● Signal မှပြုလုပ်ခဲ့သော ကလေးငယ်များနှင့်မိဘပေါင်း ၅,၀၀၀ ကျော်အား သွားနှင့်ခံတွင်းဆိုင်ရာ လေ့လာဆန်းစစ်ချက်အရ ဆရာဝန်များ အကြံပြုနေပါသော်လည်း ကလေးငယ် ၄ ဦးတွင် ၁ ဦးမှာ ညစဉ်ညတိုင်း သွားတိုက်လေ့မရှိကြောင်း တွေ့ရှိရ

● ညအိပ်ရာဝင်ချိန် သွားတိုက်လေ့မရှိသော ကလေးငယ်များသည် ခံတွင်းနာကျင်မှုများ ခံစားရခြင်း၊ ထိုကဲ့သို့ နာကျင်မှုများကြောင့် ကျောင်းတက်ရက် ပျက်ကွက်ရခြင်း နှင့် သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အဆင်မပြေမှုများ ကြုံတွေ့ခံစားနေကြရ

● Signal မှ ၂၀၂၀ ခုနှစ် ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့တွင် ပြုလုပ်ခဲ့သည့် အမူအကျင့်ဆိုင်ရာ သိပ္ပံပညာလေ့လာချက် အရ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်အသစ်သည် ကလေးသူငယ်များအတွက် ညအိပ်ရာဝင်ချိန်သွားတိုက်သည့် အလေ့အကျင့် ကို သူတို့၏ နေ့စဉ်ပြုလုပ်လေ့ရှိသော အလေ့အထ ဖြစ်လာစေရန် ရည်ရွယ်

ရန်ကုန်၊ မြန်မာ ၊ မတ်လ (၂၀)ရက်၊ ၂၀၂၀ ခုနှစ် ။ ။ Signal ၏ ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့သည့် လေ့လာချက်အသစ်အရ တစ်ကမ္ဘာလုံးရှိ ကလေးငယ်များ၏ သုံးပုံပုံ တစ်ပုံသည် တစ်နေ့လျှင် ၂ ကြိမ် သွားတိုက်ခြင်းမရှိကြောင်း သိရသည်။ ညအိပ်ရာဝင်ချိန်သွားမတိုက်ခြင်းသည် ကလေးငယ်များအတွက် ကျန်းမာရေး နှင့် လူမှုရေးပြဿနာများကို ကာလတိုတွင်သာမက ကာလရှည်ကြာစွာ ခံစားရနိုင်ကြောင်းကို အဆိုပါလေ့လာချက်တွင် ဂရုပြုရမည့်အချက်အဖြစ် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၈ နိုင်ငံမှ မိဘများ နှင့် ကလေးငယ်ပေါင်း ၅,၀၀၀ ကျော် ကို စစ်တမ်းကောက်ယူခဲ့ရာ ၃၀ ရာခိုင်နှုန်းသော ကလေးငယ်များသည် တစ်နေ့လျှင် ၂ ကြိမ် သွားတိုက်ခြင်းမရှိကြောင်း နှင့် လေးပုံ တစ်ပုံသော ကလေးငယ်များသည် ညအိပ်ရာဝင်ချိန်တွင် သူတို့၏ သွားများကို မတိုက်ကြကြောင်း လေ့လာတွေရှိခဲ့ပါသည်။ ထိုကဲ့သို့ ညအိပ်ရာဝင်ချိန်သွားတိုက်လေ့မရှိသော ကလေးငယ်များသည် ညအိပ်ရာဝင်ချိန် ပုံမှန်သွားတိုက်သော ကလေးငယ်များထက် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ ကို ၂ ဆပို၍ ခံစားရတတ်သည်။ အဆိုပါကလေးငယ်များအနေဖြင့် ပုံမှန်ထက် မကြာခဏခံတွင်းနာကျင်ခြင်းဝေဒနာ ခံစားရနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများပြီး ထိုဝေဒနာများကြောင့် ၎င်းတို့၏ ကျောင်းတက်ရက် ပျက်ကွက်ခြင်းကိုလည်း ၂ ဆ ပိုမြင့်စေလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းတွင်လည်း ခံတွင်းနာကျင်ခြင်းကြောင့် စာသင်နှစ်တစ်နှစ်အတွင်း ကျောင်းပျက်ရက်ပေါင်း ၂၉၃.၅ သန်းခန့် ရှိပါသည်။

မိဘအများစုအနေဖြင့် ၎င်းတို့၏ ကလေးငယ်များသည် တစ်နေ့ ၂ ကြိမ် သွားတိုက်သည်ဟု ပြောသော်လည်း သွားတိုက်လေ့ရှိ/မရှိ မေးကြည့်သောအခါတွင် ၃၀ ရာခိုင်နှုန်းသော မိဘများသည် ၎င်းတို့၏ ကလေးများကို သွားမတိုက်ပဲ အိပ်ရာဝင်ခွင့်ပြုလေ့ရှိကြောင်း ဖြေကြားခဲ့ကြသည်။ ငါးပုံ တစ်ပုံသော မိဘများသည် တစ်ခါတစ်ရံတွင် သူတို့ ကလေးငယ်များကို ဆုချီးမြင့်သည့်အနေဖြင့် သွားမတိုက်ပဲ နေခွင့်ပြုကြောင်း ဝန်ခံခဲ့ကြသည်။ မိဘများအနေဖြင့်လည်း ၎င်းတို့သားသမီးများကို နောင်အနာဂတ်တွင် အပြုံးလှလှ ပန်ဆင်နိုင်စေရန်အတွက် သွားနှင့်ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို ချမှတ်ပေးရန်အရေးကြီးပြီး မိဘများကိုယ်တိုင်ကလည်း စံပြအနေဖြင့် တစ်နေ့ လျှင် ၂ ကြိမ် ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးကို သုံးကာ သွားတိုက်ရန် နှင့် သူတို့၏ သွားများကို ဂရုစိုက်ထိန်းသိမ်းရန် သေချာစွာ အလေးထားသင့်သည်။

ညအိပ်ရာဝင်ချိန်တိုင်း သွားတိုက်ခြင်းသည် သွားနှင့်ခံတွင်းသန့်ရှင်းစေရေးအတွက် အဓိကကျသော အလေ့အထတစ်ခုဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း၏ ဥက္ကဌဖြစ်သူ ဒေါက်တာမြင့်ထိန်မှ “ကလေးများအတွက် နေ့ရောညပါ သွားပုံမှန်တိုက်ခြင်းဟာ တစ်နေ့တစ်ကြိမ် သွားတိုက်ခြင်းထက် သွားယိုယွင်းခြင်းကို ၅၀% အထိလျော့ကျစေပါတယ်။ ကလေးတွေက အိပ်တဲ့အချိန်မှာ လူကြီးတွေထက် သွားရည်ထွက်နှုန်း နည်းပါးပြီး ပိုးမွှားများနှင့် ဘက်တီးရီးယားများကြီးထွားဖို့ရန် ပိုပြီးအထောက်အကူဖြစ်စေတဲ့အတွက်ကြောင့် ညအိပ်ရာဝင်ခါနီး သွားတိုက်ခြင်းဟာ တကယ်ကို အရေးကြီးပါတယ်။”

“သွားတိုက်ပြီးပြီးခြင်း ရေနဲ့ ပလုတ်ကျင်းထုတ်ခြင်းမှ ရှောင်ကျဉ်ပြီး သွားတိုက်ဆေးတွေကို ထွေးထုတ်တာက သဘာဝကျပါတယ်။ ပလုတ်ကျင်းထုတ်လိုက်လျှင် သွားတိုက်ဆေးမှာပါတဲ့ သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဖလိုရိုက်ဆေးတွေကို ဆေးထုတ်လိုက်သလိုဖြစ်သွားပြီး သွားပိုးစားခြင်းမှ ကာကွယ်နိုင်မှုအင်အားလျော့ပါးသွားမှာ ဖြစ်ပါတယ်။ ဖလိုရိုက်ဆေးများ သွားပေါ်မှာ ကြာကြာရှိနေစေဖို့အတွက် ချက်ချင်းရေနဲ့ မကျင်းထုတ်သင့်ပါဘူး” ဟု ရှင်းပြထားသည်။

ညအိပ်ခါနီး သွားမတိုက်ခြင်းသည် သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ကလေးများ၏ ယုံကြည်မှုရှိခြင်းအပေါ်လဲ ထိခိုက်စေနိုင်သည်။ ညအိပ်ရာဝင်ချိန်တိုင်း သွားမတိုက်ဖြစ်သော ကလေးငယ်များအနက်မှ ငါးဦးတွင် တစ်ဦးမှာ သွားနှင့်ပတ်သက်၍ လှောင်ပြောင်ခြင်းခံနေရပြီး သုံးဦးတွင် တစ်ဦးမှာ မိတ်ဆွေသူငယ်ချင်းများရရှိရန်နှင့် အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိနေကြောင်း တွေ့ရှိရသည်။

၂၀၀၅ ခုနှစ်မှစ၍ Signal သည် သွားနှင့်ခံတွင်း ဆရာဝန် ၁ သန်းကျော်အား ကိုယ်စားပြုသည့် FDI ကမ္ဘာ့သွားနှင့်ခံတွင်းအဖွဲ့ချုပ် နှင့် လက်တွဲခဲ့ပြီး ကျွန်ုပ်တို့၏ “နေ့ရော ညပါသွားတိုက်ကြစို့” ( Brush Day and Night ) အစီအစဉ်နှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့များတွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးရေးကို အတူလက်တွဲလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါပူးပေါင်းလုပ်ဆောင်ချက်တွင်ပါဝင်သော ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Signal သည် အလေ့အကျင့်များပြောင်းလဲစေရန် အလို့ငှာ Brush Story Sleep အစီအစဉ်အား သွားဘက်ဆိုင်ရာပညာရှင်များနှင့် စတင်ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ဤအစီအစဉ်သည် ကမ္ဘာ့အကြီးဆုံး သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဉ်ဖြစ်ပြီး ၎င်းကို ကမ္ဘာ့သွားနှင့် ခံတွင်းဆိုင်ရာကျန်းမာရေးနေ့ဖြစ်သော မတ်လ ၂၀ ရက်နေ့ သောကြာနေ့တွင် စတင်လှုပ်ရှားသွားမည်ဖြစ်သည်။

အမူအကျင့်ဆိုင်ရာ သိပ္ပံပညာလေ့လာချက်အရ ကလေးငယ်များညအချိန်သွားမတိုက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ၎င်းတို့၏ နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုမဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Brush၊ Story၊ Sleep လုပ်ဆောင်မှုသည် ကလေးငယ်များအတွက် ညအခါသူတို့၏ အနှစ်သက်ဆုံးအိပ်ရာဝင်ပုံပြင်များကို နားထောင်သကဲ့သို့ သွားတိုက်ခြင်းကိုလည်း အတူတွဲ၍ လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် နေ့စဉ်အလေ့အထတစ်ခု ဖြစ်လာစေရန်လည်း ရည်ရွယ်ပါသည်။ Signal သည်နိုင်ငံတစ်ဝှမ်းရှိ မိဘများနှင့် ကလေးငယ်များအား #BrushStorySleep challenge ကိုအတူတကွပါဝင်ရန်ပြီး အိပ်ရာဝင်ပုံပြင်ပြောပြခြင်းနှင့် သွားတိုက်ခြင်းကိုအတူတကွ လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသောအလေ့အထတစ်ခုအား တစ်သက်တာဖန်တီးနိုင်ရန် အတူတကွစုပေါင်းအားဖြည့်စေလိုပါသည်။

Unilever မှ Global Vice President ဖြစ်သူ Mariano Sampietro မှ “ကျွန်တော်တို့အနေနဲ့ ညအိပ်ရာဝင်ခါနီးတိုင်း ကလေးငယ်တွေသွားတိုက်ဖို့ သတိရစေမယ့် စိတ်ဝင်စားစရာ အရာ‌တွေဖြစ်တဲ့ “The Adventures of Little Brush Big Brush” အိပ်ရာဝင်ပုံပြင်စာအုပ်နဲ့ Signal ရဲ့ ညအိပ်ရာဝင်ချိန်သွားတိုက်ခြင်းပြက္ခဒိန်တို့ကို အခုလိုမိတ်ဆက်ပေးနိုင်လို့ အရမ်းပဲ ဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ ကုန်အမှတ်တံဆိပ်ရဲ့ အဓိကလုပ်ဆောင်ချက်က ကာကွယ်နိုင်တဲ့ ခံတွင်းနဲ့သက်ဆိုင်တဲ့ရောဂါတွေကို ပျောက်ကင်းစေပြီး လူတိုင်းမှာ အပြုံးပန်းတွေ ဆင်နိုင်စေဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်စတင်ပြီး ၂၅ နှစ်တာကာလအတွင်း Brush Day and Night အစီအစဉ်တွေနဲ့ အခမဲ့သွားဘက်ဆိုင်ရာစစ်ဆေးမှုတွေကို ပြုလုပ်ပြီးကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော ခံတွင်းနဲ့သက်ဆိုင်တဲ့ စောင့်ရှောက်မှုအလေ့အကျင့်တွေ တိုးတက်စေရန် ကူညီပေးဖို့အတွက် ဖြစ်ပါတယ်။ ပြုမူနေထိုင်မှုကျွမ်းကျင်သူ သိပ္ပံပညာရှင်များနဲ့အတူ The Brush Story၊ Sleep campaign စတဲ့ အစီအစဉ်များကိုလည်း ဖန်တီးခဲ့ပါတယ်။ အခုလိုနည်းလမ်းသစ်တွေနဲ့ ဆောင်ရွက်ခြင်းတွေက Signal အနေနဲ့ မိသားစုတွေကို တစ်သက်တာလုံး ညအချိန်မှာသွားတိုက်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေနိုင်ပြီး ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရစေဖို့ပဲဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

King’s College London တွင် စိတ်ပညာနှင့်သွားဘက်ဆိုင်ရာသင်ကြားခဲ့သော Professor Tim Newton မှ “ကလေးငယ်တွေ ညတိုင်းသွားမတိုက်ဖြစ်တဲ့ အဓိကအကြောင်းရင်းတစ်ခုက သူတို့အနေနဲ့ပုံမှန်အိပ်ရာဝင်ခန်နီးတိုင်းလုပ်လေ့ရှိတဲ့ အခြားပျော်စရာ၊ စိတ်ဝင်စားစရာတွေလောက် သွားတိုက်တာကိုအရေးမကြီးဘူး၊ အလုပ်ရှုပ်စရာလို့မြင်လို့ ဦးစားပေးမလုပ်ကြတာပါ။ ဒါကြောင့် သွားတိုက်တာကို ပျော်ရွှင်စရာကောင်းအောင်လုပ်ပေးနိုင်ရင် ဒီလို အခက်အခဲတွေဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင်နောက်ထက် အကြောင်းအရင်းတစ်ခုက အမြဲလုပ်နေကြအရာတစ်ခု မဟုတ်လို့ ကလေးတွေကသွားတိုက်ဖို့ကို မေ့နေကြတာလည်းပါပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ကလေးတွေ လုပ်လေ့ရှိတဲ့အတိုင်း ညအိပ်ရာဝင်ခန်နီးတိုင်း အိပ်ရာဝင်ပုံပြင်ပြောပြချိန်နဲ့ အတူရောပြီးသွားတိုက်တဲ့အလေ့အကျင့်ကို ပြုလုပ်ပေးနိုင်မယ်ဆိုရင် ရေရှည်အလေ့အကျင့်တစ်ခုဖြစ်လာမှာပါ” ဟု ယခုကဲသို့ပြောကြားခဲ့ပါသည်။