မြန်မာနိုင်ငံတွင် ရေပန်းစားလူကြိုက်များသော အင်တာနက်မှ သီချင်း နားထောင်နိုင်သည့် JOOX အက်ပလီကေးရှင်းသည် နှစ်စဉ်ကျင်းပလျက်ရှိသော JOOX World Music Day 2020 ဂီတပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကာ COVID-19 ရန်ပုံံငွေပွဲအဖြစ် အွန်လိုင်းမှ တစ်ဆင့် ကျင်းပမည်ဖြစ်ပါတယ်။ “The Sound of Happiness” ဟု အမည်ပေးထားသည့် အဆိုပါဂီတပွဲတော်ကို ဇွန်လ ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ်တစ်နာရီမှ စတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမည်ဖြစ်ပါတယ်။

ပရိသတ်များမှ မိမိသဘောကျနှစ်သက်သည့် အနုပညာရှင်များကို JOOX အက်ပလီကေးရှင်းရှိ Coin များကို လက်ဆောင်အနေဖြင့် ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မည်ဖြစ်ပါတယ်။ Coin လက်ဆောင်တစ်ခုလျှင် မြန်မာကျပ်ငွေ ၂၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ဤကမ်ပိန်းမှ ရရှိသည့် Coin စုစုပေါင်းလက်ဆောင်များ၏ ငွေကြေးများ အားလုံးကို UNICEF သို့ လှူဒါန်းသွားမည်ဖြစ်ပါတယ်။

JOOX က လက်ဆောင်အနေဖြင့် ရရှိသည့် စုစုပေါင်းငွေပမာဏကို UNICEF မှ အပြည်ပြည်ဆိုင်ရာ COVID-19 လုပ်ငန်းဆောင်ရွက်ချက်တွေအတွက် အသုံးပြုသွားမည်ဖြစ်ပါတယ်။

“JOOX အနေနဲ့ သီချင်းချစ်သူတွေအတွက် သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို စိတ်ကြိုက်ခံစားနိုင်မယ့် နည်းလမ်းသစ်တွေ ပေးနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ JOOX World Music Day 2019 ဂီတပွဲတော်ကလည်း အထူးအောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာ စိတ်မကောင်းဖွယ် အခြေအနေတွေ ရှိပေမယ့် ဒုတိယမြောက်ပွဲကို တစ်မူထူးခြားတဲ့ နည်းလမ်းတွေနဲ့ ပရိသတ်ကြီးဆီကို သယ်ဆောင်လာပြီဆိုတဲ့ အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ LIVE လွှင့်နေချိန်အတွင်းမှာ Surprise ဖြစ်စေမယ့် အစီအစဉ်လေးတွေလည်း ထည့်ပေးထားပြီး ကိုယ်ကိုတိုင် ဘေးကင်းတဲ့ အကွာအဝေးကနေ သီချင်းတွေရဲ့ အင်အားနဲ့ ဆက်သွယ်နိုင်အောင် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ကြည့်ရှုသူတွေကိုလည်း ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် စီစဉ်ထားတဲ့ Coin လက်ဆောင်တွေ ပေးပို့ရင်း ထောက်ပံ့လှူဒါန်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု JOOX Myanmar ၏ Country Manager ဖြစ်သူ Mr. John Zhang က ပြောကြားခဲ့ပါတယ်။

“The Sound of Happiness” ဂီတပွဲတော်တွင် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့က ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတကာမှ အဆိုတော်များဖြစ်သည့် Ruel၊ Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart နှင့် Maximillian တို့လည်း ပါဝင်မည် ဖြစ်ပါတယ်။ Pop၊ R&B၊ Hip Hop နှင့် Rock စသည့် ခေတ်ပေါ်တေးဂီတ အမျိုးအစားများစွာနှင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သော realme မှလည်း ဤ ရန်ပုံငွေပွဲတော်အတွက် ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်ပါတယ်။ အထက်တွင် ဖော်ပြထားသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အနုပညာရှင်များအပြင် ကြည့်ရှုသူများအတွက် ကမ္ဘာ့ DJ အဆင့် (၁၄) ရှိ နာမည်ကျော် DJ R3hab ကလည်း အထူးအစီအစဉ်အနေတစ်ခုအနေဖြင့် ဖျော်ဖြေသွားမည် ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာ တေးဂီတပွဲတော်နေ့ကို ပြင်သစ်နိုင်ငံ၌ စတင်ပြုလုပ်ကျင်းပခဲ့ပြီး နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့သောနှစ်များတွင် ကမ္ဘာတစ်ဝန်း မြို့ပေါင်း တစ်ထောင်ကျော်ရှိ အများ ပြည်သူကြည့်ရှုနိုင်သည့် နေရာများတွင် အခမဲ့ တေးဂီတပွဲ‌တော်ကြီးများကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်ပါတယ်။ JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံမှာ လက်ရှိအသုံးပြုလျက်ရှိပါတယ်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများရှိစေရန် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိပါတယ်။ JOOX တွင် မြန်မာသီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်ပါတယ်။

JOOX အနေဖြင့် “Stay At Home” ကာလအတွင်းမှာ မြန်မာဂီတပရိသတ်များကို စိတ်ခံစားချက်များ ပေါ့ပါးလာ စေရန်၊ အိမ်မှာနေစဉ် စိတ်ပျော်ရွင်မှုရှိနေစေဖို့ ကူညီပေးရန်၊COVID-19 နဲ့ပတ်သက်ပြီး အသိပညာဖြန့်ဖြူး ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပြီး စိတ်ဓာတ်ခွန်အားလှုံ့ဆော် ပေးနိုင်သော Playlist ကို ဒီဇိုင်းဆွဲဖန်တီးထားခြင်းဖြစ်ပါတယ်။

“တစ်ကမ္ဘာလုံးမှာ COVID-19 ရဲ့ အကျိုးသက်ရောက်မှုဟာ တော်တော်လေးကြီးမားပြီး အကူအညီ လိုအပ်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ JOOX အနေနဲ့ မြန်မာဂီတပရိသတ်တွေအတွက် သူတို့လိုအပ်နေတဲ့ တိုက်ရိုက်ဖျော်ဖြေမှုဆီက စိတ်လှုပ်ရှားတက်ကြွမှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု Mr. Zhang က ထပ်မံ ပြောကြားခဲ့ပါတယ်။

Apple App Store နှင့် Google Play Store တို့တွင် JOOX mobile သို့မဟုတ် Desktop app ကို ‌ဒေါင်းလုပ်ဆွဲခြင်း၊ JOOX ဝက်ဘ်ဆိုက်ကို ဝင်ရောက်ခြင်းဖြင့် မိမိနှစ်သက်သော အနုပညာရှင်နှင့် ၎င်းတို့၏ ဂီတကို အချိန်မရွေး၊ မည်သည့်နေရာမတွင်မဆို ခံစားနားဆင်လိုက်နိုင်ရန် ယခုပင် ဒေါင်းလုပ် ရယူနိုင်ပါပြီ။

JOOX အကြောင်း

JOOX သည် သီချင်းချစ်သူများအတွက် ဖန်တီးပြုလုပ်ထားသော ဂီတ အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ JOOX သည် ကမ္ဘာတဝန်းလုံးရှိ သီချင်းပေါင်း သန်း ၃၀ ကျော် ထည့်သွင်းထားပြီး မိမိ အကြိုက်ဆုံး အနုပညာရှင်များ၊ သီချင်းများ၊ အယ်လ်ဘမ်များနှင့် စိတ်ကြိုက် ရွေးချယ်ထားသော Playlist များနှင့် ဆက်သွယ်ပေးမည် ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏ အကြိုက်၊ စိတ်ခံစားမှုတို့နှင့် ကိုက်ညီအောင် အကြံပြုပေးသော သီချင်းများနှင့် ရေဒီယိုလိုင်းများမှ တစ်ဆင့် ကောင်းမွန်သော သီချင်းသစ်များကို ရှာဖွေတွေ့ရှိနိုင်သည်။ JOOX ကို iOS, Android နှင့် Desktop (Windows / Mac) တို့တွင် ရရှိနိုင်ပြီ ဖြစ်သောကြောင့် အသုံးပြုသူများသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အရည်အသွေးမြင့် ဂီတအတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။