လွန်ခဲ့သော လေးလအတွင်း မြန်မာနိုင်ငံအနေနဲ့ အခက်အခဲပြဿနာမျိုးစုံကို ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီအခက်အခဲ ပြဿနာတွေကြားမှာပဲ မိမိတို့အုပ်စုအသိုင်းအဝိုင်းတွေနဲ့ အဆက်အသွယ်မပြတ်စေဖို့အတွက်လည်း နည်းပညာအကူအညီတွေနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဥပမာအနေနဲ့ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးအော်ပရေတာ၊ ရှော့ပင်းမောလ်၊ အွန်လိုင်းစီးပွားရေးလုပ်ငန်း၊ မိုဘိုင်းလ်ဖုန်းလုပ်ငန်း၊ လက်လီအရောင်းဆိုင်တွေနဲ့ အခြားသော အသေးစားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အသုံးပြုသူ customer တွေကို ဆက်သွယ် အကြောင်းကြားဖို့အတွက် Viber community ကနေတစ်ဆင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ထို့အပြင် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေအတွက် ဆေးဘက်ဆိုင်ရာ အကူအညီ၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အကူအညီတွေ လိုအပ်နေသူတွေထံ ပိုမိုအဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ဖို့အတွက်လည်း Community တွေဖွဲ့စည်း လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။
Leading from the front, Rakuten Viber’s community feature helping Myanmar users & businesses stay connected

Viber community က ဘာကြောင့် မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာတာလဲ?

Viber community ရဲ့ အဓိက လူအများကြိုက်နှစ်သက်တဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Community အတွင်းရှိ ပြောဆိုရေးသားချက်များသည် အထူးလုံခြုံမှုရှိခြင်း

၂။ Community အတွင်း၌ အဖွဲ့ဝင်အရေအတွက် သတ်မှတ်ချက်ဟူ၍မရှိဘဲ ကြိုက်နှစ်သက်သလို ချဲ့ထွင်နိုင်ခြင်း

၃။ Admin မှ အဖွဲ့ဝင်များအား အဆင့်မြှင့်တင်ခြင်း၊ မက်ဆေ့ချ်များအား pin လုပ်ခြင်း၊ အဖွဲ့ဝင်များ၏ ရေးသားနိုင်ခွင့်ကို လိုသလို ထိန်းချုပ်နိုင်ခြင်း

၄။ GIF များ၊ စတေကာများ၊ ဗွီဒီယိုမက်ဆ့ချ်များ စသည့် လုပ်ဆောင်ချက်အသစ်များ ပါဝင်ခြင်း

၅။ Viber မှ အသုံးပြုသူများ၏ လုံခြုံရေးကို အာမခံချက်ပေးသွားမည်ဟူသည့် ကတိကဝတ်အတိုင်း အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်အား လျှို့ဝှက်ပေးထားခြင်း

၆။ မိမိ၏ community အား link မှတစ်ဆင့် အလွယ်တကူ ဖိတ်ခေါ်နိုင်ခြင်း

၇။ Community insight သို့ဝင်ရောက်ခြင်းဖြင့် community နှင့် အဖွဲ့ဝင်များ၏ သဘောသဘာဝကို ပိုမိုနားလည် သိရှိနိုင်ခြင်း စတာတွေကြောင့် ပိုမိုအသုံးပြုလာကြတာ ဖြစ်ပါတယ်။

Leading from the front, Rakuten Viber’s community feature helping Myanmar users & businesses stay connected

ကိုယ်ပိုင် Community တည်ဆောက်ပုံ အဆင့် (၃) ဆင့်

Viber Community မှ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ၄င်းတို့ရဲ့ အသုံးပြုသူ customer တွေနဲ့ အဆက်အသွယ်မပြတ် ရှိစေနိုင်ဖို့အတွက် ကိုယ်ပိုင် community ကို အဆင့် (၃) ဆင့်တည်းဖြင့် လွယ်ကူစွာ ဖန်တီးနိုင်ခွင့် ပြုပေးထားပါတယ်။

၁။ Viber သို့ဝင်ရောက်ပြီးလျှင် Add New ခလုတ်အား နှိပ်၍ New Community ကို ရွေးချယ်လိုက်ပါ။

၂။ Community နာမည်အား ထည့်သွင်း၍ admin အဖြစ်ထားလိုသူများအား ရွေးချယ်ပါ။

၃။ မိမိ၏ community နှင့် ပတ်သက်၍ အဖွဲ့ဝင်များအား ပြောကြားလိုသော အကြောင်းအရာရှိပါက About တွင် ထည့်သွင်း၍ ပြည့်စုံလုံလောက်ပြီဟု ယူဆပါက Done ကို နှိပ်ပါ။

Viber Community တွင် Super Admin၊ Admin နှင့် အဖွဲ့ဝင်များသည် မိမိတို့၏ ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အဆင့်လိုက် ဆွေးနွေးပြောဆိုလုပ်ဆောင်ခွင့်ရှိသည်။

၁။ Super Admin များအနေဖြင့် မက်ဆေ့ချ်များအား စီမံခြင်း၊ အဖွဲ့ဝင်နှင့် admin အသစ်များ ထည့်သွင်းခြင်း၊ အရေးကြီးသော မက်ဆေ့ချ်များအား မြင်သာစေရန် pin ပြုလုပ်ခြင်း၊ channel အား promote လုပ်ခြင်း စသည်ဖြင့် အလုံးစုံကို ထိန်းချုပ်ခွင့်ရှိသည်။

၂။ Admin များသည် အဖွဲ့ဝင်အသစ်များ ထည့်သွင်းခြင်း၊ community အတွင်း ပြောဆိုသည့် မက်ဆေ့ချ်များအား pin နှင့် moderate ပြုလုပ်ခြင်း တို့ကို စီမံနိုင်သည်။

၃။ Community ၏ အဖွဲ့ဝင်များသည် Emoji မျာ၊ စတေကာများ၊ GIFs များအသုံးပြု၍ အခြားသောအဖွဲ့ဝင်များဖြင့် ဆက်သွယ်ပြောဆိုနိုင်သည်။ ၄င်းတို့သည် community အတွင်း စကားအသွားအလာများ ဖန်တီးဆောင်ရွက်ပေးနေသူများဖြစ်ပြီး ၄င်းတို့၏ အတွေးအမြင်များကိုလည်း community အတွင်း၌ ရည်ညွှန်းပြောဆိုလိုသူများအား @ သင်္ကေတဖြင့် ခေါ်ဆိုကာပြောဆိုနိုင်ကြသည်။

မြန်မာနိုင်ငံတွင် ၄င်းတို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းဖွင့်လှစ်ချိန်များနှင့်အထူးအစီအစဥ်များ စသည့်တို့ကို အသုံးပြုသူများထံ Viber community မှတစ်ဆင့် ဖော်ပြပေးလျက်ရှိသော စီးပွားရေးလုပ်ငန်းအများအပြားရှိသည်။ ဥပမာအားဖြင့် rgo47 Remax, CMHL, Myanmar Plaza, AGD Bank, AYA Bank, Samsung, Ooredoo, MPT, Telenor, MyJobs, Myanmar Red Cross, Unilink Myanmar စသည့်လုပ်ငန်းများတွင် Viber community ကို သုံးစွဲလျက်ရှိကြသည်။

Leading from the front, Rakuten Viber’s community feature helping Myanmar users & businesses stay connected

Community များအား ရှာဖွေခြင်းနှင့် ဝင်ရောက်ခြင်း

၁။ Viber community များအား အများပြည်သူ မည်သူမဆို ဝင်‌ရောက်နိုင်ရန် public သို့ ဖွင့်လှစ်ပေးထားနိုင်သလို မိမိအသိအကျွမ်းများသာ ရှာဖွေဝင်ရောက်နိုင်စေရန်အတွက်လည်း လိုသလို ထိန်းချုပ်ခွင့်ရှိသည်။

၂။ မိမိ ကိုယ်‌ရေးအချက်အလက်ဖြစ်သည့် ဖုန်းနံပါတ်အားလည်း community တွင် လျှို့ဝှက်ထားနိုင်ပြီး အမည်နှင့် မက်ဆေ့ချ်ကိုသာ အများမြင်စေရန် ပြသပေးသွားမည်ဖြစ်သည်။

ထို့အပြင် Viber community များသည် လူမှုအကျိုးပြုလုပ်ငန်းများအတွက်လည်း လွန်စွာအသုံးဝင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

Viber သည် မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသော ဒေသများရှိ ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် Myanmar Red Cross community အားလည်း ထည့်သွင်းခဲ့သည်။ လူမှုလုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးရန် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါ community များတွင် သတင်းအချက်အလက်များ ရယူနိုင်သည်။ အလားတူပင် Viber ရှိ WHO, COVID 19, News, Currency Exchange စသည့် community များ၌လည်း တိကျမှန်ကန်သော ပြည်သူအကျိုးပြုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သည်။

Viber community နှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များ ရှိပါကလည်း [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။