ရန်ကုန်၊ မတ် ရက်၊ ၂၀၁၉ – မတ်လ ၈ ရက်တွင်ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် Vietjet လေကြောင်းလိုင်းသည် လေယာဉ်စီးနင်းသူခရီးသွားများအတွက် (အခွန် နှင့် ခြားပေးဆောင်မည့်အခများ မပါဝင်ဘဲ) ပရိုမိုးရှင်းကုတ် “BOOKNOW83” ကို အသုံးပြုပါက ၈၃ ရာခိုင်နှုန်းလျှော့စျေးရယူခံစားခွင့်၊ Skyboss လက်မှတ်များအတွက် ပရိုမိုးရှင်းကုတ် “SKYBOSS38” ကို အသုံးပြုပါက ၃၈ ရာခိုင်နှုန်းလျှော့စျေးရယူခံစားခွင့်ရှိမည့် အစီအစဉ်တစ်ရပ်ကို ပေးအပ်လိုက်သည်။ ဤပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၀ မတ်လ ၈ ရက်နေ့အထိ ပေးအပ်သွားမည်ဖြစ်ကာ ဗီယက်နမ်၊ ထိုင်းနိုင်ငံအတွင်း ပြည်တွင်းခရီးစဉ်များ၊  မြန်မာနိုင်ငံအပါအဝင် ထိုနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော နိုင်ငံများ၏ ခရီးစဉ်များအားလုံးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

ဤပရိုမိုးရှင်းဖြင့် ဝယ်ယူထားသော လက်မှတ်များကို (ရုံးပိတ်ရက်များ မပါဝင်ဘဲ) ၂၀၂၀ မေလ ၃၁ အထိ လေယာဉ်ခရီးစဉ်များအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ Vietjet အနေဖြင့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် ချစ်ခင်ရသော လေယာဉ်စီးခရီးသည်များအတွက် ယခုကဲ့သို့ အထူးလျှော့စျေးအစီအစဉ်များကို အဓိပ္ပါယ်ပြည့်ဝ၍ အံ့ဩဖွယ်ရာလက်ဆောင်များအဖြစ် ပေးအပ်လိုခြင်းဖြစ်သည်။

ဤအထူးစျေးနှုန်းအစီအစဉ်ဖြင့် Skyboss ခရီးသည်များသည် အထူးနားနေခန်းများအသုံးပြုနိုင်ခြင်း၊ ဦးစားပေး Check-in ပြုလုပ်နိုင်ခြင်း၊ ဦးစားပေးအနေဖြင့် လေယာဉ်ပေါ်တက်ရောက်နိုင်ခြင်း၊ SkyBoss သီးသန့်ကား အသုံးပြုနိုင်ခြင်း၊ သက်သောင့်သက်သာရှိသော အရှေ့ခုံတန်းများရယူနိုင်ခြင်း၊ လေယာဉ်ပေါ်တွင် အရသာရှိသော အစားအစာ ၉ မျိုးထဲမှ မိမိစိတ်ကြိုက်ရွေး၍ အစားအသောက်များ အခမဲ့သုံးဆောင်နိုင်ခြင်း၊ ၁၀ ကီလိုဂရမ်ရှိ ခရီးဆောင်အိတ်ယူဆောင်နိုင်ခြင်း၊ ၃၀ ကီလိုဂရမ်ရှိ ခရီးဆောင်အိတ် သို့မဟုတ် ဂေါက်ရိုက်အိတ်ကို အခမဲ့ယူဆောင်နိုင်ခြင်း၊ လေယာဉ်ခရီးစဉ်ကို အခမဲ့ပြောင်းလဲနိုင်ခြင်းတို့ကဲ့သို့သော အကျိုးခံစားခွင့်များကို မိမိတို့ချစ်ခင်ရသူများနှင့် အတူရယူ ခံစားနိုင်မည်ဖြစ်သည်။

မြန်မာခရီးသွားဧည့်သည်များအနေဖြင့် လက်မှတ်တန်ဖိုး အနည်းငယ်ပေးရုံမျှဖြင့် ဗီယက်နမ်နှင့် အာရှနိုင်ငံများတွင် Vietjet လေကြောင်းလိုင်းနှင့်အတူ အပန်းဖြေလေ့လာနိုင်ရန် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။ လေယာဉ်လက်မှတ်များကို Vietjet ဝဘ်ဆိုဒ် www.vietjetair.com တွင်လည်းကောင်း၊မိုဘိုင်းလ်အက်ပလီကေးရှင်း Vietjet Air တွင်လည်းကောင်း၊ Facebook လူမှုကွန်ရက် www.facebook.com/vietjetvietnam  စာမျက်နှာတွင် Booking Tab ကို နှိပ်၍သော်လည်းကောင်း၊ Vietjet ၏ တရားဝင်လက်မှတ်အရာင်းဆိုင်များ၊ ရုံးများတွင်လည်းကောင်း ဝယ်ယူနိုင်ပါသည်။ ငွေပေးချေမှုများကို Visa ၊MasterCard ၊ AMEX ၊ AMEX ၊ KCP ၊ UnionPay ကတ်များဖြင့် အလွယ်တကူ ပြုလုပ် နိုင်မည်ဖြစ်သည်။

Vietjet လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ ဟနွိုင်းသို့ နေ့စဉ်အသွားအပြန်ခရီးစဉ်ဖြင့် ပျံသန်းလျက်ရှိနေပြီး မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ခရီးသွားများအတွက် လေကြောင်းပျံသန်းမှုအိပ်မက်များကို အကောင်အထည်ဖော် ပေးနေသည်။

Vietjet အကြောင်း

Vietjet သည် သင့်တင့်မျှတသော လက်မှတ်ခနှုန်းထားများနှင့် ခရီးသွားများ၏ လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်မည့် စုံလင်သော ဝန်ဆောင်မှုများကို ပေးအပ်နေသည့် ဗီယက်နမ်၏ ပထမဆုံးသော ခေတ်သစ်လေကြောင်းလိုင်း ကုမ္ပဏီဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကိုသာမက အခြားဝန်ဆောင်မှုပုံစံ မျိုးစုံအတွက် နောက်ဆုံးပေါ် e-commerce နည်းပညာများကို အသုံးပြုလျက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူ ပို့ဆောင်ရေးအသင်း (IATA) ၏ တင်းပြည့်အသင်းဝင်ဖြစ်သည့် Vietjet သည် IATA က စိစစ်ပေးအပ်သော လုပ်ငန်းပိုင်းဘေးကင်းလုံခြုံမှု အသိအမှတ်ပြုလက်မှတ် (IOSA Certificate) ကိုပါ ရရှိထားပါသည်။ ထို့အပြင် ကမ္ဘာ့လေကြောင်းလိုင်းများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု အဆင့်အတန်းစိစစ်ခွဲခြားမှုဆိုင်ရာ တစ်ခုတည်းသော ဝဘ်ဆိုဒ်ဖြစ်သည့်  AirlineRatings.com က “၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အထူးဈေးချိုသာဆုံး အကောင်းဆုံး လေကြောင်းလိုင်း” ဟု ခေါ်ဆိုခြင်းကိုလည်းကောင်း၊ ကမ္ဘာ့ဘေးအကင်းဆုံး ကြယ် (၇) ပွင့်အဆင့်ကိုလည်း သတ်မှတ်ထားခြင်းကိုလည်းကောင်း ခံထားရပါသည်။ ထို့အတူ ၂၀၁၈ ခုနှစ် Airfinance ဂျာနယ်က သတ်မှတ်သည့် ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဆိုင်ရာ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ၅၀ အနက် တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။

လက်ရှိတွင် ပျံသန်းမှုပေါင်း၏ ပျှမ်းမျှသက်တမ်းမှာ ၂.၇ နှစ်ဖြစ်ပြီး နောက်ဆုံးပေါ် မျိူးဆက်သစ်လေယာဉ်များဖြင့် ပျံသန်းလျက်ရှိနေသော Vietjet လေကြောင်းလိုင်းသည် ဗီယက်နမ်နိုင်ငံတွင်း အပါအဝင် ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်ပြည်မကြီး၊ ထိုင်း၊ မြန်မာ၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ နေ့စဉ် လေယာဉ်အစီးရေ ၄၀၀ ခန့်ဖြင့် ခရီးသည်ပေါင်း သန်း ၁၀၀ ကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။