Samsung Electronic ၏ Galaxy S21 Ultra 5G စမတ်ဖုန်းသည် Mobile World Congress (MWC) 2021 အခမ်းအနား၏ Global Mobile Awards (GLOMO Awards) ဆုချီးမြှင့်ပွဲတွင် “အကောင်းဆုံး စမတ်ဖုန်း” အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။ ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် သက်ဆိုင်ရာ အကဲဖြတ်လူကြီးများမှ “ပြီးပြည့်စုံတဲ့ မိုဘိုင်းဖုန်း လုပ်ဆောင်ချက်တွေ၊ ရင်သက်ရှုမောဖွယ် AMOLED မျက်နှာပြင်၊ နောက်ဆုံးပေါ် အရည်အသွေးမြင့် ကင်မရာ စွမ်းဆောင်ရည်တွေနဲ့ အတူ ဖန်တီးတည်ဆောက်ထားတဲ့ ဒီ Galaxy S21 Ultra 5G စမတ်ဖုန်းဟာ Samsung ရဲ့ အကောင်းဆုံး Android စမတ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့အပြင် ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံးနဲ့ ပြီးပြည့်စုံမှု အရှိဆုံး စမတ်ဖုန်းဆုကို ဆွတ်ခူးဖို့ အထိုက်တန်ဆုံး စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်” ဟု မှတ်ချက်ပြု ထောက်ခံပြောကြားခဲ့သည်။

samsung-galaxy-s21-ultra-5g-awarded-best-smartphone-at-the-global-mobile-awards-at-mobile-world-congress-2021

ယမန်နှစ် (၂၀၂၀ ခုနှစ်) အတွက် အကောင်းဆုံး Android စမတ်ဖုန်းဟု သတ်မှတ်ခံခဲ့ရသည့် ဤ Galaxy S21 Ultra 5G စမတ်ဖုန်းတွင် အချိန်စက္ကန့်နှင့်အမျှ အမှတ်တရပုံရိပ်များကို အမိအရ ဖမ်းယူရိုက်ကူးပေးနိုင်စွမ်း ရှိသည့် ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာဖွဲ့စည်းပုံနှင့် ပိုမိုမြင့်မားကောင်းမွန်သော ကြည့်ရှုခံစားမှု အတွေ့အကြုံများအား ယူဆောင်လာပေးမည့် ကြီးမားကျယ်ပြန့်သော နောက်ဆုံးပေါ် AMOLED display တို့အား ထည့်သွင်းတည်ဆောက် ပေးထားသည့်အပြင် ပထမဆုံး အကြိမ်အဖြစ် Samsung ၏ နာမည်ကျော် အဆင့်မြင့် S-Pen လုပ်ဆောင်ချက်များ ကိုလည်း ရယူ အသုံးပြုနိုင်စေရန် ထည့်သွင်းပေးထားသည့်အတွက် လုပ်ငန်းကိစ္စရပ်များ လုပ်ဆောင်ရာတွင် ဖြစ်စေ၊ မိမိ၏ ကိုယ်ပိုင်ဘဝတွင် အသုံးပြုသည် ဖြစ်စေ ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များကို ရရှိပိုင်ဆိုင်သွားနိုင်စေမည် ဖြစ်သည်။

“Samsung ရဲ့ မိသားစုဝင် ကုမ္ပဏီတစ်ခု အနေနဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ အခုလို ဂုဏ်သိက္ခာ ကြီးမားလှတဲ့ GLOMO ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် အရမ်းကိုပီတိဝမ်းမြောက် ဖြစ်ရပါတယ်။ ဒီဆုတံဆိပ်ဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အချိန်ကာလမှာတောင် မယိုင်လဲသွားပဲ ကျွန်တော်တို့နဲ့အတူ မားမားမတ်မတ်နဲ့ အတူတကွ လက်တွဲလုပ်ဆောင်နေကြတဲ့ ဝန်ထမ်းများအားလုံးကို ကိုယ်စားပြုနေပါတယ်။” ဟူ၍ Samsung Myanmar မှ Managing Director of Harrison Song ကပြောကြားသည်။ “ကျွန်တော်တို့ Samsung ရဲ့ အဓိက ရည်သန်ချက် တစ်ခုဖြစ်တဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပြီး လူနေထိုင်မှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်စွမ်းရှိမယ့် ကုန်ပစ္စည်းတွေကိုလည်း ဆက်လက်ပြီးတော့ တီထွင်ထုတ်လုပ် ပေးသွားဖို့ အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ် ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် သုံးစွဲသူများ၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့သည့် စွမ်းဆောင်ရည်မြင့် AI Power ကင်မရာ နှင့် လှပကျော့ရှင်းသော Infinity- O 120Hz မျက်နှာပြင်များ ပါရှိသည့် Samsung Galaxy S20 FE စမတ်ဖုန်းသည်လည်း ယခု အကောင်းဆုံး စမတ်ဖုန်းဆုအတွက် ဆန်ကာတင် စာရင်းတွင် ဖော်ပြခြင်း ခံခဲ့ရသည်။

samsung-galaxy-s21-ultra-5g-awarded-best-smartphone-at-the-global-mobile-awards-at-mobile-world-congress-2021

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

Mobile World Congress (MWC) အကြောင်း

GSMA မှ နှစ်စဉ် ဦးစီးကျင်းပသည့် Mobile World Congress အခမ်းအနားကြီးသည် အကြီးမားဆုံးသော မိုဘိုင်းနှင့် နည်းပညာ ကုန်စည် အရောင်းပြပွဲကြီး တစ်ခုဖြစ်ပြီး အဆိုပါ အခမ်းအနားအား တစ်ကမ္ဘာလုံးမှ စက်ပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ ကွန်ရက် အသုံးအဆောင်ပစ္စည်း ထောက်ပံ့ရောင်းချသူများနှင့် သတင်းမီဒီယာများ တက်ရောက်လေ့ရှိသည်။ အဆိုပါ အခမ်းအနားကြီးတွင် နှစ်တစ်နှစ်၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးသော စမတ်ဖုန်းများအပြင် တက်ဘလက်များ၊ wearables ထုတ်ကုန်များနှင့် အခြားသော နည်းပညာပိုင်းဆိုင်ရာ ထုတ်ပြန်ချက်များကိုလည်း မိတ်ဆက်ထုတ်ဖော်ပြသလေ့ရှိသည်။ ထို့အပြင် အခမ်းအနား ကာလအတွင်း ကမ္ဘာတစ်ဝန်းမှ မိုဘိုင်းနှင့်နည်းပညာကဏ္ဍတွင် လွှမ်းမိုးမှုအရှိဆုံးသောပုဂ္ဂိုလ်များနှင့် လက်ရှိဈေးကွက်တွင် ဦးဆောင်လျက်ရှိသော ထိပ်တန်း ကုမ္ပဏီပေါင်း ၂,၄၀၀ ခန့်မှ တာဝန်ရှိသူများလည်း တက်ရောက်လေ့ရှိသောကြောင့် အခွင့်အလမ်းအသစ်များ ရှာဖွေနေသူများအတွက်လည်း အသင့်တော်ဆုံးသော အခမ်းအနားတစ်ခု ဖြစ်သည်။