မြန်မာနိုင်ငံ၏ ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် သုံးစွဲသူများအတွက် အားလပ်ရက်များတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် အိမ်မှာနေရင်း ဖျော်ဖြေပွဲများကို ခံစားနိုင်ကြ စေရန်အတွက် ရည်ရွယ်ကာ ဇန်နဝါရီလ ၁၃ ရက်(ကရင်နှစ်သစ်ကူးနေ့)တွင် G Fatt One Man Show အွန်လိုင်း ဖျော်ဖြေပွဲကို တင်ဆက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ G Fatt One Man Show ဖျော်ဖြေပွဲကြီးကို ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၇နာရီမှ စတင်ကာ Mytel ၏ MyID App နှင့် Mytel Myanmar Facebook Page တို့မှတစ်ဆင့် တိုက်ရိုက် LIVE ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်ပြီး MyID App မှ ကြည့်ရူမည်ဆိုပါက ဒေတာ အခမဲ့ဖြစ်ပါသည်။ G Fatt ၏ တတိယအကြိမ်မြောက် အဆိုပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲအား ‘ILLUSION PARADISE’ ဟုအမည်ပေးထားပြီး LIVE ဖျော်ဖြေမှုအစီအစဉ်တွင် သူ၏ထွက်ရှိထားပြီးသော နာမည်ကျော် တေးသီချင်းကောင်းများစွာဖြင့် ပရိတ်သတ်များကို ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။

“ယခုလာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ကျွန်တော့်ရဲ့ တတိယအကြိမ်မြောက် One Man Show ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် စီစဉ်နေတာတော့ ၄ လ ၅ လလောက် ကြာပြီခင်ဗျ။ ကျွန်တော် ဒီပွဲကို ကြိတ်ပြီး စီစဉ်ထားတော့ ရင်တွေလည်း အရမ်းခုန်နေတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်လို့ရအောင်လို့ ကျွန်တော့်ရဲ့ Facebook Page ကနေရော Mytel Myanmar Facebook Page နဲ့ MyID App တွေကနေပါ ကြည့်လို့ ရအောင် ပြုလုပ်ထားပါတယ်။ ဒီပွဲမှာ ပရိတ်သတ်တွေအတွက် သီချင်းတွေ အများကြီး ဖျော်ဖြေသွားမှာမို့လို့ ပရိတ်သတ် တွေအားလုံးကို ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်” ဟု အဆိုတော် G Fatt မှ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှား ရတဲ့ ခံစားချက်တွေကို ပြောကြားခဲ့ပါသည်။

Mytel သည် ယခုကဲ့သို့ ခက်ခဲပြီး စိတ်ပင်ပန်းဖွယ်ကောင်းသော COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းတွင် Mytel အသုံးပြုသူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သော အနုပညာရှင်များ၏ပျော်ရွင်ကြည်နူးစရာ ဂီတဖျော်ဖြေပွဲများကို ကြည့်ရှု့ခံစားနိုင်စေရန် ယခုကဲ့သို့ ဖျော်ဖြေပွဲကြီးများကို ဆက်တိုက် ကျင်းပပြု လုပ်ပေးခဲ့ပြီး Ni Ni Khin Zaw TGIF LIVE၊ Rock & ROLL LIVE၊ Snare Rap Game Show၊ Examplez 20 Years Show၊ Jet Mya Thaung One Man Show နှင့် 2021 New Year Countdown စသည်တို့ကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ပေးခဲ့ပါသည်။

ထို့အပြင် MyID သုံးစွဲသူများအနေဖြင့် G Fatt One Man Show ၏ သီချင်းတင်ဆက်မှု များကို MyID App မှတစ်ဆင့် ဒေတာ အခမဲ့ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယင်းဖျော်ဖြေပွဲကို ကြည့်ရှုရန်အတွက် MyID App ကို ဒေါင်းလုဒ် ရယူလိုပါက ပေးထားသော လင့်မှ (bit.ly/MyIDApp) (သို့) Apple App Store (သို့) Google Play Store တို့မှ တစ်ဆင့် ဒေါင်းလုဒ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်း ပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန် မာလူ မျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင် မှုများ ကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူး အာရုံ စိုက်၍ ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။

Mytel အကြောင်း

Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှု ဘဝများကို စွမ်းအားမြှင့်တင်ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် www.mytel.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။