မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် အာမခံ လုပ်ငန်းတွင် ဦးဆောင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီနှစ်ခုဖြစ်သည့် GGI Nippon Life နှင့် AYA SOMPO အာမခံ ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းကာ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုမိတ်ဆက်လိုက်သော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်ပြီး ကိုဗစ်-၁၉ အပါအဝင် ရောဂါဝေဒနာများ ခံစားရခြင်းနှင့် မတော်တဆမှုများကြောင့်ဖြစ်ပွားသည့် အသက်နှင့်ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုများ၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော စရိတ်လိုအပ်ချက်များကို ပံ့ပိုးပေးမည့် MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အာမခံဝန်ဆောင်မှုဖြစ်သည်။ ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်ရေးမှာ အလွန်ပင် အရေးကြီးလာပြီဖြစ်သည်။ ထိုကြောင့် MPT သည် သုံးစွဲသူများ၏ လုံခြုံမှုနှင့် စိတ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် “မြန်မာပြည်နှင့် အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း ဝန်ဆောင်မှုများကိုလည်း စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။

MPT သည် GGI Nippon Life နှင့် ပူးပေါင်း၍ “ဇီဝက” ကျန်းမာရေးအာမခံ၊ AYA SOMPO အာမခံ နှင့် ပူးပေါင်း၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ စတဲ့ အာမခံ (၂) မျိုးကို MPT ဆင်းမ်ကတ်အသုံးပြုသူများထံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ MPT ဆင်းမ်ကတ်သုံးစွဲသူများသည် မိမိကိုယ်ကိုနှင့်မိမိချစ်မြတ်နိုးရသူများအား ကာကွယ်ရန် အထက်ပါ အာမခံ ဝန်ဆောင်မှု (၂) မျိုးကို MPT4U App၊ MPT ဝက်ဘ်ဆိုက်၊ စာတိုအတွင်းရှိ Link နှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုဝက်ဘ်ဆိုက် http://bit.ly/U-life-MM မှတဆင့် မိမိတို့၏နေအိမ်မှပင် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Dr. Noboru EDAGAWA က “ကိုဗစ်-၁၉ ကပ်ရောဂါက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီး ဘဝနေထိုင်မှု ပုံစံတွေပါ ပြောင်းလဲ သွားစေပါတယ်။ အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ကာလမျိုးမှာ ကျွန်တော် တို့ရဲ့ MPT သုံးစွဲသူတွေအားလုံး ကျန်းမာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ကျွန်တော်တို့ အမှန်တကယ်လိုလားပါတယ်။ အဲဒီအချက်ကို ရှေးရှုပြီးတော့ MPT က မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဦးဆောင်နေတဲ့ GGI Nippon Life နဲ့ AYA SOMPO အာမခံ လုပ်ငန်း (၂)ခုနဲ့ ပူးပေါင်းချိတ်ဆက်ကာ အထွေအထွေကျန်းမာရေးအာမခံနဲ့ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွေ ကို MPT ကနေတဆင့် ဝယ်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်ဖြစ်တဲ့ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို အခုလို အကောင်အထည်ဖော် မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ရဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုကတစ်ဆင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေး အာမခံအကာအကွယ်ကို ယူဆောင်ပေးမှာဖြစ်တဲ့အပြင် ကပ်ရောဂါကြောင့် အိမ်မှာနေရစဉ်ကာလမှာ သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှု၊ စိတ်ချမ်းမြေ့မှုတွေကိုလည်း ရရှိခံစားနိုင်တော့မှာပါ “ ဟု ပြောကြား ခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်မှစ၍ MPT သုံးစွဲသူများသည် GGI Nippon Life ၏ “ဇီဝက” ကျန်းမာရေးအာမခံ ဝန်ဆောင်မှုကို ဝယ်ယူရရှိနိုင်ပြီး အဆိုပါဝန်ဆောင်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားရောဂါများကြောင့် သေဆုံးခြင်းများသာမက ဆေးရုံတက်ကုသမှုအတွက် စရိတ်များကိုလဲ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ဤဝန်ဆောင်မှုတွင် “ဇီဝက” ကျန်းမာရေးအာမခံကိုဝယ်ယူထားသည့်မည်သူမဆို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ဟုစစ်ဆေးတွေ့ရှိပါက အပိုထပ်ဆောင်းပေးချေမှုပမာဏ (၂)သိန်းကျပ်ကို (သက်တမ်းကာလ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ) ခံစားခွင့် ရရှိနိုင်ပါသည်။ ဇီဝကကျန်းမာရေးအာမခံကို အသက်(၆)နှစ် မှ (၇၅) နှစ် ကြား MPT ဆင်းမ်ကတ်အသုံးပြုသူတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး အသက် (၆)နှစ်မှ (၁၈)နှစ် ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၏ ထောက်ခံချက်ရရှိရန် လိုအပ်ပါသည်။

GGI Nippon Life ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Tan Yeow Hau က“ကျွန်တော်တို့ရဲ့ ဝယ်ယူအားပေးတဲ့ မိတ်ဆွေတွေကို အထူးအလေးပေးတဲ့အနေနဲ့ GGI Nippon Life ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ပထမဆုံးသော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ “MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု” ကတဆင့် ဒီဂျစ်တယ်နဲ့ မြန်မာနိုင်ငံတဝန်းလုံးရှိ MPT သုံးစွဲသူတွေ အဆင်ပြေစွာ ဝယ်ယူနိုင်ဖို့ ကျွန်တော်တို့ GGI Nippon Life က “ဇီဝက” ကျန်းမာရေးအာမခံကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ယခုလိုစိန်ခေါ်မှုမြင့်မားနေတဲ့ကာလအတွင်း GGI Nippon Life ဟာ မြန်မာပြည်သူ/ပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ဆောင်မှုအကျိုးခံစားခွင့်တွေနဲ့ စိတ်အေးချမ်းသာအောင် ကူညီပံ့ပိုး ပေးရတာကြောင့် ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့သည်။

“သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝန်ဆောင်မှုကို AYA SOMPO အာမခံနှင့် ချိတ်ဆက်ထားပြီး မတော်တဆမှုများကြောင့် သေဆုံးခြင်း၊ တစ်သက်တာကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် ဆေးရုံတက်ကုသမှုများ အတွက် စရိတ်ပံ့ပိုးပေးမည်ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် အဆိုပါ အာမခံ ဝန်ဆောင်မှုအား အောက်တိုဘာ လကုန်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ အာမခံထားရှိသူသည် ဝယ်ယူထားသောဝန်ဆောင်မှု အလိုက် ၅၀၀,၀၀၀ ကျပ်မှ စတင်ပြီး အများဆုံးကျပ် သိန်း ၁၀၀ ထိထုတ်ယူနိုင်သော ခံစားခွင့်ကိုရရှိမည်ဖြစ်သည်။ အသက်(၁၆)နှစ် မှ (၆၀)နှစ်ကြားရှိ MPT သုံးစွဲသူများအနေဖြင့် အဆိုပါ အာမခံ ခံစားခွင့်ကို ထားရှိနိုင်မည်ဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ တစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။

AYA SOMPO အာမခံ ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမျိုးမင်းသူက “AYA SOMPO အာမခံရဲ့ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းလွယ်ကူပြီး လူအများလက်လှမ်းမီနိုင်တဲ့ နည်းလမ်းတွေနဲ့ အာမခံဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Digital Platform တွေ နည်းပညာတွေက အချိန်တိုအတွင်း ပြည်သူလူထုကို အာမခံနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ အသိပညာတွေကို မျှဝေရာမှာ အရေးပါတဲ့ ဆက်သွယ်ရေး ကြားခံ တစ်ခုဖြစ်လာပါတယ်။ Digital Platforms တွေ နည်းပညာတွေက ပြည်သူတွေကြားမှာ အာမခံ ဗဟုသုတတွေ၊ အသိပညာတွေကို မျှဝေပေးဖို့သာမက မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဈေးကွက် ထိုးဖောက်နိုင်မှုကိုလည်း အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ” ဟုပြောကြားခဲ့သည်။

အာမခံဝန်ဆောင်မှုအား တစ်ကြိမ်တစ်ခါမျှ မဝယ်ယူဖူးသောသုံးစွဲသူများအတွက် ဘဝ၏စိန်ခေါ်မှုအခိုက်အတန့် များကို လွှမ်းခြုံပံ့ပိုးသွားနိုင်မည့် ကတိတစ်ခုပေးအပ်လိုက်ခြင်းဖြစ်သော “MPT U-Life ဒီဂျစ်တယ် အာမခံ ဝန်ဆောင်မှု” သည် MPT ဆင်းမ်ကတ်သုံးစွဲသူများ အာမခံဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အာမခံကြေးပေးသွင်းရာတွင် ဝယ်ယူသူ၏ မိုဘိုင်းလ်ဖုန်းရှိ ဖုန်းလက်ကျန်ငွေ (သို့မဟုတ်) MPT Money အကောင့်လက်ကျန်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ပါသည်။ ထို့အပြင် အထက်ပါအာမခံဝန်ဆောင်မှုများကို အောက်တိုဘာလ ၁၈ ရက်နှင့် နိုဝင်ဘာလ ၁၈ ရက်အကြား ဝယ်ယူပါက ထပ်ဆောင်းအကျိုးခံစားခွင့်လက်ဆောင်များ ရရှိနိုင်မည်ဖြစ်ပါသည်။

MPT သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းကို အသုံးပြု၍ မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့်အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်ခ်မှလည်း တိုက်ရိုက်ဒေါင်းလုတ်ရယူနိုင်ပါသည်။
“MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage နှင့် MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက်စာမျက်နှာ http://bit.ly/U-life-MM တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

AYA SOMPO အာမခံအကြောင်း

AYA SOMPO အာမခံသည် နိုင်ငံတကာ ကျွမ်းကျင်မှုအတွေ့အကြုံများနှင့် ပြည်တွင်းမှ လူငယ်များ၏ စွမ်းအားဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ AYA SOMPO အာမခံ၏ အကျိုးတူမိတ်ဖက်ကုမ္ပဏီဖြစ်သော SOMPO Japan Insurance Inc., သည် ကမ္ဘာ့အာမခံဈေးကွက်တွင် နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိသော နိုင်ငံတကာ အာမခံကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။

AYA SOMPO အာမခံ၏ ထူးခြားသော လုပ်ဆောင်ချက်တစ်ခုမှာ သင်နှင့် သင်ချစ်ရသောသူများအတွက် ပစ္စုပ္ပန်အတွက်သာမက အနာဂတ်အထိ စိတ်အေးချမ်းသာမှုနှင့် လုံခြုံစိတ်ချမှုများ အပြည့်အဝပေးစွမ်းနိုင်ရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ထိပ်တန်းအာမခံကုမ္ပဏီကြီးတစ်ခုအနေဖြင့် AYA SOMPO အာမခံကုမ္ပဏီသည် ဝန်ထမ်းပေါင်း ၆၀၀ ကျော်နှင့်အတူ မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၄၀ ကျော်တွင် အာမခံဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ထို့အပြင် AYA SOMPO အာမခံကုမ္ပဏီသည် AYA Financial Group အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး UN Global Compact အဖွဲ့ဝင်လည်း ဖြစ်ပါသည်။

GGI Nippon Life အကြောင်း

GGI သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဂုဏ်သိက္ခာအရှိဆုံးဆိုတဲ့ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ အာမခံကုမ္ပဏီတစ်ခုပါ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေကြေးကိစ္စရပ်တွေ အဆင်ပြေချောမွေ့နေစေဖို့အတွက် အကာအကွယ်ပေးမယ့် အာမခံလုပ်ငန်း တွေကို လိုအပ်လာတယ်လို့ GGI က ထင်မြင်သုံးသပ်မိပါတယ်။ ဒါကြောင့် GGI အနေနဲ့ လူကြီးမင်းတို့ တန်ဖိုးအထားရဆုံး အရာတွေကို အကာအကွယ်ပေးမယ့် အထူးအာမခံ ဝန်ဆောင်မှု တွေပေးစွမ်းဖို့ ကြိုးစားနေတဲ့အတွက် လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ယုံကြည်ချက်ကိုလည်းရရှိစေမှာပါ။

GGI သည် ၂၀၁၉ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ Nippon Life နဲ့ လက်တွဲလိုက်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ သူတို့ရဲ့ နိုင်ငံတကာအတွေ့အကြုံနဲ့ GGI ရဲ့ ပြည်တွင်းအတွေ့အကြုံတွေပေါင်းစပ်ပြီး အရည်အသွေးမြင့်အာမခံအမျိုးအစားသစ်တွေကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်လို့မိတ်ဆွေတို့ရဲ့ အနာဂတ်ဘဝကိုလုံခြုံ ကြွယ်ဝစေမှာအမှန်ပါ။

ကျွန်ုပ်တို့၏ ညီနောင်ကုမ္ပဏီ GGI Tokio Marine နှင့် အတူလက်တွဲပူးပေါင်းပြီးမြန်မာပြည်သူလူထုတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အသွေးမြင့် အာမခံပေါ်လစီ အမျိုးမျိုးကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်တဲ့အပေါ်ကျွန်ုပ်တို့ များစွာဂုဏ်ယူရပါသည်။ကျွန်ုပ်တို့ရဲ့ GGI Nippon Life ရုံးကမြန်မာနိုင်ငံအနှံ့မှာရှိပြီးခန့်အပ်ထား တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက သင့်ကို အကူအညီပေးဖို့အသင့်ရှိနေပါပြီ။
ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုပေးသည့်နေရာတွေကို https://www.gginipponlife.com ရဲ့ Office Location Pageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ကျွန်ုပ်တို့ရဲ့ GGI Nippon Life အာမခံဝန်ဆောင်မှုများ ကိုသာမက ကျွန်ုပ်တို့၏ ညီနောင် ကုမ္ပဏီ GGI Tokio Marine မှတစ်ဆင့်လည်းအသက်အာမခံ ဝန်ဆောင်မှုများကို ဆက်သွယ်စုံစမ်း နိုင်ပါသည်။ ကျွန်ုပ်တို့ရဲ့ အာမခံဝန်ဆောင်မှုများ နှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက https://www.gginipponlife.com (သို့) https://www.facebook.com/gginl မှာဝင်ရောက်လေ့လာနိုင်ပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှု များအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီး မားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားသော LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တခု ဖြစ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ပတ်သက်၍ MPT ၏လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။