ်ငန်းများပြောသော VMware Sovereign Cloud လုပ်ဆောင်ချက်အသစ်၏ စွမ်းဆောင်ရည်အကြောင်း စကားသံကို နားဆင်နိုင်ပါသည်။

VMware Cloud ၏ အနာဂတ်ကို လှမ်းမျှော်ကြည့်ခြင်း

VMWare ကုမ္ပဏီသည် VMware Cloud ၏ အောက်ပါ နည်းပညာ စမ်းသပ်ချက်များကို ဆောင်ရွက်လျက်ရှိပြီး R&D အပိုင်းအတွက် ထပ်ဆောင်းရင်းနှီးမြုပ်နှံမှုများ၊ လတ်တလော ဆန်းသစ်တီထွင်မှုများကို ထုတ်ဖော်ပြသခဲ့သည်။

  •  Project Capitola – DRAM ၊ PMEM ၊ NVMe နှင့် အနာဂတ်နည်းပညာများကို မှတ်ဉာဏ်အလွှာများအဖြစ် စုစည်းထားပြီး လက်ရှိနှင့် မျိုးဆက်သစ် အက်ပလီကေးရှင်းများအတွက် ဈေးနှုန်းနှင့်သင့်တော်သည့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သော ဆော့ဖ်ဝဲလ်အသုံးချ မှတ်ဉာဏ်တစ်ခု ဖန်တီးနိုင်ရန် ဖြစ်ပါသည်။ Project Capitola အား ထောက်ပံ့ပေးထားသော မိတ်ဖက်များအကြောင်း ပိုမို သိရှိလိုပါက ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။
  •  Project Cascade – Kubernetes မှ ပံ့ပိုးထားသည့် လုပ်ငန်းနယ်ပယ်အတွင်း စံချိန်မီ နည်းပညာ interface တစ်ခုဖြင့် developers နှင့် DevOps ကျွမ်းကျင်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော နည်းပညာ စမ်းသပ်ချက်တစ်ခု ဖြစ်ပြီး Infrastructures (IaaS) နှင့် containers (CaaS) နှစ်မျိုးစလုံးအတွက် အသုံးပြုနေကျဖြစ်သော သာမန် declarative consumption interface တစ်ခုကို ပံ့ပိုးပေးမည် ဖြစ်ပါသည်။
  •  Project Ensemble – VMware Cloud အား ထိန်းချုပ်နိုင်ရန် စုစည်းပေးထားသော ဖန်တီးမှု ဖြစ်ပါသည်။ Project Ensemble သည် vRealize Cloud စီမံခန့်ခွဲမှု ဝန်ဆောင်မှုများတွင် စုစည်းထားသော ပုံစံတစ်ခုကို ပေးအပ်ပြီး လုပ်ငန်းဆောင်တာများကို ပိုမို တိုးတက်ကောင်းမွန်လာစေမည် ဖြစ်ပါသည်။

VMware Cloud Customers များ၏ စကားသံများ

“ကျွန်တော်တို့ Carrefour ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ်ဦးစားပေး ဆောင်ရွက်သွားမယ့် ရည်မှန်းချက်ကို အရှိန်မြှင့်တင်တဲ့အနေနဲ့ Google Cloud ၊ VMware တို့နဲ့ လက်တွဲလုပ်ကိုင်ပြီး ရရှိလာတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ဝန်ဆောင်ပေးနေရင်းက တစ်ဖက်မှာလည်း အိုင်တီလုပ်ငန်း လည်ပတ်မှုစရိတ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကနေ လျှော့ချပေးနိုင်ခဲ့ပါတယ်” ဟု Carrefour France ၏ chief technology officer and chief information officer ဖြစ်သူ Damien Cazenave က ပြောသည်။ “Google Cloud VMware Engine ကြောင့် VMware ပေါ်က အလုပ်တွေကို မှန်းထားတဲ့ အချိန်ထက် ပိုစောပြီး Google Cloud ပေါ်ကို မြန်မြန်ဆန်ဆန်၊ အခက်အခဲမရှိ ရွေ့ပြောင်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် Google Cloud ပေါ်မှာ အလိုအလျောက်စနစ်တွေ၊ စွမ်းဆောင်ရည်ကျမသွားအောင် ထိန်းထားနိုင်တဲ့ ကြံ့ခိုင်ရည်တွေကြောင့် ကျွန်တော်တို့ရဲ့ IT infrastructure တွေကို ခေတ်မီဆန်းသစ်နိုင်တဲ့ အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်၊၊”

“VMware ၊ Deloitte တို့နဲ့ လက်တွဲပြီး Sterling National Bank ရဲ့ ရှိပြီးသား ဒေတာစင်တာ နှစ်ခုကနေ VMware Cloud on AWS ပေါ်ကို တစ်နှစ်အတွင်း ရွေ့ပြောင်းနိုင်ခဲ့ပါတယ်” ဟု Sterling National Bank ၏ senior managing director ၊ solution strategy and architecture ဖြစ်သူ Vesko Pehlivanov က ပြောသည်။ “ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေရှိနေပေမယ့် ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းမှုက အခက်အခဲမရှိ၊ ချောချောမွေ့မွေ့ ပြီးသွားတဲ့အတွက် အသုံးပြုသူတွေ၊ အက်ပလီကေးရှင်း ထုတ်လုပ်သူတွေဟာ အပြောင်းအလဲဖြစ်သွားတာကိုတောင် သတိမထားမိလိုက်ပါဘူး။ စက်ချို့ယွင်းတဲ့အချိန်လည်း မရှိခဲ့ပါဘူး။ Sterling ၊ VMware နဲ့ Deloitte တို့ကြားက ခိုင်မာတဲ့ မိတ်ဖက်ပူးပေါင်းမှုကြောင့် တစ်ယောက်တည်း စီမံနေတာထက်စာရင် အများကြီး ပိုမြန်၊ ပိုထိရောက်ခဲ့ပါတယ်။”

“Tower Health ကုမ္ပဏီအနေနဲ့ တစ်ကယ့် စက်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ VMware Cloud infrastructure အပေါ်မှာ အများကြီး ရင်းနှီးမြုပ်နှံခဲ့ပြီး လုပ်ငန်းအတွက် ကောင်းကောင်းအသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုင်တီစီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို SaaS model ကို ပြောင်းရွေ့လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်း ရခဲ့ပါတယ်” ဟု Tower Health ၏ lead system engineer ဖြစ်သူ Brian Weigle က ပြောသည်။ “vRealize Cloud Universal ကြောင့် ကျွန်တော်တို့ရဲ့ production cloud စီမံခန့်ခွဲနိုင်စွမ်း အားလုံးနီးပါးကို SaaS ပေါ် လိုအပ်သလို ပြောင်းရွေ့နိုင်ခွင့် ရခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်အသုံးချ SaaS ကို အသုံးပြုလိုက်တဲ့အတွက် vRealize Operations ၊ Log Insight နဲ့ Automation စွမ်းဆောင်ရည်တွေ အားလုံးကို ရလိုက်တဲ့အပြင် ပမာဏအများကြီး ဝန်ဆောင်မှုပေးနိုင်၊ တီထွင်ဆန်းသစ်မှုတွေကိုလည်း ပိုမြန်မြန် ရယူနိုင်၊ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်တဲ့ ထပ်ဆောင်း အကျိုးကျေးဇူးတွေကိုပါ ရရှိခဲ့ပါတယ်။ ပြီးတော့ VMware Skyline ကို အသုံးပြုလိုက်တဲ့အတွက် တစ်ခုခုဖြစ်မှ တုံ့ပြန်ဖြေရှင်းတာထက်၊ မဖြစ်ခင်က ကြိုတင်သိရှိတားဆီးနိုင်ခဲ့ပါတယ်။”

“ကျွန်မတို့ရဲ့ VMware လုပ်ငန်းနယ်ပယ်ကို Azure VMware နည်းပညာဖြေရှင်းချက်နဲ့ ပြောင်းလဲအသုံးပြု လိုက်တဲ့အခါ hardware တွေထဲမှာ သိမ်းဆည်းရတာထက် အနည်းဆုံး ဂဏန်း (၆) လုံးရှိတဲ့ ကုန်ကျစရိတ်ကို သက်သာစေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စက်တွေအလုပ်လုပ်ချိန်နဲ့ အချက်အလက်တွေ ထောက်ပံ့ပို့ဆောင်တဲ့ ကြာချိန်တွေမှာလည်း (၅) လကျော်လောက် အချိန်ကုန်သက်သာသွားပြီး လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် စွမ်းဆောင်ရည်ပိုကောင်းဖို့ လိုအပ်နေတဲ့ ကျွန်မတို့ရဲ့ ဆော့ဖ်ဝဲလ်အသုံးချ desktop တွေကို ပိုပြီး သွက်လာအောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်” ဟု မိုင်ယာမီတက္ကသိုလ်၏ director of cloud infrastructure services ဖြစ်သူ Mari Lovo က ပြောသည်။ “Microsoft ရဲ့ Azure Hybrid ကရတဲ့ အကျိုးကျေးဇူးတွေကို အသုံးချလိုက်တာက မိုင်ယာမီတက္ကသိုလ်ရဲ့ လက်ရှိ VMs အတွက် Windows Server လိုင်စင်ရ စက်တွေကို Azure VMware Solution နယ်ပယ်မှာပဲ အပိုကုန်ကျစရိတ် မရှိဘဲ အသုံးပြုနိုင်ခဲ့ပါတယ်။”

VMware က Customers များအတွက် Multi-Cloud Era နည်းပညာ အသုံးချနိုင်ရေး ကူညီပေးနေ

VMworld 2021 အခမ်းအနားတွင် VMware သည် customer များအတွက် multi-cloud era နည်းပညာ အသုံးချပြီး လွပ်လပ်မှု၊ လိုအပ်သလို ပြောင်းလဲနိုင်မှုနှင့် ဘေးကင်းလုံခြုံမှုရှိသော တီထွင်ဆန်းသစ်မှုများကို အရှိန်မြှင့်တင်ပေးရန် ကူညီပံ့ပိုးမည့် နည်းဗျုဟာကို ထုတ်ဖော်ပြသခဲ့သည်။ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများ အတွက် cloud နည်းပညာအသုံးချရာတွင် ပိုမို အဆင်ပြေချောမွေ့သော လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့်အကြောင်း နောက်ဆုံးရသတင်းများကို VMworld 2021 media kit တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

VMware Helps Customers Move to the Cloud with Flexibility and Speed

VMworld 2021 အကြောင်း

VMworld 2021 သည် ကမ္ဘာ့ပထမဦးဆုံး cloud computing နှင့် ဒစ်ဂျစ်တယ် infrastructure ဆိုင်ရာ အခမ်းအနားတစ်ခု ဖြစ်ပါသည်။ VMworld အခမ်းအနားတွင် သီးခြားဆွေးနွေးမှုနှင့် နည်းပညာစမ်းသပ်ခန်းပေါင်း (၆၀၀) ကျော်၊ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်း (၇၅) ခုကျော်၊ မိုဘိုင်းကိရိယာမှသည် ဒေတာစင်တာနှင့် cloud ဆီသို့ ချိတ်ဆက်အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ်အခြေပြု စီးပွားရေးလုပ်ငန်းများ ဖြစ်လာစေမည့် ခရီးစဉ်အား အရှိန်မြှင့်တင်ပေးနိုင်သော networking events များစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ VMworld အခမ်းအနား တက်ရောက်သူများသည် cloud နည်းပညာနယ်ပယ်အသစ်အား ကျွမ်းကျင်စွာ အသုံးပြုရာတွင်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအား အသွင်ကူးပြောင်းရာတွင် သိရှိထားရန်လိုအပ်ပြီး အခြားမည်သည့်နေရာတွင်မှ မရရှိနိုင်သော အသိပညာ ဗဟုသုတနှင့် နည်းပညာကိရိယာများကို လေ့လာခွင့် ရရှိခဲ့ပါသည်။ VMworld အကြောင်း အသေးစိတ် ပိုမို သိရှိလိုပါက www.vmworld.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

VMware အကြောင်း

VMware သည် အက်ပလီကေးရှင်းများအားလုံးအတွက် multi-cloud ဝန်ဆောင်မှုများ ပေးအပ်နေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများအတွက် စီမံထိန်းချုပ်မှုများကို ခေတ်မီ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အသုံးချ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက် ရှိပါသည်။ ဆန်းသစ်တီထွင်မှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် VMware ဆော့ဖ်ဝဲလ်သည် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ၏ လိုအပ်ချက်အလိုက် အသုံးပြုနိုင်ရန်၊ အနာဂတ်အတွက် လိုအပ်သော နည်းစနစ်များကို ရွေးချယ်နိုင်ရန် ဝန်ဆောင်ပေးနေပါသည်။ ကယ်လီဖိုးနီးယားနိုင်ငံ ပါလိုအယ်တိုမြို့တွင် ရုံးချုပ်တည်ရှိပြီး VMware သည် ကုမ္ပဏီ၏ ၂၀၃၀ ခုနှစ်အထိ ချမှတ်ထားသော လမ်းကြောင်းအတိုင်း ပိုမို ကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်သွားမည်ဟု ကတိကဝတ် ပြုထားပါသည်။ ပိုမို သိရှိလိုပါက www.vmware.com/company တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။