အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်ကြယ်ပွင့်တစ်ဦးဖြစ်သော တေးသံရှင် နှင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်အား Brand Ambassador အဖြစ်ခန့်အပ်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်၌ ယနေ့ကျင်းပခဲ့ပါသည်။

အဆိုပါ Brand Ambassador အဖြစ်တရားဝင်ခန့်အပ်သည့် လက်မှတ်ရေးထိုးပွဲကို အူရီဒူးမြန်မာ၏ ဝန်ထမ်းများနှင့် အတူ ကျင်းပခဲ့ကြပါသည်။

အူရီဒူးအနေဖြင့် ၎င်း၏ Brand Ambassador စိုင်းစိုင်းခမ်းလှိုင်နှင့်တူ စိတ်လှုပ်ရှားဖွယ်ရာ အစီစဉ်များစွာကို ပြည်သူများထံသို့ ယူဆောင်လာမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် အူရီဒူးကတန်ဖိုးထားလေးစားရသော သုံးစွဲသူများ အနေဖြင့် အပြာရောင် အမှတ်အသားပါသည့် အူရီဒူးမြန်မာ၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာကို စောင့်ကြည့်ကြပါရန် တိုက်တွန်းလိုက်ပါသည်။