ဂျပန်နိုင်ငံ၏ ထိပ်တန်း အသက်အာမခံလုပ်ငန်း Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲ Dai-ichi Life Insurance Myanmar Ltd. (“Dai-ichi Life Insurance Myanmar”) သည် စီးပွားရေးလုပ်ငန်း အသိပညာများကို လေ့လာနိုင်သည့် 語る(KATARU) အမည်ရ ဒစ်ဂျစ်တယ် ပလက်ဖောင်း မိုက်ခရိုဆိုဒ် (Digital Platform Microsite) တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ မိုက်ခရိုဆိုဒ် (Microsite) သည် ပြည်တွင်းရှိ လူ့အဖွဲ့အစည်း၊ လုပ်ငန်းရှင်ဖြစ်လိုသူများ၊ အာမခံကုမ္ပဏီ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် မန်နေဂျာများအတွက် စီးပွားရေးနှင့် အာမခံလုပ်ငန်းကဏ္ဍဆိုင်ရာ အတွက် အကျိုးရှိစေမည့် ထင်မြင်သုံးသပ်ချက်များကို အဓိကဖော်ပြပေးထားသည့် နေရာ တစ်ခုဖြစ်ပြီး ထိုကဲ့သို့သော ဒစ်ဂျစ်တယ် ပလက်ဖောင်း မိုက်ခရိုဆိုဒ် (Digital Platform Microsite) သည် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍအတွက် ပထမဆုံးဖြစ်ပါသည်။

Kataru (語る) သည် စီးပွားရေးလုပ်ဆောင်ချက်များတွင် အသုံးပြုသည့် ဝေါဟာရတစ်ခုဖြစ်ကာ လေးနက်ပြီး မိမိယုံကြည်သော အချက်ကို သေချာနက်ရှိုင်းစွာ ဆွေးနွေးပြောဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထိုဝေါဟာရသည် အာမခံလုပ်ငန်းကဏ္ဍအတွက် ကောင်းမွန်သော ထင်မြင်ယူဆချက်များ ရှိလာစေလိုသည့် ကုမ္ပဏီ၏ စိတ်အားထက်သန်မှုကို ထင်ဟပ်စေကာ ဖတ်ရှုသူများအနေဖြင့်လည်း မိမိထင်မြင်ယူဆချက်များအပေါ် ပြန်လည်သုံးသပ်စေပြီး အတွေးအမြင်အသစ်များကိုလည်း ရရှိနိုင်စေမှာဖြစ်ပါသည်။

“ကျွန်မတို့နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းကဏ္ဍအနေနဲ့ ထွန်းသစ်စဖြစ်နေသေးတာကြောင့် အနာဂတ်မှာရှိလာမယ့် အခွင့်အရေး၊ အလားအလာကောင်းတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေပါတယ်” ဟု Dai-ichi Life Insurance Myanmar ၏ CEO ဖြစ်သူ ဒေါ်ဇာခြည်တင်မှ ပြောကြားပါသည်။ မြန်မာနိုင်ငံနှင့် ပြည်သူများ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘဏ္ဍာရေး စီမံ စောင့်ရှောက်မှုတွေ ရရှိဖို့အတွက် ကျွန်မတို့လုပ်ဆောင်ရင်း အကြီးတန်း စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့်အတူ ကျွန်မအနေနှင့် မိမိတို့ရဲ့ ထင်မြင်သုံးသပ်ချက်များကို မျှဝေသွားမှာဖြစ်ပါတယ်။ ဒါမှလည်း ကျွန်မတို့ရဲ့ အတွေ့အကြုံများ အကြံပေးချက်များ ကိုကြည့်ပြီး အခြားသူများ သင်ခန်းစာယူနိုင်၍ အကျိုးရှိစေမှာဖြစ်ပါတယ်။” ဟု ဖြည့်စွက်ပြောကြားပါသည်။

Dai-ichi Life Insurance Myanmar ၏ ခံယူချက်ဖြစ်သည့် ‘People First’ နှင့်အညီ ထို မိုက်ခရိုဆိုဒ် (Microsite) ကို လူတိုင်းဖတ်ရှုရ အဆင်ပြေစေရန် အင်္ဂလိပ်၊ မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ရေးသားဖော်ပြထားပါသည်။ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ အရောင်းနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့ကို ဒေသတစ်ဝန်းတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော ဝါရင့်အတွေ့အကြုံများရှိသူ Dai-ichi Life Insurance Myanmar ၏ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ ရေးသားထားသည့် ဆောင်းပါးများကိုလည်း အဆိုပါ မိုက်ခရိုဆိုဒ် (Microsite)တွင် ဖတ်ရှုနိုင်မှာဖြစ်ပါသည်။

စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းဆိုင်ရာအတွေ့အကြုံများစွာကို ရေးသားဖော်ပြထားမှာဖြစ်သည့်အတွက် ခံယူချက် တွေးခေါ်မှုများ၊ အကြံဉာဏ်ကောင်းများ နှင့် အနာဂတ်မျှော်မှန်းချက်များ အကြောင်းအရာများကို ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ COVID-19 နှင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍကို အခြေအနေ၊ လူတိုင်းပါဝင်လုပ်ဆောင်နိုင်သည့် လုပ်ငန်းခွင်၏ အရေးပါပုံ၊ ဂျပန်လူမျိုးများ၏ ခံယူချက်တန်ဖိုးများကို မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်တွင် ကျင့်သုံးနေပုံနှင့် အခြားအကြောင်းအရာများကို ဖတ်ရှုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါသည်။

Kataru (語る) မိုက်ခရိုဆိုဒ် (Microsite) ကို ဖော်ပြပါ လင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://kataru.dai-ichi-life.com.mm/

Dai-ichi Life Insurance Myanmar Ltd. အကြောင်း

Dai-ichi Life Insurance Myanmar Ltd. သည် ဂျပန်နိုင်ငံမှ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲ ဖြစ်ပါသည်။ Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း လုပ်ဆောင်ခွင့်ရရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ပိုင်ဆိုင်သောကနဦး ကုမ္ပဏီများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အသက်အာမခံလုပ်ငန်း လိုင်စင် ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် လုပ်ငန်းစတင်လည်ပတ်နိုင်ခဲ့ပါသည်။ Dai-ichi Life Group သည် အသက်အာမခံလုပ်ငန်း၌ နှစ်‌ပေါင်း (၁၁၈) နှစ် အတွေ့အကြုံရှိသော ကုမ္ပဏီတစ်ခု လည်း ဖြစ်ပါသည်။