ရန်ကုန်၊ မြန်မာ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်။ ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် Rakuten Viber မှ ပြည်သူများ မိမိတို့ကံကြမ္မာကို ကြိုတင်ဆန်းစစ်သိရှိနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် အကျော်ကြားအထင်ရှားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်သူ ဆရာ စံ-ဇာဏီဘို၏ ခန့်မှန်းဟောကြားချက်များကို အပတ်စဥ်ကြည့်ရှုနိုင်မည့် Horoscope bot အား Viber အက်ပလီကေးရှင်းအတွင်းသို့ ထည့်သွင်းပေးလိုက်ပြီဖြစ်သည်။

အဆိုပါ Horoscope bot တွင် မိမိ၏ ဘဝ၊ အလုပ်အကိုင်၊ အချစ်ရေး၊ ကျန်းမာရေး အစရှိသည်တို့အား အစဥ်ပြောင်းလဲနေသော နက္ခတ်တာယာ တို့ပေါ်တွင် မူတည် ၍ တွက်ချက်ထားသည့် စံ-ဇာဏီဘို၏ ရှေ့ဖြစ် ခန့်မှန်းဟောကြားချက်များအား ရယူနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးပြုရ အဆင်ပြေလွယ်ကူစေရန်အတွက် ရာသီခွင် ၁၂ ခုလုံးအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထည့်သွင်းပေးထားပြီး အပတ်စဥ် ရယူကြည့်ရှုနိင်ပြီဖြစ်သည်။

“အခုလို အဖက်ဖက်က ကြိုးစားနေကြရတဲ့အချိန်မှာ လူတွေရဲ့ မျှော်လင့်ချက်တွေကပဲ သူတို့ရဲ့ အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ဖို့ ခွန်အားတစ်ခုဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ အထင်ရှား အကျော်ကြားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်သူ ဆရာ စံ-ဇာဏီဘိုနဲ့ ပူးပေါင်းပြီး အသုံးပြုသူတွေရဲ့ ရှေ့ဖြစ် ခန့်မှန်းချက်တွေကို ပြောပြပေးသွားနိုင်ဖို့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။ Chatbot ကို အသုံးပြုရလွယ်ကူအောင် တည်ဆောက်ပေးထားတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေအကျိုးရှိစွာနဲ့ အသုံးပြုနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse မှ ပြောကြားသွားခဲ့ပါသည်။

Rakuten Viber launches San Zarni Bo’s Horoscope Bot

“Rakuten Viber နဲ့ ပူးပေါင်းလိုက်ခြင်းဖြင့် နည်းပညာအကူအညီနဲ့ ပြည်သူတွေရဲ့ ရှေ့ဖြစ်ကံကြမ္မာတွေကို အချိန်မရွေးနေရာမရွေး ရယူကြည့်ရှုသွားနိုင်မှာဖြစ်ပါတယ်။ Chat bot ကို subscribe လုပ်ထားသူတွေအနေနဲ့ ခန့်မှန်းချက်တွေကို အခမဲ့ ဝန်ဆောင်မှုအနေနဲ့ ရယူသွားနိုင်မှာပါ။” ဟုလည်း စံ-ဇာဏီဘိုမှ ပြောကြားထားပါသည်။

Messaging app တွေက အလုပ်ကိစ္စဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ ဆက်သွယ်အသုံးပြုဖို့အပြင် ပညာရေး၊ ဖျော်ဖြေရေးအနေနဲ့ပါ အသုံးပြုလာကြပြပြီ။ ဒါကြောင့် အသုံးပြုသူများ၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဆန်းသစ်ထားသည့် စံ-ဇာဏီဘို၏ Horoscope bot ဝန်ဆောင်မှုများအား ထည့်သွင်းဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ Horoscope bot အား https://vb.me/horoscopebot_mm_2021 တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက်ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။