လက်တလော ကြိုတင်ကာကွယ်မှုများအရှိန်အဟုန်မြင့်ဆောင်ရွက်နေသည့်ကာလအတွင်း foodpanda မှ လုပ်ငန်းခွင်တွင်း Covid 19 ကာကွယ်ရေးကော်မတီတစ်ခုကို စတင်ခဲ့ပါသည်။ အဆိုပါအဖွဲ့အား foodpanda ၏ Regional Chief Executive Officer ဖြစ်သူ Jakob Angele မှ ကိုယ်တိုင် ဦးဆောင်၍ နိုင်ငံအသီးသီးမှ foodpanda ၏အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားပြီး အောက်ပါ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ပံ့ပိုးလုပ်ဆောင် ပေးလျက်ရှိပါသည်။

စားသုံးသူများအတွက်

တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိသော ပို့ဆောင်မှု – စားသုံးသူများနှင့် ပို့ဆောင်ပေးသူများပါ အဆင်ပြေစေရန် ထိတွေ့မှုအနည်းဆုံးဖြစ်အောင် စီစဥ်ထားသော ပို့ဆောင်မှုကို မိတ်ဆက်ထားပါသည်။ အော်ဒါလုပ်ပြီးသည်နှင့် စားသုံးသူမှ ထိတွေ့မှုမရှိသော ပို့ဆောင်မှုကို လိုချင်ကြောင်း ရွေးချယ်နိုင်ပါသည်။

အွန်လိုင်းမှ ငွေပေးချေမှု – စားသုံးသူများ၏ ကျန်းမာရေးနှင့်အကျိုးကို ရှေးရှု၍ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် အွန်လိုင်းမှ ငွေပေးချေကြပါရန် တိုက်တွန်းအားပေးပါသည်။

အခမဲ့ပို့ဆောင်မှု – foodpanda မှ အစားအသောက်များကို အခမဲ့ပို့ဆောင်ပေးလျက်ရှိသည့်အတွက် စားသုံးသူများအနေနှင့် ပြင်ပသို့သွားလာရန်မလိုပဲ အဆင်ပြေသက်သာစွာ မှာယူသုံးဆောင်နိုင်မည် ဖြစ်သည်။

ပို့ဆောင်သူများအတွက်

တစ်ကိုယ်ရည်ကျန်းမာရေး အထောက်အပံ့များ – ကျွန်တော်တို့၏ ပို့ဆောင်ရေးဝန်ထမ်းများ လုံခြုံစွာပို့ဆောင်နိုင်ရန် ကျန်းမာရေးကျွမ်းကျင်သူများမှ ညွန်ကြားထားသော လုပ်ထုံးများ၊ ကျန်းမာရေး အလေ့အကျင့်များကို သိရှိစေရန် လုပ်ဆောင်ထားပါသည်။ ပို့ဆောင်သူများအားလုံးကို လက်ဆေးရည် အမြဲသုံးရန်၊ mask ဝတ်ရန် နှင့် အခွင့်သာတိုင်း လက်ဆေးရန် သင်ကြားထားပေးပြီးဖြစ်ပါသည်။ လက်ဆေးရည်နှင့် mask များကိုလည်း လိုအပ်သလောက် ထောက်ပံ့ပေးလျက်ရှိပါသည်။

ကျန်းမာရေးအသိပညာပေးခြင်းနှင့် လုပ်ထုံးများ – ပို့ဆောင်သူတစ်ဦးဦး နာမကျန်းဖြစ်ပါက ကျန်းမာသည်အထိ အိမ်တွင်နေရန်နှင့် လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှုရယူရန် ညွန်ကြားထားပါသည်။

လွယ်ကူအဆင်ပြေသော အခွင့်အရေးများ – ယခုအခြေအနေများအရ ယာယီအလုပ်လိုအပ်သူများသည် ပို့ဆောင်သူများအဖြစ် လုပ်ကိုင်လိုပါက ကျွန်တော်တို့ ၀န်ထမ်းခန့်အပ်‌ရေးမှကြိုဆိုနေပါသည်။

မိတ်ဖက်စားသောက်ဆိုင်များအတွက်

ကျန်းမာရေးအသိပညာပေးခြင်းနှင့် လုပ်ထုံးများ – ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်လျက်ရှိနေသော မိတ်ဖက်စားသောက်ဆိုင်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် အကျိုးကိုလည်း တန်းတူရှေ့တန်းတင်လျက် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူမှုပတ်ဝန်းကျင်အတွက်

အခြေအနေ ပြောင်းလဲလာသည်နှင့်အညီ လူမှုပတ်ဝန်းကျင်နှင့် ကျန်းမာရေး၀န်ထမ်းများအား ကူညီခြင်းကို foodpanda ၏ ပင်မဦးတည်ချက်အဖြစ် သတ်မှတ်ထားပါသည်။

foodpanda သည် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံကူးစက်မှုကို တားဆီးရန်နှင့် ကျွန်တော်တို့၏ဝန်ထမ်းများ၊ ပို့ဆောင်သူများ၊ မိတ်ဆက်စားသောက်ဆိုင်များကို ထောက်ပံ့ပေးရန် အစွမ်းကုန် ကြိုးစားသွားပါမည်။ ပြောင်းလဲနေသော အခြေအနေအရ အကြံပြုချက်များနှင့် လမ်းညွန်ချက်များကို ထပ်မံ အသိပေး ကြေညာသွားပါမည်။