Capital Diamond Star Group (CDSG) အဖွဲ့အစည်း၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် Capital Connect ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှု Citizens (MCB မှ ထောက်ပံ့ပေးထား) မှ မြန်မာနိုင်ငံသားများအားလုံး ပါဝင်လှူဒါန်းနိုင်သည့် “Citizens နှင့်အတူ ကာကွယ်ဆေးလှူ” လူမှုအကျိုးပြုအစီအစဥ်အား စတင်ခဲ့သည်။ အဆိုပါ လူမှုအကျိုးပြုအစီအစဥ်သည် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး အမြန်ဆုံးဝယ်ယူရရှိနိုင်ပြီး ပျော်ရွှင်မှုများနှင့်ပြည့်နေသော လူနေမှုဘဝကို ပြန်လည်ရရှိရန်ဖြစ်သည်။

Citizens အေးဂျင့်များထံတွင် တစ်ကြိမ်ကို အနည်းဆုံးငွေကျပ် (၅,၀၀၀) ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ဆောင်ရွက်တိုင်း COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီသို့ ငွေကျပ် (၁၀၀) စီ လှူဒါန်းပေးသွားမည်ဖြစ်သည်။ Citizens Mobile Wallet သုံးပြီး အနည်းဆုံးငွေ (၅,၀၀၀) ကျပ်ဖိုးနဲ့အထက် ငွေပေးချေတိုင်းမှာလည်း COVID-19 ကာကွယ်ဆေးရန်ပုံငွေအတွက် အထက်ပါအတိုင်း တစ်ကြိမ်လျှင် (၁၀၀) ကျပ် လှူဒါန်းပေးသွားမည်ဖြစ်သည်။ ဤအစီအစဥ်ကို ဇန်နဝါရီလ (၁၅) ရက်နေ့ ၂၀၂၁ တွင်စတင်ကြေညာခဲ့ပြီး အစီအစဥ်ပြီးဆုံးကြောင်း ကြေညာသည်အထိ Citizens မှ ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းပေးသွားမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိစေသော လှူဒါန်းငွေစာရင်းများ စစ်ဆေးထုတ်ပြန်နိုင်ရန်အတွက် အစိုးရအသိအမှတ်ပြု စာရင်းစစ်အဖွဲ့ကို ခန့်အပ်သွားမည်ဖြစ်သည်။

“COVID-19 ကပ်ရောဂါကြီးက ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေအတွက် အလွန်ပဲအန္တရာယ်များစေပြီးတော့ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ဒီရောဂါကြီးကို အမြန်ဆုံးနဲ့အတတ်နိုင်ဆုံး တိုက်ထုတ်နိုင်ဖို့အတွက် ဒီလူမှုအကျိုးပြုအစီအစဥ်ကို ဆောင်ရွက်ခဲ့ရတာပါ။ မြန်မာနိုင်ငံသားတွေအတွက် အခက်အခဲတွေအများကြီးနဲ့ ကြုံတွေ့နေရတဲ့ COVID ကာလကြီးမှာ ကျွန်တော်တို့က တက်နိုင်သလောက်ကူညီသွားပေးပြီးတော့ နောင်လည်း လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ကူညီပံ့ပိုးပေးသွားမှာပါ။ Citizens ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာပြည်သားတွေကို အကန့်အသတ်မရှိတဲ့လူနေမှုဘဝတစ်ခုအဖြစ် ဝန်ဆောင်မှုပေးဖို့အတွက်ဖြစ်ပြီးတော့ ဒီလူမှုအကျိုးပြုအစီအစဥ်က ကျွန်တော်တို့ရဲ့ Brand Values တွေနဲ့ ကိုက်ညီတဲ့အတွက်လည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။” ဟု Citizens ၏ ပဲ့ကိုင်သူ၊ Capital Diamond Star Group ၏ Group MD ဖြစ်သူ ဦးကိုကိုကြီးမှ ပြောကြားသွားခဲ့ပါသည်။

Citizens သည် (၁၈,၀၀၀) ကျော်ရှိသော ငွေကြေးဝန်ဆောင်မှုပေးမည့်အေးဂျင့်များနှင့် ငွေပေးချေမှုလုပ်ဖော်ကိုင်ဖက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်လွှမ်းခြုံမှု ကျယ်ကျယ်ပြန့်ပြန့် ပိုင်ဆိုင်ထားသည်။ Citizens မှာ အသုံးပြုသူများအတွက် စျေးကွက်အတွင်းရှိ‌ အခြားသော ငွေကြေးဝန်ဆောင်မှုများနှင့်ယှဥ်လျှင် အလွန်မှ သင့်တင့်သော ငွေလွှဲနှုန်းထားများအား ချမှတ်ထားပြီး ရွေးချယ်စရာများ ပိုမိုပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ Citizens သည် ငွေသွင်းငွေထုတ်လုပ်ရန် ဘဏ်ကိုမသွားနိုင်သူများအား ငွေလွှဲခနှုန်းထား သက်သက်သာသာဖြင့် ကူညီဆောင်ရွက်ပေးထားပြီး အချိန်မရွေး နေရာမရွေး ငွေကြေးကိစ္စများအား ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အလုပ်များသည့်သူများအတွက်လည်း အချိန်ကုန်သက်သာစေသည်။

တစ်ကမ္ဘာလုံးတွင်ကျရောက်နေသော ကပ်ရောဂါကြီးမှ အမြန်ဆုံးလွတ်မြောက်စေဖို့ မြန်မာနိုင်ငံသားများအားလုံး ဤအစီအစဥ်တွင်ပါဝင်ကာ Citizens နှင့်အတူ COVID-19 ကာကွယ်ဆေးလှူဒါန်းနိုင်ကြပါရန် ဖိတ်ခေါ်တိုက်တွန်းလိုက်ပါသည်။ မြန်မာနိုင်ငံသားများအတွက် Citizens မှ အမြဲအတူရှိနေပြီး ကြုံတွေ့နေသည့် ငွေကြေးဝန်ဆောင်မှုအခက်အခဲသာမက မြန်မာနိုင်ငံသားများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းမည့် လူမှုပံ့ပိုးမှုများလည်း တတ်အားသရွေ့ ပံ့ပိုးနိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။

Citizens အပလီကေးရှင်း ရယူရန်

Citizens မိုဘိုင်းလ်ပိုက်ဆံအိတ် အပလီကေးရှင်းကို Google Play Store ၊ Apple App Store နှင့် Huawei AppGallery တို့တွင် Citizens Mobile Wallet Application ကိုဒေါင်းလုပ်ဆွဲပြီး သင်၏ မိုဘိုင်းဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်နိုင်သည်။

Google Play Store (Android): http://bit.ly/3nzDk8G

Huawei AppGallery: https://bit.ly/2N6UxKd

Apple App Store (iOS): https://apple.co/2LcwDwf