မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် သုံးစွဲသူများအား ၎င်းတို့၏ MPU, Visa, MasterCard, JCB နှင့် UnionPay ကတ်များကို အသုံးပြု၍ ငွေဖြည့်သွင်းနိုင်စေရန် နှင့် သုံးစွဲသူများ၏ အနီးအနားရှိ NearMe ဆိုင်များတွင် လွယ်ကူလျင်မြန်သော အခမဲ့ငွေဖြည့်ဝန်ဆောင်မှု (E-money ငွေဖြည့်သွင်းမှု) ကို ထပ်မံတိုးချဲ့ မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုမိတ်ဆက်လိုက်သော ဝန်ဆောင်မှုဖြင့် MPT Money သုံးစွဲသူများသည် ၎င်းတို့၏ ငွေပေးချေကတ်များကို အသုံးပြု၍ E-Wallet အကောင့်အတွင်းသို့ ငွေသားများ ဖြည့်သွင်းနိုင်ပြီး မိမိနှင့်အနီးစပ်ဆုံးရှိ NearMe ဆိုင်များတွင်လည်း ငွေဖြည့်သွင်းနိုင်ပါသည်။

အဆိုပါဝန်ဆောင်မှုအသစ်ဖြင့် MPT Money သုံးစွဲသူများသည် MPT Money အက်ပလီကေးရှင်းကို အသုံးပြု၍ ၎င်းတို့၏ E-Wallets သို့ ငွေဖြည့်သွင်းမှုကို မြန်မာနိုင်ငံအတွင်း အသုံးပြုနေသော MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။ ငွေဖြည့်သွင်းမှုလုပ်ဆောင်နိုင်ရန်အတွက် MPT Money သုံးစွဲသူများအနေဖြင့် ဖြည့်သွင်းငွေပမာဏ အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းရမည် ဖြစ်သည်။

ထို့အပြင် MPT Money သုံးစွဲသူများသည် NearMe ဆိုင်များဖြစ်သော မြို့နယ်ရပ်ကွက်တွင်းရှိ ဆိုင်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ၌ ငွေပေးချေမှုအမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။ MPT Money သည် City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နှင့် Denko ဆီဆိုင်များ အပါအဝင် လက်ရှိတွင် ကိုယ်စားလှယ်ပေါင်း (၅၀၀)ကျော်နှင့် လက်တွဲဆောင်ရွက်လျက် ရှိပြီး အနည်းဆုံး ၁၀,၀၀၀ ကျပ် မှစ၍ မိမိတို့၏ Mobile Wallets အတွင်းသို့ လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် နီးစပ်ရာ NearMe ဆိုင်တို့တွင် ငွေဖြည့်ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

ယခုအခါ MPT Money သုံးစွဲသူများအနေဖြင့် ငွေဖြည့်သွင်း ဝန်ဆောင်မှုများကို ငွေလွှဲခပေးရန်မလိုဘဲ နီးစပ်ရာ NearMe ဆိုင်များနှင့် MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ငွေဖြည့်ဝန်ဆောင်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က “ကိုဗစ်-၁၉‌ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချမှုနဲ့ အဆင်ပြေလွယ်ကူရေးဟာ အဓိကဦးစားပေးအချက်ဖြစ်လာတာနဲ့အညီ အခုအသစ်ပေးအပ် လိုက်တဲ့ဝန်ဆောင်မှုကတစ်ဆင့် သုံးစွဲသူတွေဟာ သူတို့ရဲ့ MPT Money E-wallet အကောင့်ထဲကို MPU, Visa, MasterCard, JCB, UnionPay ကတ်တွေအသုံးပြုပြီး ငွေဖြည့်သွင်းနိုင်သလို NearMe ဆိုင်တွေအားလုံးမှာလည်း ငွေဖြည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါတယ်။ လွယ်ကူအဆင်ပြေ၊ စိတ်ချလုံခြုံမှုရှိစွာနဲ့ အကျိုးရှိတဲ့ ငွေဖြည့်သွင်းမှု နည်းလမ်းအတွက် ခိုင်မာမှုရှိတဲ့ NearMe ဆိုင်တွေနဲ့ ငွေပေးချေမှုကတ် ဝန်ဆောင်မှုတွေနဲ့ အခုလိုပူးပေါင်းခြင်းကတစ်ဆင့် ကျွန်တော်တို့ဟာမြန်မာနိုင်ငံရဲ့ရှေ့ဆောင် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ ကျွန်တော်တို့ ရဲ့အခန်းကဏ္ဍကို ပိုပြီးခိုင်မာအောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။”ဟု ရှင်းလင်းပြော ကြားခဲ့သည်။

E-commerce စနစ်ကို လျှောက်ထားအသုံးပြုလျက်ရှိသော MPUငွေပေးချေကတ်များဖြင့်သာ MPT Money အကောင့် အတွင်းသို့ ငွေဖြည့်ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်ပါသည်။ MPU ကတ်သုံးစွဲသူများအနေဖြင့် E-commerce ဝန်ဆောင်မှုကို https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check တွင် လျှောက်ထားရန် လိုအပ်ပါသည်။ ကျန်ကတ်အမျိုးအစားများအတွက် E-commerce စနစ်ကို လျှောက်ထားရန်မလိုအပ်ပါ။

MPT Money ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုခြင်း သို့မဟုတ် MPT Money ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/MPTMoneyOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT Money အကြောင်း

MPT Money သည် ဒီဂျစ်တယ် စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကာ ယုံကြည်စိတ်ချရမှု အပြည့်ရှိသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်မှုနှင့် သက်သာသော နှုန်းထားများဖြင့် ပေးအပ်ခြင်းဖြင့် ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်စေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။

သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Money ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ် စနစ်သုံး ငွေကြေးလွှဲ ပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက် တိုက်ရိုက် ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာဝန်ဆောင်မှုနှင့် ပင်စင် ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်းနှင့်ဒေတာဝယ်ခြင်း၊ ငွေတောင်းခံလွှာများ ပေးချေခြင်း၊ ဈေးဆိုင်များတွင်ငွေပေးချေခြင်း၊ CB ဘဏ် ATM တွင်ငွေထုတ်ခြင်း၊ ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်အပြင် အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို သုံးစွဲသူများနှင့် ရောင်းချသူများအကြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေပါသည်။

MPT Money သည်လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး ငွေကြေးဝန်ဆောင်မှုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၈၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့်လည်ပတ်နေပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။