ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(WHO) နှင့် Rakuten Viber တို့မှ COVID-19 သတင်းအမှားများအား တိုက်ဖျက်ရေးတွင် အကျိုးပြုနိုင်မည့် ဘာသာစကားမျိုးစုံပါဝင်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်သော Chatbot အား ယနေ့ မိတ်ဆက်လိုက်သည်။ အဆိုပါ Bot သည် ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအတုများနှင့် သတင်းအမှားများ အလျင်အမြန် ပြန့်နှံ့ခြင်းအား တိုက်ဖျက်ပေးနိုင်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်သည်။

မှန်ကန်တိကျသော ကျန်းမာရေး သတင်းအချက်အလက်များ ဖတ်ရှုနိုင်ရန် ရှာဖွေနေကြသူများအား ကူညီပေးနိုင်ရန်အတွက် အဆိုပါ chatbot သည် လက်ရှိတွင် အင်္ဂလိပ်၊ အာရေဗီနှင့် ရုရှားဘာသာစကားများဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး မကြာမီအချိန်အတွင် မြန်မာဘာသာအပါအဝင် အခြား ဘာသာစကား ၂၀မျိုးအထိ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ၎င်းတွင် လူမေးများသော မေးခွန်းများနှင့် ကူးစက်ရောဂါ၏ နောက်ဆုံးရသတင်းများအား တင်ဆက်ပေးသွားမည် ဖြစ်သည်။

“နောက်ဆုံးရ သတင်း” ကဏ္ဍတွင် WHO ၏ Website မှ အချိန်နှင့် တပြေးညီထုတ်ပြန်သော သတင်းများအား သင့်လက်ထဲသို့ အရောက်ပို့ပေးနိုင်မည် ဖြစ်သည်။ အခြား ပါဝင်သော အဓိက ကဏ္ဍများမှာ “မိမိကိုယ်ကို ကာကွယ်ခြင်း”၊ “Mask အသုံးပြုခြင်း”၊ “ခရီးသွားခြင်းဆိုင်ရာ အကြံပေးချက်များ” နှင့် ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ဗဟုသုတများ သိရှိထားမှုအား စမ်းသပ်ဖြေကြားနိုင်မည့် “ဒဏ္ဍာရီ” ဆိုင်ရာ အမေးအဖြေ ကဏ္ဍတို့ ပါဝင်သည်။ “Donate Now” ခလုပ်အားနှိပ်ခြင်းဖြင့် အသုံးပြုသူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကို အထောက်အပံ့ပေးကာ ကူးစက်ရောဂါ Covid-19 တိုက်ဖျက်ရေး ရန်ပုံငွေအတွင်းသို့ အလှူငွေ ထည့်ဝင်နိုင်မည်ဖြစ်သည်။

“WHO အနေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကနေတစ်ဆင့် ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို လူတွေဆီ များနိုင်သလောက် များများ ရောက်ဖို့အတွက် ရည်ရွယ်ပြီး ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီကူးစက်ရောဂါဖြစ်ပွားချိန်အတွင်းမှာ သတင်းအချက်အလက်ဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ စွမ်းအားတစ်ခုဖြစ်ပါတယ်။” ဟု WHO ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Dr. Tedros Adhanom Ghebreyesus မှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အစိုးရတွေနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အေဂျင်စီတွေအတွက် အရေးကြီးတဲ့ နောက်ဆုံးရသတင်းတွေ ပေးအပ်ရင်း သတင်းအမှားတွေကို တိုက်ဖျက်ဖို့အတွက် လုပ်ဆောင်နေရင်း လူတွေအချင်းချင်း အမြဲတမ်း ဆက်သွယ်နိုင်ဖို့အတွက် ကူညီပေးနေပါတယ်။ အခုလို ခက်ခဲတဲ့ကာလမှာ လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေစီ နောက်ဆုံးရသတင်းတွေကို ပေးအပ်နေပြီး ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့အတွက် Rakuten Viber နဲ့ WHO အနေနဲ့ အတူပူးပေါင်း လုပ်ဆောင်နေပါတယ်။ မိမိကိုယ်တိုင် Chatbot ကို အသုံးပြုပြီး ကိုယ့်ရဲ့ဆွေမျိုးတွေကိုလည်း ပြန်လည်မျှဝေပေးရင်း သူတို့ကို ကာကွယ်လိုက်ပါ။ ဒီ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းက သင့်ကို လုံခြုံမှုပေးနိုင်ပါတယ်။ ” ဟု Rakuten Viber ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Djamel Agaoua မှ ပြောကြားသွားသည်။

အဆိုပါ chatbot အား ကမ္ဘာတစ်ဝှမ်းရှိ Viber အသုံးပြုသူများအားလုံးမှ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ Viber မှ အထူးပြုလုပ်ထားသော စတစ်ကာများသည် ဗိုင်းရပ်စ် အား ရှေ့တန်းမှ ရင်ဆိုင်နေရသော ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုအားပေးရန်နှင့် lockdown ဖြစ်နေစဥ်အတွင်း စိတ်ဓာတ်ခွန်အားများနှင့် အပြုသ‌ဘောဆောင်သော အတွေးအမြင်များကို ကမ္ဘာအနှံ့အပြားသို့ ဖြန့်ကျက်နိုင်စေရန် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Viber sticker market မှ စတစ်ကာ ဒေါင်းလုပ်ရယူသည့် မည်သူမဆို chatbot သို့ အဆင်ပြေချောမွေ့စွာဖြင့် ချက်ချင်းဝင်ရောက်နိုင်မည် ဖြစ်သည်။ ၄င်း chatbot အား အောက်ပါ Link မှ တစ်ဆင့်လည်း ရယူနိုင်ပါသည်။ https://vb.me/c6e9fa

WHO အကြောင်း

WHO သည် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးအဆင့် မြှင့်တင်ရန်၊ ကမ္ဘာကြီးအား ဘေးကင်းလုံခြုံစေရန်နှင့် လူသားများအား ကူညီပေးရန် အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ တစ်ဘီလီယံကျော်ရှိသော လူသားများ အား အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ တစ်ဘီလီယံကျော်ရှိသော လူသားများအား အရေးပေါ် ကျန်းမာရေး အခြေအနေများမှ ကာကွယ်ပေးနိုင်ရန်နှင့် နောက်ထပ် တစ်ဘီလီယံကျော်သော လူသားများအား ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့် သုခချမ်းသာများအား ခံစားစေနိုင်ရန် တို့ ဖြစ်သည်။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များ ဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက် ပြောဆိုခြင်း (one-on-one chats) ၊ ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။

Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက် ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်း ဖြစ်သည်။

ယနေ့ပင် Viber အား အသုံးပြုပြီး ကမ္ဘာ့အကောင်းဆုံး ဆက်သွယ်ရေးအတွေ့အကြုံများကို ခံစားရယူနိုင်ပြီ ဖြစ်သည်။