AYA ဘဏ် ၊ AYA SOMPO အာမခံ နှင့် AIA Myanmar တို့ ပူးပေါင်း၍ မြန်မာပြည်သူလူထုကို များစွာ အကျိုးရှိစေမည့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ အာမခံ ပေါ်လစီများကို ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်အတွက် Bancassurance မဟာဗျူဟာ ပူးပေါင်းမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။ နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီတစ်ခုနှင့် မြန်မာ့ဦးဆောင် ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကွန်ရက်တို့၏ မြန်မာ့ပထမဆုံး နှစ်ရှည် Bancassurance ပူးပေါင်းမှုသည် နိုင်ငံအတွင်း အာမခံ အကာအကွယ်များ ပိုမို ရရှိနိုင်စေရန် ရည်ရွယ်သည်။

အဆိုပါ ပူးပေါင်းမှုသည် AYA SOMPO နှင့် AIA Myanmar တို့၏ အသက်၊ ကျန်းမာရေး နှင့် အထွေထွေအာမခံ ပေါ်လစီများကို AYA ဘဏ်ခွဲများတွင် ရရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုပူးပေါင်း ဆောင်ရွက်မှုက AYA SOMPO နှင့် AIA Myanmar တို့၏ အကောင်းဆုံးသော ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းတွင် ပိုမိုလွယ်ကူစွာ ရရှိနိုင်စေတော့မည် ဖြစ်သည်။ အဆိုပါ ဘဏ်ခွဲများရှိ ကိုယ်စားလှယ်များက customer များနှင့် ၎င်းတို့မိသားစုဝင်များ၏ တစ်ဦးချင်းလိုအပ်ချက်များနှင့် ကိုက်ညီမည်ဖြစ်သော အာမခံ ကာကွယ်မှု ရွေးချယ်စရာများကို ဆွေးနွေးညွှန်ပြသွားနိုင်တော့မည် ဖြစ်သည်။

AYA ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးမြင့်ဇော်က “ဒီ ပူးပေါင်းမှုဟာ အကောင်းဆုံးသော အထွေထွေ နဲ့ အသက်အာမခံ တွေကို ကျွန်တော်တို့ customers တွေအတွက် AYA ဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ဘဏ်ခွဲ ကွန်ရက်တွေနဲ့ ဒီဂျစ်တယ် နည်းလမ်းတွေက တစ်ဆင့် ပေးအပ်နိုင်တော့မယ့် အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်သူလူထုကို ဘဏ္ဍာရေးရာ ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့ customers တွေဟာ ခုဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေးရာ လိုအပ်ချက်တွေ၊ အာမခံ အကာအကွယ်တွေကို တစ်နေရာတည်းမှာ သက်သောင့်သက်သာနဲ့ပဲ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုပေါင်းအင်အားတွေ အပြည့် ပါဝင်တဲ့ ဒီပူးပေါင်းမှုဟာ အရင်တုန်းကနဲ့ လုံးဝမတူတဲ့ အကောင်းဆုံးသော အာမခံအကာအကွယ်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တော့မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ပိုပြီးတော့ ကာကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

AYA SOMPO Insurance ၏ CEO ဖြစ်သူ ဦးမျိုးမင်းသူက “AYA SOMPO ဟာ ၂၀၁၈ ခုနှစ်မှာ AYA ဘဏ်နဲ့ ပူးပေါင်းပြီး Bancassurance ဝန်ဆောင်မှုတွေကို ပေးအပ်နေတဲ့ ပထမဆုံး အာမခံ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သုံးပွင့်ဆိုင် Bancassurance ပူးပေါင်းမှု အဖြစ် AIA Myanmar ကပါ ကျွန်တော်တို့ ပူးပေါင်းမှုထဲ ဝင်ရောက်လာတာ ဝမ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်။ ဒီဆန်းသစ်တဲ့ ပူးပေါင်းမှုဟာ မြန်မာတစ်နိုင်ငံလုံးအတွက် အာမခံ အကြောင်း ပိုမိုသိရှိစေဖို့၊ အကာအကွယ်တွေ ပိုပြီး အလွယ်တကူ ရရှိနိုင်ဖို့အတွက် အဓိကကျပြီး ထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းဗဟုသုတတွေ၊ ကွန်ရက်တွေနဲ့ ကမ္ဘာ့ကျွမ်းကျင်သူတွေက ပြည်သူတွေအတွက် အကောင်းဆုံးသော ဘဏ္ဍာရေးရာ ကမ်းလှမ်းမှုတွေကို ပေးစွမ်းနိုင်ဖို့ အဓိက သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။ အတူတကွ ပူးပေါင်းလိုက်ခြင်းက ပိုကောင်းမွန်၊ ပိုသန်မာလာစေမှာ ကျိန်းသေပါပဲ။” ဟု ဆိုသည်။

AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc) Ly က “AYA ဘဏ်၊ AYA SOMPO တို့နဲ့ ပူးပေါင်းပြီး ပြည်သူအများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိနိုင်ဖို့ ကူညီပေးနိုင်ခဲ့တာ အလွန် ဝမ်းသာမိပါတယ်။” ဟုဆိုသည်။ “AIA ရဲ့ ကမ္ဘာ့အာမခံကျွမ်းကျင်သူတွေနဲ့ AYA ဘဏ်၊ AYA SOMPO တို့ရဲ့ ဒေသတွင်း ကွန်ရက် ကျယ်ပြန့်မှုတွေ ပေါင်းစည်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေး တိုးတက်မှုတွေနဲ့အတူ ပြည်သူတွေကို အမှန်တကယ် အကျိုးရှိစေမယ့် ဆန်းသစ်တီထွင်မှုတွေ အစပျိုးဖို့ အဓိက အားအင်ကြီးတစ်ရပ် ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါက တကယ်ကို နိဒါန်းပဲ ရှိပါသေးတယ်။ ဒီနောက်မှာဆိုရင် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေနဲ့ အာမခံ ဝန်ဆောင်မှုတွေကို ပိုကျယ်ပြန့်တဲ့ ပလက်ဖောင်း အသီးသီးကနေ ပေးအပ်သွားနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ပွင့်လာတော့မှာပါ။” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် AYA ဘဏ်၊ AYA SOMPO Insurance နှင့် AIA Myanmar တို့ ပူးပေါင်း၍ Bancassurance ဝန်ဆောင်မှု လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုချက် ပေးအပ်ပြီးပြီးချင်းတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Bancassurance ပေါ်လစီအသစ်အပါအဝင် AYA SOMPO Insurance နှင့် AIA Myanmar တို့၏ ဝန်ဆောင်မှု အသစ်များကို ပိုမိုသိရှိလိုပါက https://inthistogether.website/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

AYA Bank အကြောင်း

AYA Financial Group (AFG) သည် အကြီးမားဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှု ဆိုင်ရာ အဖွဲ့အစည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး AYA Bank, AYA SOMPO Insurance နှင့် AYA Trust တို့ ပါဝင်သည်။ AYA Bank သည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီးချိန်မှစ၍ ၁၀ နှစ်အတွင်း ဖွံ့ဖြိုးမှု အမြန်ဆုံး၊ ဝန်ဆောင်မှု အပြည့်အဝပေးစွမ်းနိုင်သည့် ဘဏ်တစ်ခုလည်း ဖြစ်သည်။ AYA ဘဏ်သည် AFG ၏ အကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလျံ ပိုင်ဆိုင်ထားပြီး customers ၃ သန်းခန့်ရှိကာ ဘဏ်ခွဲပေါင်း ၂၆၅ ခုနှင့် နိုင်ငံတစ်ဝန်းတွင် ဝန်ထမ်းအင်အားပေါင်း ၉,၀၀၀ ရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်အတွင်း AYA ဘဏ်၏ချေးငွေနှင့်အပ်ငွေသည် CAGR ၂၅ မှ ၃၀ % အထိ တိုးတက်ခဲ့ပြီး AYA ဘဏ်သည် ၂၀၁၄-၁၅ ခုနှစ်အတွင်း FRS စနစ်ကိုလိုက်နာ၍ အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများကို ကျင့်သုံးခဲ့သည်။

AYA SOMPO Insurance အကြောင်း

AYA SOMPO Insurance ကုမ္ပဏီ လီမိတက်သည် AYA Myanmar General Insurance Co., Ltd. (AMGI) နှင့် SOMPO Japan Nipponkoa Insurance Inc. တို့၏ ပူးပေါင်းကုမ္ပဏီတစ်ခုဖြစ်သည်။ မိတ်ဖက်ပူးပေါင်းခြင်းကာလ (၂) နှစ်ပြည့်မြောက်ပြီးနောက်တွင် အာမခံထားခြင်း၏အလွန် ပြည်သူအများ စိတ်ချလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ဘဏ္ဍာရေးရာ ပြဿနာများ၏ အဖြေကို ပေးအပ်နေသည့်အပြင် AYA SOMPO ၏ AMI အဖြစ် စတင်ခဲ့သည့် ဆယ်စုနှစ်ဝက်ရှိ ပြည်တွင်းအတွေ့အကြုံ၊ SOMPO Insurance ၏ နှစ်ပေါင်း ၁၅၀ နီးပါးရှိ အာမခံနယ်ပယ်တွင်း အတွေ့အကြုံနှင့် ဗဟုသုတတို့သည် AYA SOMPO ၏ အခြေခိုင်သော အုတ်မြစ်ပင်ဖြစ်သည်။ အထွေထွေ အာမခံဝန်ဆောင်မှု ပေးအပ်သူအနေဖြင့် AYA SOMPO Insurance သည် ရန်ကုန်မြို့လယ်တွင် အခြေစိုက်သော ရုံးချုပ်မှတစ်ဆင့် Client Service Kiosks ပေါင်း ၅၀၊ ရုံးခွဲ ၁၀ ခု၊ ဒေသဆိုင်ရာ ရုံး (၂) ခု စသည်တို့ ပါဝင်သော ကွန်ရက်ဖြင့် နိုင်ငံတစ်ဝန်းမှ ဧည့်သည် ထောင်ပေါင်းများစွာကို ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။ AYA SOMPO Insurance သည် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးပေါင်း ၄၀ ကျော်တွင် ဝန်ဆောင်မှုပေးနေပြီး ဝန်ထမ်းပေါင်း ၆၀၀ ကျော် ရှိသည်။ နိုင်ငံတွင်း အကြီးမားဆုံး ဘဏ္ဍာရေးရာ အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော AYA SOMPO Insurance သည် နိုင်ငံတကာ ကျွမ်းကျင်သူများ၊ ပြည်တွင်းဗဟုသုတများနှင့် ချိတ်ဆက်ပြီး ခိုင်မာသော ကွန်ရက်တစ်ခုကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်။ AYA SOMPO Insurance သည် UN Global Compact ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

AIA Group အကြောင်း

AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင် SAR၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို SAR၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၉% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၉၁ ဘီလျံ ရှိသည်။ AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင် ပြည်သူ တစ်ဦးချင်းစီ အတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ Group သည် ကော်ပိုရိတ် ဖောက်သည်များရှိ ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊ ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှု များကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝန်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအတွက် အာမခံ ပေါ်လစီပေါင်း ၃၆ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။ AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။